ယူနန်မှ ချိုင်းထောက်ပေါ်က မိန်းကလေး ။ ။ အင်တာနက်တိုက်ရိုက်ထုတ်လွှင့်မှုမှာ စိတ်၏ ချိုင်းထောက်ဖြစ်လာ

2022-04-02 16:45:26 |သတင်းအရင်းအမြစ် 云南日报

ဖဝမ်လျန်သည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ ဖုန်ဖိန့်မြို့နယ် ဖိုင်ဖောကျေးရွာမှ သာမန်လယ်သမားအိမ်ထောင်စုတွင် ၁၉၈၀ ပြည့်လွန်နှစ်၌ မွေးဖွားခဲ့ပါ သည်။ သူမသည် ယခင်တုန်းက အဆိုအက ကြိုက်နှစ်သက်သော တိုင်တိုင်းရင်းသားမိန်းကလေးတစ်ဦး ဖြစ်ပါသည်။ သူမ အသက် ၁၅ နှစ်အရွယ်တွင် ရောဂါကြောင့် ကံမကောင်းစွာဖြင့် ခြေလက်အောက်ပိုင်း သွက်ချာပါဒ ခံစားခဲ့ရပါသည်။ ထိုအချိန်မှစ၍ ချိုင်းထောက်ဖြင့်သာ လမ်းလျှောက်ခဲ့ရသည်။ သို့သော်လည်း သူမသည် မခံချင်စိတ်နှင့် ကံကြမ္မာကို ရုန်းကန်ရင်း စတိုးဆိုင် ဖွင့်လှစ်ကာ ကိုယ်ပိုင်လုပ်ငန်းကို ဖန်းတီးလိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ပါသည်။

လက်ရှိတွင် ဖဝမ်လျန်သည် Tik Tok တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦး ဖြစ်လာပါသည်။“၂၀၂၀ ပြည့်နှစ်က ကျွန်မ ရွှေလီမြို့မှာ အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်သူနဲ့ ပထမဆုံးအကြိမ် ထိတွေ့ခဲ့ပါတယ်။ အဲဒီတိုက်ရိုက်ထုတ်လွှင့်သူတွေဟာ လက်ကိုင်ဖုန်းနဲ့ တရုတ်နိုင်ငံတစ်ဝှမ်းလုံးက လူတွေနဲ့ စကားစမြည် ပြောတာကို ကျွန်မ ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်တဲ့အခါမှာ ကျွန်မ အံ့သြမိခဲ့တယ်။ အဲဒီအချိန်ကစပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ စတင်လေ့လာခဲ့တာပါ”ဟု ဖဝမ်လျန်က ပြန်လည်တွေးမိရင်းနှင့် ပြောပြလိုက် ပါသည်။ ထိုနှစ် ဒီဇင်ဘာလတွင် သူမသည် မိမိ၏ Tik Tok အကောင့်ဖြစ်သော “ယူနန် ချိုင်းထောက်ပေါ်က မိန်းကလေး”ကို ဖွင့်လှစ်လိုက်ပါသည်။ သီချင်းဆိုဝါသနာပါသည့်အတွက် သူမသည် မိမိသိကျွမ်းသော ဆယ်လီသူငယ်ချင်းနှင့် သီချင်းဗီဒီယိုများစွာ ပူးပေါင်းဆောင်ရွက်ကာ ရိုက်ကူးခဲ့ပါသည်။ ပရိသတ် ၃၀၀ ကျော်သာရှိသည့် ၎င်း၏ Tik Tok အကောင့်တွင် တင်ဆက်သည့် ဗီဒီယိုများစွာသည် ထိုအချိန်မှစ၍ ရေပန်းစားလာပြီး ဗီဒီယိုထုတ်လွှင့်မှု တစ်ခုစီတိုင်းတွင် ကြည့်ရှုမှုအရေအတွက် တစ်သိန်းကျော် ရှိလာပါသည်။

“ဒီဗီဒီယိုတွေ ရေပန်းစားလာတဲ့အတွက် ကျွန်မ အရမ်း ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။”ဤကဲ့သို့ဖြင့် ဖဝမ်လျန်သည် နေ့ဘက်တွင် ဗီဒီယိုရိုက်ကူးပြီး ညအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ပါသည်။ ၂၀၂၁ ခုနှစ်တွင် သူမ ရိုက်ကူးသော ဗီဒီယို၏ ပရိသတ်ကြည့်ရှုမှုအများဆုံးရှိသော ပမာဏမှာ ၁၇ သိန်းကျော်ရှိပြီး ပရိသတ်အရေအတွက်မှာ ၃၀၀ မှ ၂၅၀၀၀ အထိ တိုးများလာပါသည်။

“အရင်တုန်းက တစ်ခြားလူတွေအပေါ် အပြုသဘောဆောင်ပြီး အကောင်းမြင်တတ်တဲ့ အမြင်ကို ထားခဲ့ဖို့ပဲ မျှော်လင့်ပါတယ်။ ဒါပေမယ့် Tik Tok ထဲရောက်ပြီးနောက် တစ်ခြားလူတွေကို ပျော်ရွှင်မှုနဲ့ စိတ်ကြည်နူးစရာတွေ သယ်ဆောင်ပေးနိုင်တဲ့အတွက် ကျွန်မ ပျော်လည်းပျော်ပါတယ်။ အထူးဂုဏ်ယူမိပါတယ်”ဟု ဖဝမ်လျန်က ရယ်မောရင်းနှင့် ပြောပါသည်။
( အရင်းအမြစ် - တယ်ဟုန်မီဒီယာ Group ။ ဘာသာပြန် - Yunnan gateway)