ကမ္ဘာ့လူ့အခွင့်အရေးကဏ္ဍ တိုးတက်ရေး တရုတ်နိုင်ငံ၏အကျိုးဆောင်မှု

2022-05-28 16:53:19
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ခွန်းဆန်းမြို့ မြန်ရှီးမြို့နယ် ချန်ယွန်တောင်သူများ ဂျုံရိတ်သိမ်းလာသည်ကို မေ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လူ့အခွင့်အရေးကဏ္ဍသည် လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ခြင်း၏ အမှတ်သညာဖြစ်သည်။ တရုတ်နိုင်ငံအစိုးရသည် ပြည်သူကို ဗဟိုပြု၍ လေးစားမှုနှင့်လူ့အခွင့်အရေးအာမခံမှုကို နိုင်ငံရေးရာ စီမံခန့်ခွဲမှု၏ အရေးကြီးလုပ်ငန်းစဉ်အဖြစ် ကာလကြာရှည်ဆောင်ရွက်လာခဲ့ရာ မိမိနိုင်ငံ၏ လူ့အခွင့်အရေးကဏ္ဍတွင် သမိုင်းဝင်အောင်မြင်မှုရရှိအောင် တွန်းအားပေးနိုင်ခဲ့သလို ကမ္ဘာ့လူအခွင့်အရေးကဏ္ဍတိုးတက်ရေးအတွက် အစားထိုးမရသည့် ထင်ရှားသော အကျိုးဆောင်မှု ရှိခဲ့သည်။

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ခွန်းဆန်းမြို့ မြန်ရှီးမြို့နယ် ချန်ယွန်တောင်သူများ ဂျုံရိတ်သိမ်းလာသည်ကို မေ ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် လူဦးရေ သန်းပေါင်း ၁၄၀၀ ကျော် ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးကဏ္ဍ တိုးတက်ခြင်းသည်ပင်လျှင် ကမ္ဘာ့လူ့အခွင့်အရေးကဏ္ဍ၏အရေးကြီးသည့် အကျိုးဆောင်မှု ဖြစ်သည်။

အသက်ရှင်သန်နေထိုင်ခွင့်ကို အစဉ်အမြဲ ထိပ်တန်းဦးစားပေးနေရာတွင် ထားရှိသည့်
တရုတ်နိုင်ငံသည် ကမ္ဘာ့မြေ ၉ ရာခိုင်နှုန်းမပြည့်သော နေရာအကျယ်အဝန်း၌ တစ်ကမ္ဘာလုံး လူဦးရေ၏ ငါးပုံတစ်ပုံကို ရှင်သန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး လူမှုဖူလုံရေးစနစ်နှင့်ပြည်သူတစ်ရပ်လုံး ကျန်းမာရေးကဏ္ဍအာမခံကွန်ရက်ကို တည်ဆောက်နိုင်ခဲ့သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ခွင့် မြှင့်တင်ရေးကို အစဉ်အမြဲ ဦးစားပေး ဆောင်ရွက်လျက်ရှိရာ အကြွင်းမဲ့ ဆင်းရဲနွမ်းပါးမှု(absolute poverty)ပြဿနာကို သမိုင်းဝင် ဖြေရှင်းနိုင်ခဲ့ပြီး ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး ရည်မှန်းချက်ကို ၁၀ နှစ် ဆောလျဉ်းစွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။


ပို၍ကြည်လင်လာသည့် အပြာရောင်ကောင်းကင်၊ ပို၍ အေးချမ်းစိမ်းလန်းစိုပြေလာသည့် တောတောင်ရေမြေရှိရာ တရုတ်နိုင်ငံတွင် တရုတ်လူမျိုးတို့၏ အသက်ရှင်နေထိုင်မှုသက်တမ်းက ပို၍ရှည်လာသလို အမျိုးသမီးနှင့်ကလေးငယ် စသည့် အထူးလူပုဂ္ဂိုလ်အုပ်စုများအတွက် အာမခံချက် ပို၍ များပြားလာသည်။ ခေတ်ရေစီးကြောင်းနှင့်လျော်ညီသော၊ မိမိနိုင်ငံ၏အခြေအနေနှင့်သင့်လျော်သော လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့သည်။


တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာသည့် လမ်းစဉ်တစ်ခုလုံးတွင် ပြည်သူ့ဒီမိုကရေစီဖြစ်ရာ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး အာမခံခြင်းကို တွန်းအားပေးဆောင်ရွက်၍ လူမှုအသိုက်အဝန်း တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခဲ့ခြင်းကြောင့် ပို၍ကျယ်ပြန့်၊ ပြည့်စုံ ကြွယ်ဝသော ဒီမိုကရေစီကို တရုတ်ပြည်သူများ ခံစားခွင့်ရှိခြင်းကြောင့် တရုတ်ပြည်သူများ၏လူ့အခွင့်အရေးသည် ယခင်က မရှိခဲ့ဖူးသော အာမခံချက်များ ရှိလာသည်။

တရုတ်နိုင်ငံက လူ့အခွင့်အရေးကဏ္ဍတွင် သာမန်ထက်ကျော်လွန်သည့်အောင်မြင်မှု ရရှိခဲ့ခြင်းကို ကမ္ဘာက ပို၍ သိရှိလာပြီး မိမိနိုင်ငံ လူအခွင့်အရေးအခြေအနေကို ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် အလားတူ အလေးထား တွန်းအားပေးဆောင်ရွက်စေလိုကြသလို တရုတ်နိုင်ငံအပေါ် နားလည်မှုနှင့်အသိအမှတ်ပြုမှုများ ပိုများလာကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စီးပွားရေးနှင့်စီးပွားရေးမူဝါဒဆိုင်ရာဌာန ဌာနမှူး John Ross က ဆိုသည်။

ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစီမံခန့်ခွဲမှုတွင် တရုတ်နိုင်ငံက ဘက်စုံပါဝင်၍ လူအခွင့်အရေးကဏ္ဍ စီမံခန့်ခွဲမှု ပို၍ တရားမျှတ သင့်လျော်မှုနှင့် အများပါဝင်မှုရှိရေး ဦးတည်ရာသို့ တိုးတက်ဖွံ့ဖြိုးအောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်အဖြစ် ၅ ကြိမ် ရွေးချယ်ခံရသလို နိုင်ငံတကာ လူ့အခွင့်အရေးစာတမ်း ၂၆ ခုကို ခွင့်ပြုခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းရှိခဲ့ရာ ၎င်းတွင် ကုလသမဂ္ဂ၏အဓိကလူ့အခွင့်အရေး သဘောတူညီချက်များ ပါဝင်ခဲ့ပြီး တရုတ်နိုင်ငံ၏ဥပဒေ၊မူဝါဒနှင့်သဘောတူညီချက်များကို အလေးထား ချိတ်ဆက်ဆောက်ရွက်ခဲ့သည်။ နိုင်ငံ သို့မဟုတ် အဖွဲ့အစည်းပေါင်း ၂၀ ကျော်နှင့် တရုတ်နိုင်ငံသည် လူ့အခွင့်အရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သလို တန်းတူညီတူနှင့်အပြန်အလှန်လေးစားမှုကို အခြေခံကာ အပြန်အလှန်နှီးနှောဖလှယ်ခြင်းဖြင့် ကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်းခဲ့သည်။ တရုတ်နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ် “လူ့အခွင့်အရေးကဏ္ဍ ဖွံ့ဖြိုးမှု မြှင့်တင်ရေး”ကို နိုင်ငံတကာ လူအခွင့်အရေးစနစ်သို့ ထည့်သွင်းခဲ့ရာ ယခုနှစ်ပိုင်းများတွင် တရုတ်နိုင်ငံမှအဆိုပြုသော လူသားမျိုးနွယ်တို့၏ အေးအတူ၊ ပူအမျှအသိုက်အဝန်း (ကံကြမ္မာတူ၊ အကျိုးတူအသိုက်အဝန်း) တူစုံလက်ညီ တွန်းအားပေး တည်ဆောက်ရေးအဆိုသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အပြုသဘော တက်ကြွသည့် တုံ့ပြန်မှုများ ရရှိခဲ့သည်။ ၎င်းကို ကုလသမဂ္ဂစာတမ်းအများအပြားတွင် ထည့်သွင်းရေးသားခဲ့ရာ နိုင်ငံတကာ လူ့အခွင့်အရေးကဏ္ဍစီမံခန့်ခွဲရေးသည် ပိုမို တရားမျှတ သင့်လျော်၍ အများပါဝင်မှုရှိသော ဦးတည်ရာသို့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

