သက်တမ်း နှစ် ၁၁၀ ပြည့်ပြီဖြစ်သော တရုတ်စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ယနေ့အချိန်ထိတိုင် ဓာတ်အားပေးလျက်ရှိ

2022-05-31 17:52:36
အရင်းအမြစ်:新华网

၂၀၂၂ ခုနှစ် မေလ(၂၈)ရက်နေ့သည် တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းတျိန်းအင်းအောက်ပိုင်း Tang lang chuan ပေါ်ရှိ စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် တည်ဆောက်ခြင်းနှစ် ၁၁၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ တရုတ်နိုင်ငံ ပြည်မကြီး၏ ပထမဆုံးသော ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံအနေဖြင့် စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးရုံသည် ယနေ့အချိန်အထိ ဓာတ်အားပေးလျက် ရှိပါသည်။

(၂၀)ရာစုအစောပိုင်းတွင် ယူနန်ပြည်နယ်ရှိ မျိုးချစ်ပုဂ္ဂိုလ်များသည် တရုတ်လူမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင်ဓာတ်အားပေးစက်ရုံအား တည်ဆောက်ရန် တိုက်တွန်းအဆိုပြုခဲ့ကြသည်။ ၁၉၁၀ ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့တွင် စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးရုံကို စတင် တည်ဆောက်ခဲ့ပြီး တရုတ်တစ်နိုင်ငံလုံးရှိ နေရာအနှံ့အများမှရောက်လာကြသော လက်သမား(၁၀၀၀)ကျော်သည် စစ်လုံရေကာတာတည်ဆောက်ရာနေရာတွင် စုဆည်းပြီး အခက်အခဲများစွာကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ်ဓာတ်အားပေး ဖွံ့ဖြိုးတိုးတက်မှု၏ “ရှေ့ဆောင်လမ်းပြ”များ ဖြစ်လာခဲ့သည်။ ၁၉၁၂ ခုနှစ် မေလ(၂၈)ရက်နေ့တွင် စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးရုံသည် ဓာတ်အားစတင်ထုတ်လွတ်ခဲ့ရာ ထိုနေ့ကစတင်ပြီး ကူမင်းမြို့၏ ညကောင်းကင်အား လျှပ်စစ်မီးဖြင့် ထွန်းလင်းနိုင်ခဲ့ပါသည်။

စစ်လုံရေကာတာရေအားလျှပ်စစ်ဓာတ်အားပေးရုံကို (၇)ကြိမ် တိုးချဲ့ဆောက်လုပ်ခဲ့ပါသည်။ လက်ရှိတွင် စက်ယူနစ်(၄)စုံရှိပြီး စုစုပေါင်းစက်တပ်ဆင်မှုစွမ်းရည်သည် (၇၃၆၀)ကီလိုဝပ်ရှိသည်။ နှစ်ပေါင်း(၁၁၀)အတွင်း ဤဓာတ်အားပေးရုံ၏ စုစုပေါင်းဓာတ်အားထုတ်လုပ်မှုသည် ကီလိုဝပ်တစ်ဘီလီယံကျော်ရှိပြီ ဖြစ်သည်။ ယနေ့တွင် ဓာတ်အားထုတ်လုပ်မှုကိန်းဂဏန်းမှာ အဆက်မပြတ် တိုးမြင့်လျက်ရှိပါသည်။


(အရင်းအမြစ်၊ xinhuaကွန်ရက်၊ ဘာသာပြန်၊ Yunnan gateway)
 

သက်တမ်း နှစ် ၁၁၀ ပြည့်ပြီဖြစ်သော တရုတ်စစ်လုံရေကာတာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ယနေ့အချိန်ထိတိုင် ဓာတ်အားပေးလျက်ရှိ