“ကြိုးလိုင်းဆွဲပြီးမြစ်ဖြတ်ခြင်း”မှ မြစ်ဖြတ်တံတားကြီးအထိ

2022-09-27 19:32:18
အရင်းအမြစ်:新华网

ယူနန်နုကျန်းမြစ် လီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတွင် “ကြိုးလိုင်းဆွဲပြီးမြစ်ဖြတ်ခြင်း” သည် နုကျန်းမြစ်ကမ်းနှစ်ဖက်မှ ပြည်သူများ သွားလာရာတွင် အရေးပါသောလမ်းကြောင်း တစ်ခုဖြစ်ခဲ့သည်။ အဆက်မပြတ်စီးဆင်းနေသော နုကျန်းမြစ်နှင့် မြင့်မားသောတောင်တန်းများသည် ဤနေရာ၏ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးသော “သဘာဝခြောက်ကြီး”များ ဖြစ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် တရုတ်နိုင်ငံသည် “ကြိုးလိုင်းကို တံတားပြောင်း”ဟူသော စီမံကိန်းကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းကြောင့် နုကျန်းပြည်နယ်ခွဲ နုကျန်းမြစ်ပေါ်ရှိ ကြိုးလိုင်း(၄၂)တွဲသည် မြစ်ဖြတ်တံတားကြီး(၃၆)ခုအဖြစ်သို့ ဆောက်လုပ်နိုင်ခဲ့ပါသည်။
လက်ရှိ နုကျန်းမြစ်ပေါ်တွင် ကားများဖြတ်သန်းသွားလာနိုင်သော ခေတ်ပေါ်တံတားကြီးများသာမက လူနှင့် တိရစ္ဆာန်များပါဖြတ်သန်းသွားလာနိုင်သော အပန်းဖြေတံတားများလည်းရှိပါသည်။ ၂၀၂၀ ပြည့်နှစ် နုကျန်းပြည်နယ်ခွဲရှိ ဆင်းရဲနွမ်းပါးသူဦးရေပေါင်း(၂.၆၉၆)သိန်းသည် ဆင်းရဲနွမ်းပါးမှုမှ လုံးဝကင်းလွတ်နိုင်ခဲ့ပါသည်။
(သတင်းရင်းမြစ်၊ ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)

“ကြိုးလိုင်းဆွဲပြီးမြစ်ဖြတ်ခြင်း”မှ မြစ်ဖြတ်တံတားကြီးအထိ