NATO ၏ ဆက်လက်တိုးချဲ့ခြင်းသည် အန္တရာယ်၏ အရင်းအမြစ်ဖြစ်ကြောင်း နိုင်ငံအများမှ လူပုဂ္ဂိုလ်များကဆို

2022-05-18 20:16:36 |သတင်းအရင်းအမြစ် 央视新闻

ယူကရိန်းနိုင်ငံ မာရီဥပိုလ်းမြို့ရှိ Azovstal စက်ရုံမှ မီးခိုးလုံးများထွက်ပေါ်နေသည်ကို ဧပြီ ၂၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

 

ဒိန်းမတ်ပညာရှင်။ ။ NATO(မြောက်အတ္တလန်တစ်သဘောတူစာချုပ်အဖွဲ့အစည်း)၏ ထပ်မံတိုးချဲ့ခြင်းကြောင့် ဒေသတွင်းလုံခြုံ‌ရေးအပေါ် ဆိုးရွားစွာ ထိခိုက်စေသည်။

ယခုရက်ပိုင်း ဒိန်းမတ်ပညာရှင်၊ နိုင်ငံဖြတ်ကျော် ငြိမ်းချမ်းရေးနှင့် အနာဂတ်သုတေသန ရန်ပုံငွေအသင်း တည်ထောင်သူ Obery သည် NATO၏ ထပ်မံတိုးချဲ့ခြင်းသည် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ NATO အတွင်းသို့ ဖင်လန်၊ ဆွီဒင်တို့ ပါဝင်လိုသည့် အခြေအနေအပေါ် Obery သည် NATO ၏ ထပ်မံတိုးချဲ့ခြင်းသည် ဒေသတွင်းလုံခြုံ‌ရေးအပေါ် ဆိုးရွားစွာ ထိခိုက်စေကြောင်း ပြောဆိုသွားပါသည်။

ဒိန်းမတ်ပညာရှင်၊ နိုင်ငံဖြတ်ကျော် ငြိမ်းချမ်းရေးနှင့်အနာဂတ်သုတေသန ရန်ပုံငွေအသင်း တည်ထောင်သူ Obery ။ ။ ဖင်လန်၊ ဆွီဒင်တို့သည် မအောင်မြင်သော အဖွဲ့အစည်း နှင့်ပူးပေါင်းနေကြသည်။ ၎င်းအဖွဲ့အစည်းသည် ခေတ်နောက်ကျပြီ ဖြစ်သည်။ NATO အတွင်းသို့ ပါဝင်သည့် ဆုံးဖြတ်ချက်သည် အလွန်ဆိုးရွားသော ဆုံးဖြတ်ချက်ဖြစ်သည်ဟု ကျွန်တော် ထင်မြင်သည်။ ဆွီဒင်ပြည်သူများ၊ ဖင်လန်ပြည်သူများသည် မည်သည့်အကျိုးသက်ရောက်မှုများ ရရှိနိုင်မည်မဟုတ်ပါ။ NATOသည် အခွန်ထမ်းသူများ လိုလားချက်များဖြစ်သည့် တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ပေးနိုင်မည်မဟုတ်ပေ။ လက်ရှိတွင် NATOတည်ထောင်ပြီးကတည်းက အဆိုးရွားဆုံးသောအခြေအနေသို့ ရောက်ရှိနေပါသည်။ မည်သူ့ကြောင့် ဤပဋိပက္ခများဖြစ်ပေါ်ရသည်ကို ကျွန်တော်တို့မေးမြန်းရပါမည်။


အမေရိကန်နိုင်ငံစစ်ဗိုလ်ဟောင်း။ ။ NATO ဆက်လက်တိုးချဲ့ခြင်းသည် စစ်မှန်သောအန္တရာယ် ဖြစ်သည်။

ယခင်အမေရိကန်နိုင်ငံ မရိန်းတပ်ဖွဲ့ထောက်လှမ်းရေးအရာရှိ Scott Ritter သည် ယခုလက်ရှိ ယူကရိန်းအခြေအနေတွင် အမေရိကန်နိုင်ငံသည် ယူကရိန်းအပေါ် ငွေကြေးနှင့်လက်နက်များ ထောက်ပံ့ပေးသည့် လုပ်ဆောင်ချက်ကြောင့် ပဋိပက္ခများ ပိုမိုဆိုးရွားလာကြောင်း ပြောဆိုခဲ့သည်။ အနာဂတ်တွင် အမေရိကန်နိုင်ငံ ဦးဆောင်သည့် NATO သည် ထပ်မံတိုးချဲ့မှု လုပ်ဆောင်လာပါက အခြေအနေ ပိုမိုအန္တရာယ်ဖြစ်စေမည်ဖြစ်သည်။

ယခင်အမေရိကန်နိုင်ငံ မရိန်းတပ်ဖွဲ့ ထောက်လှမ်းရေးအရာရှိ Scott Ritter ။ ။ အမေရိကန်နိုင်ငံ Biden အစိုးရသည် ယခုလက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကို ယူကရိန်းလူမျိုး နောက်ဆုံးတစ်ယောက်ကျန်သည့်အထိ လုပ်ဆောင်သွားမည်ဖြစ်သည်။ ၎င်းသည် တွန်းတင်လုပ်ဆောင်နေသည့်လမ်းကြောင်း ဖြစ်သည်။ ယူကရိန်းသည် ပိုမိုကြီးမားသော ထိခိုက်ဆုံးရှုံးမှုခံရမည် ဖြစ်သည်။ စစ်မှန်သော အန္တရာယ်မှာ NATO သည် ဖင်လန်သို့တိုးချဲ့သွားခြင်း ဖြစ်သည်။ ကျွန်တော်တို့ တွေ့မြင်ရသောအန္တရာယ်သည် ရုရှားနှင့် NATO အတွင်း၏ ပဋိပက္ခများသာဖြစ်သော်လည်း ၎င်းအတွင်း၌ အမေရိကန်စစ်တပ်ပါဝင်လာခြင်းကို မည်သူမျှ မလိုလားကြပေ။ သို့သော် ကျွန်တော်တို့သည် ၎င်းလမ်းကြောင်းအတိုင်း ဆက်လက် တွန်းတင်နေခြင်း ဖြစ်သည်။ ရုရှားပဋိပက္ခများကို ငြိမ်းချမ်းစွာဖြေရှင်းလိုသည်ဟုဆိုပြီး အမေရိကန် အခွန်ထမ်းသူများ၏ သန်းပေါင်းသောင်းချီသော အမေရိကန်ဒေါ်လာများကို ၎င်းအတွင်းသို့ထည့်သွင်း ပြီး ပဋိပက္ခကို ပိုမိုကြီးမားလာအောင် မလုပ်ဆောင်သင့်ပါ။
(အရင်းအမြစ်။ CCTV News ၊ ဘာသာပြန်၊ Yunnan gateway)