Fu Jian ၏ ကဗျာ (၄) ပုဒ်

2022-04-13 18:56:52 |သတင်းအရင်းအမြစ် 《吉祥》杂志

ဆောင်းလ

*အေးစက်စက်လေ၊
တံခါးတွေပိတ်၊
ကြောက်တဲ့စိတ်က၊
ထိတ်လန့်စေခဲ့။
*လမ်းတွေလူရှင်း၊
ဗလာကျင်းလျက်၊
ရှုခင်းဆောင်းည၊
သဲလွန်စမဲ့။
*မြို့ရိုးရဲ့ ထိပ်၊
အမှောင်ရိပ်မှာ၊
တိတ်ဆိတ်ပျောက်ဆုံး
သွားလေပြီ။


အဖြေ

*မင်းရဲ့ အရိပ်က
မီးဖိုနားက စာအုပ်ထဲမှာပေါ့။
*ငါ့ရင်ထဲက
သံယောဇဉ်တွေနဲ့
ငါရှာဖွေသော
မိန်းကလေးရယ်
မင်းဘယ်ဆီမှာလဲကွယ်။

 

လျှို့ဝှက်ခြင်း

*တိတ်တဆိတ် ငါ့ထံ
ရောက်လာခဲ့သော
မိန်းကလေးရေ....
*ငါ့ရဲ့ စိတ်တွေတုန်ရီလို့
ဝေးခြင်း သို့မဟုတ်
နီးခြင်း ဖြစ်နိုင်။
*ငါပြောနိုင်သမျှကတော့
မင်းဟာ… ။

 

ဆောင်းရာသီည

*ငါနိုးထခဲ့၊ ဆောင်းရဲ့ တစ်ည၊
နို့မဝကလေးငယ်၊
သနားဖွယ်ငိုကြွေး၊
တဆစ်ဆစ်အေးခဲ သလိုပဲကွယ်။
*ရုတ်တရက်လွင့်စဉ်၊
ဟိုဝေဟင်က၊
ဝါကျင်ကျင်အဟောင်း၊
သတင်းစာအလောင်းတစ်ခု၊
ပြက်ချော်ပြုသို့ မြှူ၏သို့။
*ရေကန်ထဲမှာ၊
အချစ်ပျောက်ရှာဆဲ၊
ငန်းမည်းတစ်ကောင်၊
ငိုမယောင်လေ။
*လေပွေအဝှေ့၊
လမ်းအကွေ့ထက်၊
ပြိုးပြက်မီးသီး၊
အလင်းစီးခြင်း၊
ညကို ဖန်ဆင်းနေလေရဲ့။

 

作者:付建,2021年毕业于保山学院,昭通市作家协会会员。