ဂိုင်ယာနာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Moses Nagamootoo က တရုတ်နိုင်ငံ၏ ပြည်သူကိုဗဟိုပြုသည့် လူအခွင့်အရေး အတွေးအမြင်သည် နိုင်ငံအသီးသီး လေ့လာထိုက်ကြောင်း ၎င်း၏အယူအဆကို ပြောခဲ့သည်။

နယ်သာလန်နိုင်ငံ VU Amsterdam တက္ကသိုလ် ယဉ်ကျေးမှုဖြတ်ကျော် လူအခွင့်အရေးဆိုင်ရာစင်တာ ညွှန်ကြားရေးမှူး Tom Zwart က လူသားမျိုးနွယ်တို့၏ အေးအတူ၊ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေး တရုတ်နိုင်ငံ၏အဆိုပြုချက်သည် လူအခွင့်အရေးကဏ္ဍ နိုင်ငံတကာအဆိုတွင် စဉ်ဆက်မပြတ်သော ကဏ္ဍသစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအများအပြားတွင် စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးနှင့် လူမှုဘဝတည်ဆောက်ရေးများအတွက် အားပေးကူညီ၍ ကမ္ဘာ့ လူ့အခွင့်အရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးလျက်ရှိသည်။

အာရှ၊ အာဖရိက၊ လက်တင်အမေရိက စသည့် ဖွံ့ဖြိုးဆဲနိုင်ငံနှင့်ဒေသများ၌ အခြေခံအဆောက်အအုံ၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေးစသည့်ကဏ္ဍများအတွက် တရုတ်နိုင်ငံသည် ကာလကြာရှည်ကူညီပံ့ပိုးဆောင်ရွက်မှုများ ရှိခဲ့သည်။ TAZARA Railway မှသည် မော်ရီတေးနီးယား ချစ်ကြည်ရေးဆိပ်ကမ်းထိလည်းကောင်း၊ တရုတ်-အာဖရိက ချစ်ကြည်ရေးဆေးရုံမှသည် လာအိုနိုင်ငံ လွမ်ပရာဘွမ်ဆေးရုံအထိလည်းကောင်း၊ တရုတ်နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဒေသများအတွက် အခြေခံအဆောက်အအုံ ပမာဏအများပြား ကူညီတည်ဆောက်ပေးခဲ့ရာ ယင်းဒေသများအတွက် အဓိကကျသော စီးပွားရေး၊ လူမှုဘဝတည်ဆောက်ရေးလုပ်ငန်းများ ဖြစ်ခဲ့သည်။

“ရပ်ဝန်းနှင့်ပိုးလမ်းမ(BRI)” အတူတည်ဆောက်ခြင်းက သက်ဆိုင်ရာနိုင်ငံများရှိ လူပေါင်း ၇.၆ သန်းကို အလွန်အမင်း ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းစေနိုင်ပြီး လူပေါင်း ၃၂ သန်းကို အလယ်အလတ် ဆင်းရဲနွမ်းပါးမှုမှ လွတ်ကင်းစေနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏သုတေသနအစီရင်ခံစာအရ သိရသည်။

