နှစ်ပေါင်းထောင်ချီ စီးဆင်းနေသော ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း

2022-10-14 15:34:59
အရင်းအမြစ်:新华网

ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်းသည် ဘီစီ ၇၇၀ မှ ဘီစီ ၄၇၆ ခုနှစ်ကာလ ချွန်ချိုခေတ်တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ တောင်ပိုင်းနှင့်မြောက်ပိုင်းကို ချိတ်ဆက်ထားပါသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် တူးဖော်ခြင်းအစောဆုံးသော၊ အတိုင်းအတာအကြီးမားဆုံးသော၊ အရှည်လျားဆုံးသော လူအားဖြင့် တူးဖော်သည့် မြစ်ကြီးဖြစ်သည်။

ရေကြောင်းလမ်းသည် အဓိကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ်ရှိခဲ့သော ရှေးခေတ်ကာလတွင် ပေကျင်း-ဟန်ကျိုးမဟာတူးမြောင်းတစ်လျှောက်တွင် စီးပွားရေးအလွန်ဖြစ်ထွန်းပြီး စည်ကားလှပါသည်။ ယခုအချိန်တွင် တူးမြောင်းတစ်လျှောက်ရှိ ပြည်နယ်များသည် မဟာတူးမြောင်းအမွေအနှစ်ကောင်း ထိန်းသိမ်းစောင့်ရှောက်ခြင်းအပြင်၊ ဂေဟဗေဒပတ်ဝန်းကျင်ကာကွယ်ခြင်း၊ ယဥ်ကျေးမှုနှင့်ခရီးသွားလာ ရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆင့်မြှင့်တင်ပြောင်းလဲခြင်း စသည်တို့ဆောင်ရွက်ခြင်းမှတစ်ဆင့် ပြန်လည်နုပျို ရန် ရှန်သန်မှုစွမ်းအားသစ်ကို ထည့်သွင်းပေးလျက်ရှိသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန။ ဘာသာပြန်- Yunnan gateway)

နှစ်ပေါင်းထောင်ချီ စီးဆင်းနေသော ပေကျင်း-ဟန်ကျိုး မဟာတူးမြောင်း