ဂျိမ်းဖောတိုင်းရင်းသားလူငယ်သည် တိုင်းရင်းသားရိုးရာလက်မှုပညာ ကို ကိုယ်တိုင်သင်ယူလေ့လာ

2022-05-12 18:16:18 |သတင်းအရင်းအမြစ် 陇川县融媒体中心

တယ်ဟုန်ပြည်နယ်ခွဲ ဂျိမ်းဖောတိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့မှ ဂျိမ်းဖောတိုင်းရင်းသားလူငယ် လျောင်လဲနန်းသည် အဆိုအက ကျွမ်းကျင်သူ တစ်ဦးဖြစ်ပါသည်။ သူသည် ၇ နှစ်ကြာမျှ အကပညာကို လေ့ကျင့်လေ့လာရင်းနှင့် ဂျိမ်းဖောတိုင်းရင်းသားရိုးရာပန်းပုလက်မှုပညာကို မိမိကိုယ်တိုင် ဆည်းပူးခဲ့ပါသည်။

ဂျိမ်းဖောလူမျိုးတို့သည် ပျူငှာဖော်ရွေပြီး ဂျိမ်းဖောအရက်ကို နှစ်သက်ကြပါသည်။ သူတို့အတွက် အရက်ကို သယ်ဆောင်သော ဝါးပြွန်သည် အလွန် အရေးကြီးသော ရိုးရာအိုး ဖြစ်ပါသည်။ လျောင်လဲနန်းမှ လက်ဖြင့် ပြုလုပ်သော ဝါးရက်လုပ်အရက်အိုးကြီးနှင့် အရက်အိုးကလေးများပေါ်တွင် အပြည့်အဝ ဖုံးလွှမ်းသည့် သာယာလှပပြီး ယဥ်ကျေးသိမ်မွေ့သော ပုံသဏ္ဌာန်များမှတစ်ဆင့် လူများသည် ရှေးကျသော ဂျိမ်းဖောယဥ်ကျေးမှုကို ခံစားနိုင်ကြပါသည်။

“ကျွန်ုပ်တို့ ဂျိမ်းဖောလူမျိုးရဲ့ ရိုးရာပန်းပုပညာကို အလွန် စိတ်ဝင်စားပါတယ်။ ခါတိုင်းမှာ ကျွန်တော်ဟာ လေ့လာရင်းနဲ့ သင်ယူပါတယ်။ ကျွန်တော့် မိသားစုဝင်တွေဟာ ကျွန်တော့်ကို အားပေးထောက်ပံ့ပါတယ်။ အခုမှာ ကျွန်တော် သင်ယူလေ့လာဖို့ အကြောင်းတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော် ဆက်လက် ကြိုးစားပါမယ်။ ပိုမိုများပြားတဲ့လူတွေအတွက် သင်ကြားတတ်မြောက်တဲ့ ပန်းပုပညာကို ပြသပေးသွားမှာ ဖြစ်ပါတယ်”ဟု လျောင်လဲနန်းက ပြောပြပါသည်။

(အရင်းအမြစ် - လုံးချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)