၂၀၂၁ ခုနှစ် ဧပြီလအထိ တရုတ်နိုင်ငံမှ ပြည်ပသို့ စေလွှတ်သော ဆေးဘက်ဆိုင်ရာအဖွဲ့ဝင် ၂၇,၀၀၀ ၊ ကုသပေးခဲ့သည့်လူနာပေါင်း သန်း ၂၈၀ ရှိပြီဖြစ်သည်။ လူသားတို့၏ကျန်းမာရေးကဏ္ဍ အေးအတူ၊ ပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို တရုတ်နိုင်ငံက အားသွန်ခွန်စိုက် တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ကမ္ဘာတစ်ဝန်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်၍ ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တွန်းအားပေးအကျိုးဆောင်မှုရှိခဲ့သည်။

၂၀၂၂ ခုနှစ် မေလဆန်းပိုင်းအထိ နိုင်ငံပေါင်း ၁၅၃ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅ ခုသို့ ရောဂါကာကွယ်ရေးဝတ်စုံ ၄.၆ ဘီလီယံ၊ လူပေါင်း ၁၈ ဘီလီယံအတွက် ရောဂါစစ်ဆေးရေးပစ္စည်း၊ နှာခေါင်းစည်း ၄၃၀ ဘီလီယံ ကျော် စသည့် ကပ်ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးခဲ့သည်။

ပါကစ္စတန်အစိုးရ စီးပွားရေးမူဝါဒ အကြံပေး မိုဟာမက်ခန်းက တရုတ်နိုင်ငံသည် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများရှိ ပြည်သူများ၏ အသက်နှင့်ကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းပေးခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂရုပြုလိုသည်မှာ လူအခွင့်အရေးကို မြှင်တင်ရန်နှင့် ကာကွယ်ရန်သည် လူသားတို့၏လုပ်ငန်းစဉ်ဖြစ်ရာ လူသားတစ်ရပ်လုံး အတူကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်။ လူ့အခွင့်အရေးကဏ္ဍရပ်တွင် ပြစ်မျိုးမှဲ့မထင် “စိတ်ကူးယဉ်နိုင်ငံ” ဟူ၍ မရှိရာ အခြားသောနိုင်ငံကို လက်ညှိုးညွှန်၍ “ဆရာလုပ်”ရန် မလိုအပ်သလို လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်၊ အသုံးချကိရိယာအသွင်ပြောင်းပြီး စံနှုန်းနှစ်မျိုးထားရှိကာ လူအခွင့်အရေးအကြောင်းပြလျက် အခြားနိုင်ငံပြည်တွင်းရေး စွက်ဖက်ခြင်းက ပို၍ပင် မလုပ်ဆောင်အပ်သည့်အရာ ဖြစ်သည်။

တစ်ပွင့်တည်းသောပန်း ပွင့်လန်းခြင်းက နွေဦး၏အလှတရားကို ဖော်ဆောင်ခြင်း မဟုတ်ဘဲ၊ ပန်းပေါင်းစုံ ပွင့်လန်းခြင်းကသာ သာယာလှပသော နွေဦးကမ္ဘာမြေကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံသည် နိုင်ငံတကာလူ့အခွင့်အရေးကဏ္ဍ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေး၏ ရှေ့ဆောင်အဆိုပြုသူ၊ အကောင်အထည်ဖော်သူနှင့်တွန်းအားပေးသူအဖြစ် အစဉ်တည်ရှိနေမည် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်လာခြင်းတွန်းအားနှင့်အတူ တရုတ်ပြည်သူများ၏ အခွင့်အရေးကဏ္ဍအသီးသီးသည် ပို၍အဆင့်မြင့်သော အာမခံမှုကို မုချရရှိစေမည် ဖြစ်သလို ကမ္ဘာ့လူ့အခွင့်အရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို၍များပြားသောအကျိုးကို ဖော်ဆောင်သွားမည်ဖြစ်ပေသည်။ (Xinhua)

ကမ္ဘာ့လူ့အခွင့်အရေးကဏ္ဍ တိုးတက်ရေး တရုတ်နိုင်ငံ၏အကျိုးဆောင်မှု