ဆောင်းဦးရာသီရှိ မုထျိန်ရိ မဟာတံတိုင်းရှည်ကြီးအပိုင်း

2022-10-31 18:34:54
အရင်းအမြစ်:新华网

ရွှေရောင်လှပသော ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ဆင်ခြေဖုန်းရပ်ကွက်ရှိ မုထျိန်ရိမဟာတံတိုင်းရှည်ကြီးအပိုင်းသည် ရွှေရောင်ဖြစ်နေပြီး ခရီးသည်များကို များစွာ ဆွဲဆောင်လျက်ရှိနေသည်။

မုထျိန်ရိမဟာတံတိုင်းရှည်ကြီးသည် ၁၉၈၇ ခုနှစ်တွင် ကုလသမဂ္ဂယူနက်စကိုအဖွဲ့မှ “ကမ္ဘာ့ယဥ်ကျေးမှုအမွေအနစ်”စာရင်းတွင် ထည်သွင်းခဲ့သည်။ မုထျိန်ရိမဟာတံတိုင်းရှည်ကြီးတစ်လျှောက်တွင် တောင်တန်းထူထပ်ပြီး သစ်ပင်ဖုံးလွှမ်းမှုနှုန်းသည် ၉၀% အထက် ရှိသည်။ “မဟာတံတိုင်းရှည်ကြီးအနက် မုထျိန်ရိအပိုင်းသည် ရှုခင်းအလှပဆုံး”ဟူ၍ ပြောစမှတ်ရှိသည်။
(သတင်းရင်းမြစ်- ဆင်ဟွာသတင်းကွန်ရက်၊ ဘာသာပြန်- Yunnan gateway)

ဆောင်းဦးရာသီရှိ မုထျိန်ရိ မဟာတံတိုင်းရှည်ကြီးအပိုင်း