တင်းနစ်အားကစားသည် ကျောပိုးခြင်းတောင်းလွယ်သော လူငယ်တစ်ဦး၏ဘဝကို ပြောင်းလဲစေခဲ့

2022-09-14 20:57:19
အရင်းအမြစ်:新华网

ဝ တိုင်းရင်းသားလူငယ် ဝမ်ဖားသည် တရုတ်-မြန်မာနယ်စပ် ယူနန်ချန်းယွမ်တွင် နေထိုင်သည်။ ကွမ်ကျိုး နန်စားဖလားပြိုင်ပွဲတွင် ၂၀၂၂ ခုနှစ် ASICS လူငယ်တင်းနစ်အားကစားပြိုင်ပွဲ ကွမ်ကျိုး U14 အသင်း အမျိုးသားတစ်ဦးချင်း ချန်ပီယံကို ရရှိပြီးနောက် ယူနန်ပြည်နယ်မှ အဖော်တစ်ဦးသည် ဝတိုင်းရင်းသားထူးခြားချက်ရှိသော ဝါးခြင်းတောင်းကို ဝမ်ဖားအတွက် အထူးသယ်ဆောင်ပေးခဲ့သည်။ ဓာတ်ပုံဆရာက ဝမ်ဖား၏ ဘက်တံကို ခြင်းတောင်းထဲသို့ထည့်ပြီး ဓာတ်ပုံရိုက်ပေးခဲ့သည်။ ဤသို့ဖြင့် အွန်လိုင်းပေါ်တွင် ရေပန်းစားသည့် ခြင်းတောင်းချန်ပီယံဓာတ်ပုံများ ထွက်ပေါ်လာပါသည်။

ဝမ်ဖားသည် ယူနန်ချန်းယွမ်မှ တင်းနစ်အားကစားနှင့်ထိတွေ့သော ပထမအသုတ်ကလေးများ ဖြစ်ကြပါသည်။ ၂၀၁၆ ခုနှစ် ယူနန်ဆင်ရိုင်းတင်းနစ်ကလပ်မှ ဝမ်ဖားကို အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့သည်။ တင်းနစ် လေ့ကျင့်မှုသည် အလွန်ခက်ခဲလှသည်။ နေ့စဉ်ဘက်တံကို အကြိမ်(၇၀၀၀)အထက် လွှဲရသည်။ ညနေတွင် အချိန်(၂)နာရီကြာသော ကာယလေ့ကျင့်ခန်း ဆက်တိုက်လုပ်ဆောင်ရသည်။ ညအချိန်တွင် ယဉ်ကျေးမှုအတန်းတွင် ပညာသင်ယူရသေးသည်။ ဝမ်ဖားသည် တင်းနစ်အားကစားလုပ်သည့် အခွင့်အရေးတိုင်းကို အလွန်တန်ဖိုးထားပါသည်။ ဤအကြိမ်အားကစားပြိုင်ပွဲသည် တောင်ကြီးထဲမှ ပထမဆုံး ထွက်လာရခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် ချန်ပီယံရယူခြင်းဖြစ်သည်။ တင်းနစ်သည် ဝမ်ဖား၏ဘဝလမ်းကြောင်းကို ပြောင်းလဲစေခဲ့ပါသည်။ သူ့တွင် “ကျွမ်းကျင်အားကစားသမား”ဖြစ်လိုသည့် အိပ်မက် ရှိနေပါသည်။
(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway၊ ပုံ၊ Li Jianyi)

တင်းနစ်အားကစားသည် ကျောပိုးခြင်းတောင်းလွယ်သော လူငယ်တစ်ဦး၏ဘဝကို ပြောင်းလဲစေခဲ့