ပြောင်းလဲသွားသော စက်မှုလုပ်ငန်းအမွေအနှစ်

2022-04-27 19:13:50 |သတင်းအရင်းအမြစ် 《吉祥》杂志

မကြာသေးမီက ပြီးဆုံးခဲ့သည့် ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ဆိုကောင်း (မြို့တော် သံမဏီလုပ်ငန်းအဖွဲ့အစည်း)မှ နှင်းခဲပြင်လျှောစီးစင်မြင့်ကြီးသည် ကမ္ဘာ့အမြင်နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး လူအများထံ စက်မှုလုပ်ငန်းအမွေအနှစ်များ၏ အလင်းရောင်ကို ပြန်လည်ပြသနိုင်ခဲ့သည်။ ဆိုကောင်းမူလအအေးခံမျှော်စင် ၄ ခုသည် ကြီးမားသော ခုန်ချယှဉ်ပြိုင်မှုဧရိယာကို စမတ်ကျပြီး ခေတ်မီသောအရာများဖြင့် ပြည့်နှက်နေစေပြီး ၎င်းနှင်းလျှောစီးခြင်းအတွက် လိုအပ်သည့် အငွေ့အသက်များ ဖြည့်ဆည်းပေးနေသည့်အတွက် သူမမြင်ဖူးသမျှ အနက် အလှပဆုံးနေရာလည်း ဖြစ်သည်ဟု တရုတ် အလွတ်တန်း စကိတ်သမား ဂူအိုက်လင်က ပြောကြားခဲ့ပါသည်။

စက်မှုအမွေအနှစ်ဆိုသည်မှာ အလုပ်ရုံများ၊ စက်ရုံများ၊ သတ္တုတူးဖော်ရေးဧရိယာ စသဖြင့် ထုတ်လုပ်မှု၊ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အဆောက်အအုံများ အပါအဝင် စက်မှုလုပ်ငန်း၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်တွင် မြင့်မားသော သမိုင်းတန်ဖိုး၊ နည်းပညာတန်ဖိုး၊ လူမှုရေးတန်ဖိုးနှင့် အနုပညာတန်ဖိုးများရှိသော စက်မှုအမွေအနှစ်များ၊ တဖန် အဆိုပါအရပ်ရပ်နှင့် ဆက်စပ်နေသည့် အဆောက်အအုံများ၊ ထုတ်လုပ်မှုကိရိယာများ၊ စက်ယန္တရားများနှင့် အခြားကြွင်းကျန်အမွေအနှစ်များ၊ တဖန် ထုတ်လုပ်မှု လုပ်ငန်းစဉ်အသိပညာများ၊ စီမံခန့်ခွဲမှုစနစ်များ၊ လုပ်ငန်းယဉ်ကျေးမှုစသော ဒြပ်မဲ့အမွေအနှစ်များကို ရည်ညွှန်းပါသည်။

စက်မှုအမွေအနှစ်များသည် စက်မှုယဉ်ကျေးမှု၏ အရေးပါသော မှတ်တမ်းမှတ်ရာများ ဖြစ်ပြီး တရုတ်နိုင်ငံ၏ စက်မှုထွန်းကားရေးလုပ်ငန်းစဉ်၏ မတူညီသောအဆင့်အသီးသီးမှ အရေးကြီးသောအချက်အလက်များကို မှတ်တမ်းတင်ထားပါသည်။ စက်မှုလုပ်ငန်းများနှင့် မြို့ကြီးများ၏ သမိုင်း နှင့်ယဉ်ကျေးမှုမှတ်တမ်း၊ တရုတ်နိုင်ငံ၏ စက်မှုထွန်းကားရေးနှင့် ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်များတွင် အရေးကြီးသော သမိုင်းဝင် အမှတ်အသားများကို မှတ်သားထားပါသည်။ သက်တမ်းရင့်စက်ရုံ အဆောက်အအုံများ၊ ရေတာဝါတိုင်များ၊ အအေးခံတာဝါတိုင်များ၊ သံရည် ကျိုဖိုမြင့်များ၊ ကုတ်မီးဖိုများ၊ မီးရထားလမ်း စသည့် ကြီးမားသော အဆောက်အအုံများ၊ ခိုင်မာသော စက်မှုလုပ်ငန်းလက္ခဏာများရှိသည့် စက်မှုလုပ်ငန်းများ အားလုံးမှာ ထူးခြားသော ဆွဲဆောင်မှုများ ရှိနေပါသည်။

ယခုနှစ်ပိုင်းတွင် စွန့်ပစ်ထားသော တရုတ်စက်ရုံအများအပြားသည် ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုပန်းခြံ၊ သိပ္ပံနှင့်နည်းပညာပန်းခြံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထွန်းသစ်စစက်မှုလုပ်ငန်းများ စုစည်းရာနေရာများ ဖြစ်လာပါသည်။ စက်ရုံအဆောက်အအုံကြီးများနှင့် စက်ရုံရှိ ဒေါင်လိုက်အလျားလိုက် ပိုက်လုံးစင်္ကြံများသည် ၎င်းတို့၏ ထူးခြားသော စက်မှုဗေဒအငွေ့အသက်ကြောင့် ဓာတ်ပုံဝါသနာရှင်များ၏ နှစ်သက်သဘောကျခြင်းခံရပါသည်။ စက်မှုအဆောက်အအုံများကို နိုင်ငံတကာ ဒီဇိုင်းရက်သတ္တပတ်နှင့် ဖက်ရှင်ရက်သတ္တပတ်များအတွက် ပြပွဲကျင်းပရာနေရာများအဖြစ် ပြောင်းလဲကာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုများ၊ ထုတ်ကုန်ဖြန့်ချိမှုများ၊ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားအစီအစဉ်များ ရိုက်ကူးရန်အတွက် မကြာခဏ ရွေးချယ်ခံရသော ဆယ်လီနေရာ ဖြစ်လာခဲ့သည်။ အချို့သောစက်မှုအမွေအနှစ်များသည် လူတို့၏ အပန်းဖြေရေးနှင့် ဖျော်ဖြေရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မြို့ပြယဉ်ကျေးမှုပန်းခြံ၊ မြို့ပြအများပိုင်နေရာများအဖြစ် ပြောင်းလဲခဲ့ပြီး သက်ဝင်လှုပ်ရှားနေပါတော့သည်။

ဆိုကောင်းနှင်းခဲပြင်လျှောစီးစင်မြင့်သည် တရုတ်နိုင်ငံ၏ စက်မှုအမွေအနှစ်များကို ပြန်လည်အသုံးပြုသည့် လုပ်ငန်းများစွာထဲမှ တစ်ခုသာဖြစ်သည်။ မြို့ပြပြန်လည်ပြုပြင်ခြင်းကို နောက်ခံထားပြီး လူမှုရေးနှင့် ယဉ်ကျေးမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် စက်မှုအမွေအနှစ် ထိန်းသိမ်းရေးနှင့် အသုံးချရေးတို့ ပေါင်းစပ်မှုသည် ရှေ့လျှောက်စူးစမ်းလေ့လာမည့် ဦးတည်ချက်အသစ် ဖြစ်လာနေပါတော့သည်။