တရုတ်နိုင်ငံ၏ တရားမျှတသည့် ရပ်တည်မှုအပေါ် ရုရှား-ယူကရိန်းနှစ်နိုင်ငံစလုံးက တန်ဖိုးထားချီးကျူး

2022-05-07 17:42:17 |သတင်းအရင်းအမြစ် 新华网

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ယူကရိန်းနိုင်ငံအရေးအတွက် တရုတ်နိုင်ငံ၏ တရားမျှတသည့်ရပ်တည်ချက်အပေါ် ရုရှား ဖြစ်စေ၊ ယူကရိန်းဖြစ်စေ နှစ်နိုင်ငံစလုံးက တန်ဖိုးထားချီးကျူးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၅ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးတွင် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်း ဆိုသည်။

ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အစဉ်အမြဲ ရှင်းလင်းမှုရှိကြောင်း ယင်းနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ကျောက်လိကျန်းက ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာန၏ ယခုကာလအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးအား မေးမြန်းသည့် အင်တာဗျူးအကြောင်းအရာများကို ထုတ်ပြန်ပြီး ဖြစ်ကြောင်း ၊ “ရုရှားဘက်က ဖြစ်စေ၊ ယူကရိန်းဘက်ကဖြစ်စေ ၊ တရုတ်နိုင်ငံရဲ့ ယူကရိန်းအရေးအပေါ် တရားမျှတတဲ့ ရပ်တည်ချက်ကို နှစ်ဖက်စလုံးက တန်ဖိုးထားချီးကျူးခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအရေးမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမှာ ဖြစ်ပါတယ်” ၊ တရုတ်နိုင်ငံက ပဋိပက္ခများ ဆောလျင်စွာ ချုပ်ငြိမ်းရန် မျှော်လင့်သလို သက်ဆိုင်ဘက်ပေါင်းစုံက ယူကရိန်းအရေးတွင် မီးလောင်ရာလေပင့်လုပ်ဆောင်မှုကိုလည်း ရပ်တန့်စေလိုကြောင်း၊ ပဋိပက္ခသက်ဆိုင်သူများ စားပွဲဝိုင်းတွင် ထိုင်ပြီး တွေ့ဆုံဆွေးနွေးညှိနှိုင်းစေလိုကြောင်း ကျောက်လိကျန်းက ပြောကြားခဲ့သည်။ (Xinhua)