ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲ ပင်မ မီဒီယာ စင်တာ၏ မြင်ကွင်းများ

2022-01-12 15:22:38 |သတင်းအရင်းအမြစ် 新华网

၂၀၂၂ ခုနှစ် ပေကျင်း ဆောင်းရာသီ အိုလံပစ်နှင့် ဆောင်းရာသီ မသန်စွမ်းအိုလံပစ်အားကစားပွဲ၏ ပင်မ မီဒီယာ စင်တာ စီမံခန့်ခွဲမှုများ တရားဝင်စတင်ပြီဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်မှ ၂၂ ရက် စမ်းသပ်လည်ပတ်သည့်ကာလအတွင်း ကမ္ဘာ့အနယ်နယ်အရပ်ရပ်မှ သတင်းမီဒီယာသမား ၁,၇၀၀ ကျော် ပင်မ မီဒီယာ စင်တာသို့ လာရောက်၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မည်ဟု ခန့်မှန်းထားပြီး ပြိုင်ပွဲကာလအတွင်းတွင် နေ့စဉ် သတင်းမီဒီယာ၊ရိုက်ကူးရေးနှင့် ပြန်လည်ထုတ်လွှင့်ခွင့်ရရှိသည့် ဌာနများမှ လူပေါင်း ၅,၀၀၀ မှ ၆,၀၀၀ခန့် လက်ခံပေးနိုင်မည်ဟု ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းအိုလံပစ်ကော်မတီတို့၏ သတင်းမီဒီယာနှင့်သတင်းစာနယ်ဇင်းလှုပ်ရှားမှုများ ရုံးချုပ်ကိုလည်း ယင်းစင်တာတွင် ထားရှိမည်ဖြစ်သည်။

အဆိုပါ ပင်မမီဒီယာစင်တာသည် အမျိုးသားကွန်ဗားရှင်းစင်တာ၏ ဒုတိယအပိုင်းတွင်ရှိရာ ယင်းကွန်ဗားရှင်းစင်တာ၏ပထမအပိုင်းဖြစ်သည့် ၂၀၀၈ ခုနှစ် ပေကျင်း နွေရာသီ အိုလံပစ် ပင်မ သတင်းမီဒီယာစင်တာ၊ နိုင်ငံတကာရုပ်သံထုတ်လွှင့်ရေးစင်တာနှင့် တစ်လမ်းသာခြားထားသောကြောင့်တစ်မူထူးခြားသည့် “တောင်-မြောက် ၊ နွေရာသီ-ဆောင်းရာသီ အိုလံပစ်” ပေကျင်းမြင်ကွင်းကို ပုံပေါ်စေသည်။

ပင်မ မီဒီယာစင်တာတွင် သတင်းမီဒီယာစင်တာ MPCနှင့် နိုင်ငံတကာရုပ်သံထုတ်လွှင့်ရေးစင်တာ IBC ဟူ၍ အဓိက နှစ်ပိုင်းပါရှိရာ မှတ်ပုံတင်ထားသည့် မီဒီယာသမားနှင့်ပြန်လည်ထုတ်လွှင့်ရေးဌာနများ၏ ပြိုင်ပွဲကာလ ရုံးချုပ်နေရာ ဖြစ်သလို ပေကျင်း ဆောင်းရာသီအိုလံပစ်ကော်မတီ၊ အပြည်ပြည်အိုလံပစ်ကော်မတီနှင့် နိုင်ငံဒေသအသီးသီ အိုလံပစ်ကော်မတီများ၏ သတင်းအချက်အလက်များထုတ်ပြန်ရာစင်တာ မီဒီယာဝန်ဆောင်မှုနှင့်သွားလာရေးစင်တာ အဓိကနေရာ ဖြစ်သည်။ (Xinhua)