တရုတ်နိုင်ငံ၏ အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှု ပထမလေးလအတွင်း ၈ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်
တရုတ်နိုင်ငံ၏ အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှုများမှာ ယခုနှစ် ပထမလေးလအတွင်း တိုးတက်မှုအရှိန်အဟုန်အား ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသား အထည်အလိပ် နှင့် အဝတ်အစားကောင်စီက တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်ကို ကိုးကား၍ ပြောကြားခဲ့သည်။အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှုများသည် ဇန်နဝါရီလမှ ဧပြီလအထိ အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၈၄ ဘီလီယံအထိ နှစ်အလိုက် ၈ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။
အထည်အလိပ်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၈၂ ဘီလီယံ ရှိပြီး ယခင်နှစ်ကထက် ၁၁ ဒသမ ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ အဝတ်အစားတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၀၂ ဘီလီယံ ရှိပြီး နှစ်အလိုက် ၆ ဒသမ ၁၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။
ဧပြီ တစ်လတည်းတွင် တရုတ်နိုင်ငံ၏ အထည်အလိပ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၅၉ ဘီလီယံအထိ နှစ်အလိုက် ၁ ဒသမ ၆၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။ (Xinhua)