【ပျော်ရွှင်ဖတ်ရှု】 ရှုပ်ထွေးနေသည့် ကမ္ဘာလောကထဲတွင် ရိုးသားသည့်လူနှင့် ပေါင်းသင်းခြင်း

2022-04-28 12:20:26 |သတင်းအရင်းအမြစ် 新华网

လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင် စိတ်ရင်းစေတနာနှင့် ဆက်ဆံပေါင်းသင်းမှသာ မှန်ကန်သောရင်းနှီးမှုကို ရရှိမည်ဖြစ်သည်။

ဆိုရိုးစကားတစ်ခွန်းကြားဖူးသည် “ရင်ဘက်ထဲက သွေးကြောတွေက နေရာမှန်မှာရှိလို့ သွားလာလှုပ်ရှားမှု အဆင်ပြေနေသည်။ ကမ္ဘာပေါ်ရှိအရာမှန်သမျှသည် ပေးကမ်းရယူမှုများဖြင့် မျှတနေသည်။ လူသားများ၏ ကျင့်ကြံအားထုတ်မှုသည် ရိုးသားခြင်းကြောင့် တန်ဖိုးရှိသည်။

ဤတသက်တွင် ကျွန်တော်တို့တတွေသည် လူများစွာတွင် ဆုံတွေ့နေကြရမည်ဖြစ်သည်။

တချို့သောသူများက ရိုးသားစွာ ဆက်ဆံကြသည်။ တချို့သောသူများက ကောက်ကျစ်တတ်သည်။ တချို့သောသူများက နွေးထွေးပြီး မေတ္တာတရားရှိကြသည်။ တချို့သောသူများက တကိုယ်ကောင်းဆန်ပြီး အမှတ်တမဲ့နေကြသည်။

လူပေါင်းများစွာနှင့် ပေါင်းသင်းဆက်ဆံပြီးနောက် လူ့ဘဝတသက်တာတွင် တန်ဖိုးအရှိဆုံးအရာသည်ကာ ရိုးသားသောသူနှင့်တွေ့ဆုံရခြင်းပင်ဖြစ်ကြောင်း သဘောပေါက်လာသည်။

ရှုပ်ထွေးသော လူမှုဆက်ဆံရေးနှင့်ကိစ္စရပ်များအတွက် စိတ်ပူပင်သောကများနေမည့်အစား မေတ္တာစိတ်လေးထားကာ ရိုးသားသောသူနှင့်သာ များများ ပေါင်းသင်းဆက်ဆံပါ။ အရှုပ်များနှင့်ကင်းဝေးပြီး စိတ်သက်သာရာကို ရရှိစေမည်ဖြစ်သည်။

“ဖြူစင်ရိုးသားသောသူနှင့် ‌ဆက်ဆံခြင်းဖြင့် အလင်းရောင်ကဲ့သို့ ကြည်လင်တောက်ပသည်။ စရိုက်ကောင်းသောသူနှင့် ပေါင်းသင်းခြင်းသည် ကျောက်စိမ်းသဖွယ် ကြည်ရွှင်စေပါသည်” ဟူသော ဆိုရိုးစကားရှိသည်။

ဖြူစင်ရိုးသားသောသူနှင့် ပေါင်းသင်းဆက်ဆံခြင်းသည် မှောင်မိုက်နေသောအခန်းထဲသို့ နေရောင်ခြည် ကျရောက်လာသကဲ့သို့ နွေးထွေးပြီး လင်းလက်သွားစေသည်။ စရိုက်ကောင်းသောသူနှင့် ‌ပေါင်းသင်းဆက်ဆံခြင်းသည် ချောမွေ့သောကျောက်စိမ်းထည်ကို ပွတ်ကိုင်လိုက်သဖွယ် နူးညံ့သိမ်မွေ့လျက်ရှိသည်။

လူ့ဘဝခရီးတွင် ဖြူစင်ရိုးသားသောသူနှင့် ပေါင်းသင်းဆက်ဆံသင့်ပေသည်။

ထိုကဲ့သို့သောသူများနှင့် အတွင်းကျကျပေါင်းသင်းခြင်းသည် အကာအကွယ်ထားရန် မလိုအပ်ပေ။ ဟန်ဆောင်စရာ မလိုအပ်ပေ။ စိမ့်စမ်းရေကဲ့သို့ ရင်ထဲကိုအေးမြသွားစေသည်။

