“တရုတ်နိုင်ငံရေကာတာကြောင့် အရှေ့တောင်အာရှတွင် ရေရှားပါးမှုဖြစ်စေ”သည်ဟု ကြိမ်ဖန်များစွာ နာမည်ဖျက်ခဲ့သည့် အမေရိကန်နိုင်ငံစီမံကိန်းက ၎င်းတို့၏အမှားများကို ဝန်ခံ

2022-03-08 19:15:26 |သတင်းအရင်းအမြစ် 环球网

အမေရိကန်နိုင်ငံမှ ပံ့ပိုးကူညီထားသော “မဲခေါင်မြစ်ရေကာတာ ကြီးကြပ်စစ်ဆေးရေး” စီမံကိန်း၏ အချက်အလက်များသည် ဆိုးရွားစွာ မှားယွင်းမှုရှိ‌နေသည်ကို တွေ့ရှိကြောင်း မတ်လ(၂)ရက်နေ့ထုတ်《Global Times》တွင် တရုတ်နိုင်ငံသိပ္ပံနည်းပညာ၏ အသေးစိတ်စီရင်ခံစာအား ကိုးကားဖော်ပြထားသည်။ မတ်(၃)ရက်နေ့တွင် အဆိုပါစီမံကိန်း၏ “facebook” အကောင့်တွင် အချက်အလက်များ အမှန်တကယ် မှားယွင်းမှုရှိနေပြီး အချက်အလက်တစ်ချို့ကို ပြင်ဆင်လိုက်သည်ကို ဝန်ခံခဲ့ပါသည်။ သို့သော် အဆိုပါစီမံကိန်းမှ ပြင်ဆင်လိုက်သောအချက်အလက်များတွင်လည်း ကွာဟမှုရှိနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံ ဇလဗေဒ ပညာရှင်များမှ ဖော်ထုတ် ထောက်ပြခဲ့ပါသည်။
မတ်လ(၂)ရက်နေ့ထုတ်《Global Times》တွင် သုတေသနအဖွဲ့တစ်ဖွဲ့၏ နောက်ဆုံးရအချက်အလက်များကို ကိုးကားပြီး သီးသန့်သတင်းတစ်ပုဒ် ထုတ်ပြန်ခဲ့သည်။ “မဲခေါင်မြစ်ရေကာတာ ကြီးကြပ်စစ်ဆေးရေး”စီမံကိန်းမှ ထုတ်ပြန်သည့် အချက်အလက်သည် စစ်မှန်သော ပကတိအခြေအနေနှင့် များစွာကွာဟနေပြီး ဒေသရေအရင်းအမြစ်ရရှိနိုင်မှု အထွေထွေအလားအလာကို စစ်မှန်စွာ ထင်ဟပ်ဖော်ပြနိုင်ခြင်း မရှိသည်ကို ထောက်ပြခဲ့သည်။ ပြီးခဲ့သည့်ကာလများက “မဲခေါင်မြစ်ရေကာတာ ကြီးကြပ်စစ်ဆေးရေး”စီမံကိန်းသည် “အချက်အလက်”ကို မကြာခဏထုတ်ပြန်လေ့ရှိပြီး တရုတ်နိုင်ငံ၏ လန်ချန်းမြစ်-မဲခေါင်မြစ်တလျှောက်တွင်တည်ဆောက်သည့် ရေကာတာသည် မြစ်အောက်ပိုင်းဒေသများအပေါ် “အပျက်သဘောဆောင်သော ဇလဗေဒ အကျိုးသက်ရောက်မှု”ရှိကြောင်း နာမည်ဖျက်သတင်းများ ထုတ်လွင့်လေ့ရှိသည်။


(၂၀၂၀)ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံသည် မဲခေါင်မြစ်ဝှမ်းတစ်လျှောက်နိုင်ငံများအပေါ် လန်ချန်းမြစ်၏ တစ်နှစ်စာ ဇလဗေဒဆိုင်ရာသတင်းအချက်အလက်များကို ထောက်ပံ့ပေးလျက်ရှိကြောင်း《Global Times》မှ သတင်းထုတ်ပြန်ခဲ့သည်။ လန်ချန်း-မဲခေါင်ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ မျှ‌ဝေရေးပလက်ဖောင်းကိုလည်း စတင်လည်ပတ်လုပ်ဆောင်နေပြီ ဖြစ်ပါသည်။ လန်ချန်း-မဲခေါင်(၆)နိုင်ငံသည် ရေအရင်းအမြစ်ပူးပေါင်းဆောင်ရွက်မှု ပူးတွဲလုပ်ငန်းအဖွဲ့စနစ်ဖြင့် ရေအားလျှပ်စစ် စခန်းများ၏ အရေးပါအစီအစဉ်အခြေအနေကို အချိန်နှင့်တပြေးညီ သတင်းပေးပို့နေပြီး သက်ဆိုင်ရာ အချက်အလက်များကို မျှဝေနေပြီဖြစ်သည်။


အရင်းအမြစ်။ ။ Global ကွန်ရက်