【ပျော်ရွှင်ဖြတ်ရှု】ပွင့်ပွင့်လင်းလင်းနှင့် ကိုယ်ချင်းစာစိတ်ရှိမှ အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံနိုင်

2022-04-29 17:48:18 |သတင်းအရင်းအမြစ် 新华网

လူ့ဘဝမှာ အစစအရာရာကို နှိုင်းယှဉ်ပြီး ဂရုစိုက်နေဖို့ မလိုအပ်ပါ။ သူတစ်ပါးပြောတဲ့ စကားလုံးတိုင်းကို လိုက်ပြီး နားထောင်ဖို့ မလိုအပ်ပါ။ ကိစ္စတိုင်းကို နှိုင်းယှဉ်အနိုင်ယူဖို့ မလိုအပ်ပါ။

ကမ္ဘာလောကကြီးမှာ အသံပေါင်းစုံရှိနိုင်သည်။ အားလုံးကိုနားထောင်ပါက စိတ်မောပန်းဆင်းရဲမှုကိုသာ တိုးပွားစေနိုင်သည်။ မကောင်းသောစကားပြောရန် လွယ်ကူသော်လည်း လွယ်လွယ်ကူကူ နားမထောင်ပါနှင့်။ သူတစ်ပါးစကားများဟာ နားဝင်မကောင်းပြီး အသုံးလည်းမကျပါက နားမထောင်တာ အကောင်းဆုံးဖြစ်ပါသည်။ နေထိုင်မှုဘဝ ဆိုတာ မိမိကိုယ်ပိုင်ခံစားချက်သာ ဖြစ်သည်။ အခြားသူတစ်ပါး၏အမြင်နှင့်မသက်ဆိုင်ပါ။ မိမိရင်တွင်းဖြစ် မိမိနှလုံးသား၏ အသံကိုသာ များများနားထောင်ပြီး မိမိပြုလို လုပ်လိုသော ကိစ္စများကိုသာပြုပါ လုပ်ပါ။ ပိုမိုကောင်းမွန်သော မိမိကိုယ်ကို ဖြစ်အောင်ကြိုးပမ်းလုပ်ဆောင်ပါ။

လူတစ်ယောက်၏ အတွေးအမြင်သည် အငြင်းအခုန်ကြောင့် ပြောင်းလဲသွားမှာ မဟုတ်ပါ။ အခြေအတင် ငြင်းခုံခြင်းသည် အခြားသူကို ယုံကြည်အောင် မပြောဆိုနိုင်သလို မိမိကိုယ်ကိုလည်း မကျေနပ်စေနိုင်ပါ။

“ကျွန်တော်ခံစားရသော အကြီးဆုံးကြင်နာမှုသည် သူတစ်ပါးအတွက် အရှက်ရစရာကိစ္စမျိုးဖြစ်နေပါက ပြောမထွက်ခြင်းဖြစ်သည်။ ဒါဟာ စကားပြောဆိုမှုအနုပညာ ဖြစ်ပါသည်” ဟူသော စကားတစ်ခွန်းကို အင်တာနက်ပေါ်တွင် တွေ့ရပါသည်။

တစ်ချို့ကိစ္စတွေကို ဖုံးကွယ်ရန်လိုအပ်ကြောင်း၊ တစ်ချို့ကိစ္စတွေကို မြင်တွေ့နေရသော်လည်း သူတစ်ပါးအတွက် ရှက်စရာဖြစ်စေပါက ပြောမထွက်ရန်လိုအပ်ကြောင်း ရင့်ကျက်လာလေလေ ပိုပြီးနားလည်လာလေလေ ဖြစ်ပါသည်။ သို့မှသာ အခြားသူတစ်ပါး သက်သာကျေနပ်စေနိုင်မည်ဖြစ်သည်။

လူအချင်းချင်း ဆက်ဆံမှုအကောင်းအဆိုးသည် စကားပြောဆိုမှု အနည်းအများပေါ်ဖြစ်စေ၊ ဂရုဏာကြင်နာသည့် စကားပြောဆိုမှု ရှိမရှိ ဆိုသည့်အပေါ်ဖြစ်စေ မူတည်မနေပါ။ စကားပြောဆိုရန် လိုအပ်ခြင်းမလိုအပ်ခြင်း၏ နားလည်မှုအပေါ်သာ မူတည်ပါသည်။ ပွင့်ပွင့်လင်းလင်းနှင့် ကိုယ်ချင်းစာစိတ်ရှိမှ အချိန်ကြာမြင့်စွာ ပေါင်းသင်းဆက်ဆံနိုင်မည်သာ ဖြစ်ပေသည်။
(အရင်းအမြစ်၊ Xinhua မှ ကောက်နုတ်တင်ပြခြင်း။ ဘာသာပြန်၊ Yunnan gateway)