ကုန်စည်သယ်ယူပို့ဆောင်ရေးကုမ္ပဏီလုပ်ငန်းXiao ma guo ju ၏ “စမတ်ကုန်စည်သယ်ပို့ရေး+ကုန်စည်သယ်ပို့ရေးလုပ်ငန်း ကွင်းဆက်တစ်ခုလုံးဝန်ဆောင်မှု” တရုတ်-လာအိုမီးရထားလမ်းကိုမှီပြီး စီးပွားရေးလုပ်ဆောင်
ထောက်ပံ့ရေးကွင်းဆက်၊ ကုန်စည်သယ်ပို့ရေးကွင်းဆက်များအတွက် စမတ်ဖြေရှင်းရေးနည်းလမ်း ကို ထောက်ပံ့ပေးနိုင်ရန် Xiao ma guo ju (ယွီရှီး) နည်းပညာကုမ္ပဏီလီမိတက်သည် တရုတ်-လာအို မီးရထားလမ်းမှ ပျံလွှင့်လာသော နွေးထွေးသည့်လေနှင့်အတူ ပွေ့ဖက်နိုင်ဖို့ “အရှိန်မြှင့်ပြေး”နေပါသည်။
လွန်ခဲ့သော(၆)လအတွင်း Xiao ma guo ju မှ သုတေသနပြုတီထွင်သော နောက်တွဲယာဉ်အတူမျှဝေခံစား လုပ်ငန်းသည် အော်ဒါအမှာ(၂၀၀)ကျော်ကို ရရှိခဲ့ပြီဖြစ်သည်။ ”စမတ်ကုန်စည်သယ်ပို့ရေး+ ကုန်စည်သယ်ပို့ရေးလုပ်ငန်း ကွင်းဆက်တစ်ခုလုံးဝန်ဆောင်မှု”သည် Xiao ma guo ju (ယွီရှီး) နည်းပညာကုမ္ပဏီလီမိတက်မှ တရုတ်-လာအို မီးရထားလမ်းကိုမှီပြီး လုပ်ဆောင်လိုသောစီးပွားရေး ဖြစ်ပါသည်။ အဆိုပါပုံစံ၏တစ်ဖက်ကို မော်တော်ယာဉ်ရောင်းဝယ်ရေး၊ နောက်တွဲယာဉ်ထုတ်လုပ်ရေး၊ လောင်စာဆီထောက်ပံ့ပေးသွင်းရေး၊ အာမခံငွေကြေးစီးပွားရေး စသည့် ထောက်ပံ့ပေးသွင်းသူတို့နှင့်ချိတ်ပြီး နောက်တစ်ဖက်တွင် ကုန်စည်သယ်ပို့ရေးကုမ္ပဏီ စသည့်လုပ်ငန်းဧည့်သည်များနှင့် ချိတ်ဆက်ထားပါသည်။ ထို့နောက် Xiao ma guo ju စမတ်ကုန်စည်သယ်ပို့ရေးစင်မြင့်ဖြင့် အဖက်ဖက်၏ စွမ်းဆောင်ရည်အရင်းအမြစ်၊ ဧည့်သည်အရင်းအမြစ်၊ သတင်းအချက်အလက်အရင်းအမြစ်တို့ကို ပေါင်းစည်းပြီး ကုန်စည်သယ်ပို့ရေး လုပ်ငန်းများအတွက် ကုန်စည်အရင်းအမြစ်မျှဝေခြင်း၊ သယ်ပို့စွမ်းအားမျှဝေခြင်း၊ ဝန်ဆောင်မှုမျှဝေခြင်းတို့ကို ဖြစ်မြောက်စေနိုင်ပါမည်။ စုပေါင်းပံ့ပိုးခြင်း စုပေါင်းစုဆောင်းခြင်းတို့ဖြင့် လုပ်ငန်းများကုန်ကျစရိတ် လျော့နည်းစေပြီး အကျိုးအမြတ်တိုးပွားစေမည် ဖြစ်ပါသည်။
