တိဗက်သိုးများ နှစ်စဥ်နှစ်တိုင်းတွင် ကီလိုမီတာ ၃၀၀ မှ ၄၀၀ ခရီးဝေးနှင်ကြ

2022-10-28 19:05:14
အရင်းအမြစ်:新华网

တိဗက်သိုးသည် တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ခေါ်ခေါ်ရှ်လီ၊ ရှီးဇန့်ဒေသ၏ ချမ်းထန်၊ ရှင်းကျန်း ဒေသ၏ အာလ်ကျင်တောင် စသည့်သဘာဝကာကွယ်ထိန်းသိမ်းရေးနယ်မြေတွင် အမြဲနေထိုင် ကြပါသည်။ နှစ်စဥ်နှစ်တိုင်း၏ မေလပိုင်းတွင် တိဗက်သိုးမများသည် တစ်အုပ်ပြီးတစ်အုပ် သူတို့ မူရင်းနေထိုင်ရာအရပ်မှ ထွက်ခွာပြီး ခရီးဝေးနှင်ကာ ရွှေ့ပြောင်းနေထိုင်ပြီး သိုးကလေး မွေးဖွားလေ့ ရှိသည်။ ဇူလိုင်လမှ သြဂုတ်လအကြားတွင် မွေးကင်းစသိုးများနှင့်အတူ မူရင်းနေထိုင်ရာအရပ်သို့ ပြန်လာကာ တိဗက်သိုးအဖိုများနှင့် ဆုံတွေ့လေ့ရှိသည်။ တိဗက်သိုးမများ သွားလာသောခရီးအကွာ အဝေးသည် ကီလိုမီတာ ၃၀၀ မှ ၄၀၀ ဝန်းကျင်ရှိသည်။

(သတင်းရင်းမြစ်- ဆင်ဟွာသတင်းဌာန Wechat အကောင့်၊ ဘာသာပြန်- Yunnan gateway)

တိဗက်သိုးများ နှစ်စဥ်နှစ်တိုင်းတွင် ကီလိုမီတာ ၃၀၀ မှ ၄၀၀ ခရီးဝေးနှင်ကြ