【ပျော်ရွှင်ဖတ်ရှု】လူ့ဘဝဆိုသည်မှာ လျှောက်လှမ်းရင်း သံဝေဂရရင်းပါပဲ။ ဘဝနေဝင်ချိန်ကို ဖြတ်သန်းရင်း တန်ဖိုးထားတတ်ကြပါစေ

2022-05-09 19:33:02 |သတင်းအရင်းအမြစ် 新华网

ကလေးသူငယ်အရွယ်သည် ချောင်းသဖွယ်၊ လူပျိုလူငယ်အရွယ်သည် မြစ်သဖွယ်၊ လူလတ်ပိုင်းအရွယ်သည် အင်းသဖွယ်၊ အသက်ကြီးပိုင်းအရွယ်သည် ပင်လယ်သဖွယ် ဖြစ်သည် ဟု ဆိုကြသည်။

လူ့ဘဝဟူသည် ခရီးကြမ်းကို သွားရသကဲ့သို့ပင်ဖြစ်သည်။ လေဒဏ် မိုးဒဏ်များနှင့် ကြုံတွေ့ရခြင်း၊ ဒုက္ခပေါင်းစုံကို ကျော်ဖြတ်ရခြင်း၊ လူအများခပ်သိမ်းနှင့် တွေ့ဆုံရခြင်းသာဖြစ်သည်။ အသက်အရွယ်ကြီးလာသည်နှင့်အမျှ နှလုံးသားရင်ခွင် ပိုမိုကြီးမား၊ ကျယ်ပြန့်လာပြီး ဥ‌ပေက္ခာစိတ်နေသဘောထားကို ထားနိုင်လာသည်။ နောက်ဆုံးတွင် လောကီရေးရာကိစ္စအဝဝကို လက်ခံနိုင်စွမ်းရှိလာသည်။ ၎င်းသည် လောကီ လူ့ဘဝ၏ အမြင့်ဆုံးကျင့်ကြံမူမျိုးသာ ဖြစ်သည်။ ပြည့်စုံသောဘဝနိဂုံးလည်း ဖြစ်ပေသည်။

တစ်ခါတရံ မိုးကောင်းကင်ကြီး ပြိုကျသဖွယ် ခံစားရသည်။ အမှန်တော့ မိမိရပ်နေသည်မှာ စောင်းနေသည့်အတွက်ကြောင့်သာ ဖြစ်သည်။ တစ်ခါတရံတွင် သစ်ရွက်များ အဆက်မပြတ်ကြွေကျလာသည်ကို ကြည့်ကာ အထီးကျန်သည်ကို ခံစားရပါသည်။ တကယ်တော့ မိမိ၏မဖော်ပြတတ်သော အတွင်းကိလေသာ၊ ကြောင့်ကြသောကကြောင့်သာဖြစ်သည်။ နောက်ဆုံးတွင် နားလည်လိုက်သည်မှာ စိတ်အတွေးသည် လူ့ဘဝတစ်ခုလုံးကို ကိုယ်စားမပြုနိုင်သော်လည်း ဘဝတစ်ခုလုံးကို လွှမ်းမိုးနိုင်စွမ်းရှိကြောင်း သိလိုက်ရပါသည်။

နှစ်များကုန်ဆုံးသွားသော်လည်း ဘဝဖြတ်သန်းခဲ့သမျှအရာကိစ္စများသည် နောက်ဆုံးတွင် မနောအတွေးမျှသာ အသွင်ကျန်ရစ်သည်။ ကုန်ဆုံးသွားသည့် အတိတ်ကိစ္စရပ်များသည် စားသောက်ပြီးနားနေချိန်၏ စကားစမြည်မျှသာ ဖြစ်လာတော့သည်။ လူ့ဘဝ၏ဆုံစည်းခြင်း၊ခွဲခွာခြင်းအရာများသည် မှန်းဆ၍ မရပဲ စဉ်ဆက်မပြတ် ပြောင်းလဲနေသည်။ လျှောက်လှမ်းပြီးပါက တည်ငြိမ်သွားမည်။ လက်လွတ်လိုက်ပါက အေးချမ်းသွားမည်။

လူဘဝရလာသည်နှင့်အမျှ မိမိတို့တွေ့ကြုံဖြတ်သန်းရသည့်ဘဝဖြစ်စဉ်သည် နောက်ဆုံးရလဒ်နှင့် ဆက်နွယ်မူ မရှိကြောင်း တစ်ခါတရံတွင် သံဝေဂဖြစ်ရပါသည်။ ဘဝသင်ခန်းစာတချို့သည် လူ့ဘဝခရီးပုံပြင်ထဲက ကြားဖြတ်ဇာတ်လမ်းတွဲမျှသာ ဖြစ်သည်။ အစနှင့်အဆုံး သက်ဆိုင်မူ မရှိကြပါ။ လူ့ဘဝသက်တမ်းတလျှောက် ဖြတ်သန်းလာရာ အတွေ့အကြုံရင့်ကျက်လာသည်နှင့်အမျှ တချို့သော လက်လွတ်လိုက်သော အရာများသည် တကယ်တမ်း ဘယ်သောအခါမျှလည်း တကယ်ပိုင်ဆိုင်ဖူးသည် မဟုတ်ပေ။ တချို့သော ပိုင်ဆိုင်ရလိုက်သော အရာများသည်လည်း နောင်တစ်ချိန်ပြန်လည်ဆုံးရှုံးရလိမ့်ဉီးမည် ဖြစ်သည်ကို နားလည်လာပါလိမ့်မည်။

အချိန်သည် လူသားများအတွက် အတွေ့အကြုံများ ထောက်ပံ့ပေးကမ်းလိုက်သည်နှင့်အတူ လောကီအရာ ဒုက္ခခပ်သိမ်းနှင့် သံဝေဂဉာဏ် ကိုလည်း တပါးတည်း ဖြည့်တင်းပေးလိုက်ပါသည်။
(အရင်းအမြစ်၊ Xinhua , ဘာသာပြန်၊ Yunnan gateway)