Xiao ma guo ju သည် နည်းပညာဖန်တီးမှုပုံစံဖြစ်သော လုပ်ငန်းအုပ်စုတစ်ခုဖြစ်ပါသည်။ ကုန်စည်သယ်ပို့ရေးကို ဗဟိုထားပြီး ကုန်သွယ်ရေး၊ ငွေကြေးစီးပွားရေး၊ နည်းပညာနှင့် ထုတ်လုပ်ရေးနယ်ပယ်များသို့ ချဲ့ထွင်သွားပါသည်။ တရုတ်-လာအိုမီးရထားလမ်းမဖွင့်မီ စစ်ဆောင်ပန်းနားမှ ယွီရှီးသို့ နှစ်စဉ် တန်ချိန်သန်းချီရှိသော ကုန်းလမ်းကုန်သယ်လမ်းကြောင်းကို အချိန်ကြာရှည်တည်ငြိမ်စွာရှိခဲ့ပြီး ကုန်းလမ်းသယ်ပို့သည့် အပိုင်းကဏ္ဍတွင် ပြည့်ဝသော အတွေ့အကြုံများ ရှိသည်။ ယခုအထိ Xiao ma guo ju သည် စစ်ဆောင်ပန်းနားမှ ယွီရှီး၏ ကုန်းလမ်းသယ်ပို့လုပ်ငန်း (၄၀%)ကို မီးရထားလမ်းသယ်ပို့လမ်းကြောင်းသို့ ပြောင်းရွေ့ခဲ့ပြီ ဖြစ်ရာ ယခင်က တစ်ခုတည်းရှိသော သယ်ပို့ပုံစံမှ နုတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ကပ်ရောဂါကြောင့် အနာဂတ်အခြေအနေ မသေချာသေးသော်လည်း အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းသော သံသတ္တု ကျောက်ဖြင့် သာဓကပြုပါက ကားလမ်း-မီးရထားလမ်းပူးတွဲသယ်ပို့သည့်နည်းလမ်းသည် အကျိုးအမြတ်နှင့် ကုန်ကျစရိတ်များပေါ်တွင် သိသာသောအားသာချက်ရှိနေပြီဟု ကုမ္ပဏီဒုတိယအထွေထွေမန်နေဂျာ ဟွမ်မင်းယွမ် က ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါသည်။ ယခုနှစ်အတွင်း ကုမ္ပဏီမှ လာအိုနယ်ခြားကုန်ပစ္စည်း အရင်းအမြစ်(၁၀%)ကို ထပ်မံချဲ့ထွင်ခဲ့ပါသည်။ ကားခေါက်တို၊ မီးရထားလမ်းပူးတွဲပြီး ကုန်ပစ္စည်းသယ်ပို့သည့် တစ်ဂိတ်တည်းဝန်ဆောင်မှုအပေါ်တွင် ဆက်လက် အားထုတ်လုပ်ဆောင်မည် ဖြစ်သည်။ စမတ်ကုန်စည်သယ်ပို့ရေးစင်မြင့်နှင့်ပူးပေါင်းပြီး ကုန်စည်သယ်ပို့ရေးအရင်းအမြစ် ပေါင်းစည်းမှုနှင့် ထုတ်လုပ်မှုဒေသခံပုံစံ၊ လုပ်ငန်းကိန်းဂဏန်းပုံစံတို့အပေါ် Xiao ma guo ju ၏ အားသာချက်များကို ဆောင်ရွက်သွားမည် ဖြစ်သည်။ Xiao ma guo ju ၏ လုပ်ငန်းများကို တရုတ်-လာအိုမီးရထားလမ်းမှ တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများသို့ ဆက်လက် ချဲ့ထွင်သွားမည် ဖြစ်ပါသည်။
(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)