လူလူခြင်းပေါင်းသင်းသည့်အခါတွင် စိတ်ရင်းဖြင့် ပေါင်းသင်းရန်သာ လိုအပ်သည်။ သင် ကျွန်တော့်အပေါ် စေတနာထားလျှင် ကျွန်တော်လည်း သင့်ကိုစိတ်ရင်းဖြင့် တုန့်ပြန်ပါသည်။ သင် ကျွန်တော့်အပေါ် ကောက်ကျစ်သော် ကျွန်တော်သည်လည်း မိမိ၏စိတ်ရင်းစေတနာဖြင့် ရင်းနှီးမှုကို ပြန်လည်သိမ်းယူလိုက်မည် ဖြစ်သည်။

လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင် စိတ်ရင်းစေတနာနှင့် ဆက်ဆံပေါင်းသင်းမှသာ မှန်ကန်သောရင်းနှီးမူကို ရရှိမည်ဖြစ်ပေသည်။

ကျွန်တော်တို့တတွေသည် လူတစ်ဦးတစ်‌ယောက်နှင့်ပေါင်းသင်းမည်ဆိုပါက များသောအားဖြင့် သူ၏ ဥစ္စာဓနပိုင်ဆိုင်မူကိုကြည့်ပြီး ပေါင်းသင်းသည်မဟုတ်ပါ။ ထိုသူ အခြားသောသူနှင့် ပေါင်းသင်းဆက်ဆံ သည့်အခါတွင် သူ၏အမူအကျင့်များကိုသာ လေ့လာသုံးသပ်ခြင်းဖြစ်သည်။

“လူ့တသက်မှာ ရွေးချယ်လို့ရတဲ့ကိစ္စတွေက အလွန်နည်းပါးလှပါတယ်။ မည်ကဲ့သို့မွေးဖွားမည်ကို ရွေးချယ်၍ မရပါ။ မည်ကဲ့သို့သေဆုံးမည်ကို ရွေးချယ်၍ မရပါ။ ကျွန်တော်တို့ရွေးချယ်နိုင်သည့်အရာမှာ နှစ်ခုသာ ရှိပါသည်။ ဒီတသက်တာတွင် မည်သို့မေတ္တာထားမည်နည်း။ ဒီတသက်တာတွင် မည်သို့ရှင်သန်မည်နည်း။

နောက်ဆုံးသုံးသပ်သည့်အခါတွင် ဒီတသက်တာတွင် ကျွန်တော်တို့တတွေ ရှင်သန်မည့်ပုံစံ၊ ပေါင်းသင်းဆက်ဆံမည့်သူရွေးချယ်ခြင်း ကံကြမ္မာသည် ကျွန်တော်တို့၏လက်ထဲတွင်သာရှိသည်။

လူ့ဘဝတစ်ဆစ်ချိုးမှာ စိတ်သောကအရာအားလုံးလျော့ချကာ မိမိကိုယ်မိမိသက်သာအောင် နေထိုင်သင့်ပါသည်။ ကမ္ဘာလောက၏ ရှုပ်ထွေးမှုများကို ညည်းညူနေမည့်အစား ရိုးရှင်းသည့်ဘဝကိုသာ ရွေးချယ်သင့်ပေသည်။

ရိုးသားသည့်သူနှင့်တွေ့ဆုံခြင်းသည် “ကျောက်စိမ်းအိုးထဲကရေခဲလို” ကြည်လင်ခြင်းကို ခံစားရသည်။ ရိုးရှင်း‌သောအသိုင်းဝိုင်းရှိသူနှင့် ပေါင်းသင်းခြင်းသည် “လူလောက၏အရသာအရှိဆုံးအရာ စိတ်ချမ်းသာခြင်း” ကို ခံစားရသည်။

လေတိုက်သည့်အခါ ထင်းရှူးပင်၏ အကိုင်းအခက်များ လှုပ်ရှားသံကိုနားဆင်ကာ လေတွေ၊ မိုးတွေ ပြောင်းလဲမှုများကို ငြိမ်သက်စွာလေ့လာလိုက်ပါ။

(အရင်းအမြစ်၊ ဆင်ဟွာသတင်းဌာနမှ ကောက်နုတ်တင်ပြသည် ၊ ဘာသာပြန်၊ Yunnan gateway၊ ပုံ၊ Niu Haha)