တယ်ဟုန်ပြည်နယ်ခွဲ လျန်ဟော်ခရိုင် ပန်းပဲလက်မှုပညာ၏ အမွေဆက်ခံသူ လီဝိန်ကျူ

2022-04-11 19:03:49 |သတင်းအရင်းအမြစ် 梁河县融媒体中心

ယခုနှစ်တွင် အသက် ၃၈ နှစ်ရှိပြီဖြစ်သော လီဝိန်ကျူသည် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လျန်ဟော်ခရိုင် ဟော်ရှီကျေးရွာမှ လုံးရှိန်ဓားစက်ရုံ၏ တတိယမျိုးဆက် အမွေဆက်ခံသူ ဖြစ်ပေသည်။

ငယ်စဉ်ကတည်းကပင် လီဝိန်ကျူသည် သံမီးဖိုများအကြား အပြန်ပြန်အလှန်လှန် ဖြတ်ကျော်သွား လာလျက် ရှိခဲ့ပါသည်။ အသက် ၁၅ နှစ်တွင် သူ့အဖေနှင့် အဖိုးထံမှ ပန်းပဲလက်မှုပညာကို စတင်သင်ယူခဲ့ရာ လက်ရှိတွင် ပန်းပဲလုပ်သက် ၂၂ နှစ်ရှိပြီဖြစ်သည်။ အခန်းငယ်တစ်ခုတွင် သူသည် ဓားနှင့် သံကိရိယာအမျိုးမျိုးကို တီထွင်ရန် စူးစမ်းလေ့လာသည်နှင့်အမျှ “လုံးရှိန်ပန်းသဏ္ဌာန်ဓား” မွေးဖွားလာခဲ့ပါသည်။

ဓားပြုလုပ်သည့်ကုန်ကြမ်းပစ္စည်းများမှာ မတူညီသော သံမဏိ သုံးမျိုး ရောစပ်ပြီး ဂဟေဆက် ထားခြင်း ဖြစ်ပါသည်။ ထို့နောက်၊ ထပ်ခါထပ်ခါ ထုရိုက်ပြီး ခေါက်ရင်းနှင့် ပါးလွှာပြီး အလွှာပေါင်းစုံသော သံအကြမ်းထည် ဖြစ်ပေါ်လာပါသည်။ ရိုးရာအစဥ်အလာလက်မှုပညာအတိုင်း လီဝိန်ကျူသည် ဓားပြုလုပ်ခြင်းဖြင့် ထူးခြားချက်တစ်ခုစီတွင် ၎င်း၏ ထက်မြက်သော လက်မှုလက်ရာများ ပါရှိပြီး ဓားများကို နှစ်သက်သူများစွာသည် ဤနေရာသို့ အထူးခရီးစဉ် လာရောက်ကြသည်။

“ဧည့်သည်လာတဲ့အခါ သူတို့လိုချင်တဲ့ ဘယ်လိုပုံစံဖြစ်ဖြစ် ကျွန်တော် ထုရိုက် ပြုလုပ်ပေးလေ့ ရှိပါတယ်။”ချစ်မြတ်နိုးမှုမှ လုပ်ငန်းအထိ လုံးရှိန်ဓားစက်ရုံသည် လီဝိန်ကျူ၏ နေထိုင်မှုဘဝအတွက် အဆုံးမရှိ အဓိပ္ပာယ်များ သယ်ဆောင်လာသကဲ့သို့ လီဝိန်ကျူသည် လုံးရှိန်ဓားစက်ရုံအတွက် ရှင်သန်မှု ဖြစ်ထွန်းစေပါသည်။

( အရင်းအမြစ် - လျန်ဟော်ခရိုင် မီဒီယာအဖွဲ့။ ဘာသာပြန် - Yunnan gateway)