စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းနည်းဖြင့် မှာယူထားသောကုန်စည်အား ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့

2022-05-31 18:00:19
အရင်းအမြစ်:云南日报

 

မေလ ၂၅ ရက်နေ့တွင် ယူနန် လင်ရွက်(Ling Yue)ကူးသန်းရောင်းဝယ်ရေးကုမ္ပဏီလီမိတက် (အောက်တွင် “လင်ရွက်”ဟု အတိုချုံးရေးသားပါမည်)သည် စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းနည်းဖြင့် မှာယူထားသော စုစုပေါင်း ဒေါ်လာ ၂.၂၉ သိန်းတန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းတစ်သုတ်အား တရုတ်နိုင်ငံ ယူနန်ပြည်နယ် လင်ချမ်းချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခုအကြိမ် ကုန်စည်တစ်သုတ်သည် စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းနည်းဖြင့် မှာယူထားသော ပစ္စည်းကို ချင်းရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ပသို့ ပထမဆုံးအကြိမ် တင်ပို့ခြင်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းနည်းဖြင့် ကုန်စည်မှာယူခြင်းကုန်သွယ်ရေးနည်းလမ်းဆိုသည်မှာ သက်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသော ကုမ္ပဏီသည် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စျေးဆိုင်များစုံဆည်းရာနေရာတွင် ဝယ်ယူသော ကုန်စည်များ ကို ရည်ညွန်းပြီး တစ်ကြိမ်တည်းတွင် အကောက်ခွန်ရှင်းလင်းခြင်းလုပ်ဆောင်သော ကုန်စည်တန်ဖိုး ၁.၅ သိန်း ဒေါ်လာထိ (၁.၅ သိန်းဒေါ်လာ အပါအဝင်) ၊ ထို့ပြင် ဝယ်ယူသောနေရာတွင် အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ဆောင်ရွက်ချက် လုပ်ဆောင်လိုသော နိုင်ငံခြားတင်ပို့မည့်ကုန်သွယ်ရေးနည်းတစ်မျိုးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ကူမင်း Junfa Luo si wan အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစျေးကြီးနှင့် ရွှေလီနိုင်ငံတကာကုန်သွယ်ရေးစျေးသည် တရုတ်နိုင်ငံအမျိုးသားစျေးကွက်ရွေးချယ်ဝယ်ယူခြင်း ကုန်သွယ်ရေးအား ဆောင်ရွက်နိုင်သော ရှေ့ပြေးစမ်းသပ်ရေးနေရာအဖြစ် သတ်မှတ် အတည်ပြုထားသည်။

“လက်သည်းညှပ်ကအစ အိမ်ဆောက်ပစ္စည်းအထိ မှတ်ပုံတင်နေရာက Junfa Luo si wan အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးစျေးကြီးထဲမှာရှိတဲ့၊ ပြည်ပသို့ တင်ပို့ရောင်းချရေးလိုင်စင်ရှိတဲ့ ဘယ်ကုမ္ပဏီကမဆို စျေးကွက်ကနေ ရွေးချယ်ဝယ်ယူခြင်းနည်းနဲ့ ကုန်ပစ္စည်းဝယ်ယူနိုင်တယ်။ ကျွန်မတို့က မြန်မာဘက်ဧည့်သည်တွေရဲ့ လိုအပ်ချက်စာရင်းအရ Junfa Luo si wan ထဲမှာ ပစ္စည်းရွေးချယ် ဝယ်ယူခဲ့တယ်။ ကူမင်းစာတိုက်အကောက်ခွန်ရှင်းလင်းရေးရုံးမှာ အကောက်ခွန် ရှင်းလင်းခဲ့တယ်။ ပြီးနောက် မြန်မာနိုင်ငံကို ပို့ပါတယ်”ဟု လင်ရွက်၏ တာဝန်ခံ Wu Yejing မှ မိတ်ဆက်ပေးခဲ့သည်။

ယခုအချိန်ထိတိုင် လင်ချမ်းချင်းရွှေဟော်နယ်စပ်ဂိတ်သည် အထွေထွေကုန်သွယ်မှု၊ နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန်စျေးရောင်းဝယ်ခြင်းစသည့် သမားရိုးကျ ကုန်သွယ်နည်းများမှတစ်ဆင့် ကုန်စည်များအား နိုင်ငံခြားသို့ တင်ပို့ခြင်းအပြင် ကုမ္ပဏီမှ ပုဂ္ဂိုလ်တစ်ဦးချင်းဆီသို့ တင်ပို့ရောင်းချခြင်း၊ ကုမ္ပဏီအကြားတိုက်ရိုက်တင်ပို့ရောင်းချခြင်းနှင့် နိုင်ငံဖြတ်ကျော် အီးကော်မာ့စ်ကုမ္ပဏီများအကြား ပြည်ပသိုလှောင်ခန်းသို့ တင်ပို့ရောင်းချခြင်းစသည့် နိုင်ငံဖြတ်ကျော် အီးကော်မာ့စ်နည်းလမ်းများနှင့် စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းစသည့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းကုန်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် ကုန်စည်များ တင်ပို့နိုင်ပါသည်။ “စျေးကွက်ကနေ ရွေးချယ်ဝယ်ယူခြင်းနည်းလမ်းက ချင်းရွှေဟော်ရဲ့ ကုန်စည်တင်ပို့ခြင်းနည်းလမ်းကို ပိုမို တိုးတက်လာစေတယ်။ ပိုမိုများပြားလှပတဲ့ကုမ္ပဏီနဲ့ ကျွမ်းကျင်သူတွေက ချင်းရွှေဟော်ကို လာရောက်အခြေစိုက်ဖို့ ဆွဲဆောင်နိုင်မယ်။ နယ်စပ်ဂိတ်မှာ ပိုကောင်းမွန် ဖွံ့ဖြိုးတိုးတက်ရင် ကျွန်မတို့ ကုမ္ပဏီကလည်း ပိုများတဲ့အခွင့်အလမ်းရရှိနိုင်ပါမယ်” ဟု Wu Yejing မှ ထပ်မံပြောဆိုခဲ့သည်။

(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)
 

စျေးကွက်မှ ရွေးချယ်ဝယ်ယူခြင်းနည်းဖြင့် မှာယူထားသောကုန်စည်အား ချင်းရွှေဟော်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် တင်ပို့