တရုတ်နိုင်ငံအနောက်တောင်ပိုင်း·ယွီရှီးနိုင်ငံတကာရထားလမ်းစုံဆည်းရာ ကုန်တင်ကုန်ချစခန်းကြီးသို့ သွားရောင်းလေ့လာ

2022-05-31 19:15:11
အရင်းအမြစ်:云南日报


မေလ(၂၅)ရက်နေ့ သတင်းထောက်များသည် ယူနန်ပြည်ယန်ယွီရှီးမြို့သို့ရောက်လာခဲ့သည်။ တရုတ်-လာအိုမီးရထားလမ်း ယွီရှီးအပိုင်းရှိ ဂိတ်(၅)ခုသည် နှစ်ဝက်အချိန်ခန့်ဖွင့်လှစ်ခဲ့ရာ လမ်းကြောင်းစီးပွားရေး၊ ဘူတာစီးပွားရေး၊ တစ်ဦးချင်းစီးပွားရေးတို့မှာ အရှိန်အဟုန်ကောင်းမွန်နေသည်ကို သိရှိရပါသည်။

ခိုင်ယွင်ကားလိုင်းအပိုင်း ယန်ဟော်ဂိတ် ဂိတ်မှူးဖြစ်သူ ဟော်ရာဝေက ယခု တရုတ်-လာအိုမီးရထားလမ်း၏ ကုန်စည်သယ်ပို့ပမာဏသည် တည်ငြိမ်နေပြီး ယွီရှီးနိုင်ငံတကာရထားလမ်းစုံဆည်းရာ ကုန်တင်ကုန်ချစခန်းကြီးတွင် နေ့စဉ်ပျှမ်းမျှ ကားအတင်အချပမာဏသည် ကားအစီး(၁၀၀)ခန့်ရှိကြောင်း၊ နေ့စဉ်ပျှမ်းမျှ ကွန်တိန်နာ(၂၀၀)ခုခန့် ရှိကြောင်း မိတ်ဆက်ခဲ့ပါသည်။ ချုံချင့်၊ ကွန်တုံး၊ ကျန်းစူး၊ ဟူပေစသည့် ပြည်နယ်မြို့များမှ ကုန်ပစ္စည်းများသည် တရုတ်-လာအိုမီးရထားလမ်းဖြင့် လာအိုသို့တင်ပို့နေပါသည်။

ယွီရှီးနိုင်ငံတကာကုန်စည်သယ်ယူ ပို့ဆောင်ရေးဆိပ်ကမ်းသည် အာရှဖြတ်ကျော်မီးရထားလမ်း အလယ်လိုင်းနှင့် အရှေ့လိုင်းနှင့် “Y”ပုံစံလမ်းဆုံဖြစ်နေပြီး အာရှဖြတ်ကျော်မီးရထားလမ်း၏ အရေးပါအချက်အချာနေရာတွင် တည်ရှိသည်။ “အနာဂတ်တွင် ယွီရှီးနိုင်ငံတကာကုန်စည်သယ်ယူ ပို့ဆောင်ရေးဆိပ်ကမ်းသည် “လမ်းကြောင်း+အချက်အချာ+ကွန်ယက်” ခေတ်ပေါ်ကုန်စည်သယ်ပို့ရေး လုပ်ငန်းလည်ပတ်မှုနည်းစနစ်ကို ဝိုင်းဝန်းတည်ဆောက်ပြီး မြို့တော်၊ နယ်မြို့ကုန်စည်သယ်ပို့ရေးကို စီးပွားရေးလုပ်ငန်းများနှင့် ရောစပ်ဖွံ့ဖြိုးခြင်းကို ဦးဆောင်မည်ဖြစ်သည်။ အာရှဖြတ်ကျော် မီးရထားလမ်းအရှေ့လိုင်း၊ အလယ်လိုင်း(တရုတ်-လာအိုမီးရထားလမ်း)မှ တစ်နယ်လုံးကို ဖြတ်သန်းသွားသည့် အားသာချက်ကို ပြည့်ဝစွာလုပ်ဆောင်သွားမည်။ လူသုံးကုန်ပစ္စည်းသယ်ပို့ရေး၊ ထောက်ပံ့ရေးကွင်းဆက်ဝန်ဆောင်မှု၊ ထုတ်လုပ်မှုတွဲဖက်ကုန်သယ်ပို့ရေး၊ ကုန်းမြင့်ထူးခြား စိုက်ပျိုးကုန်ပစ္စည်း အအေးကွင်းဆက်ကုန်သယ်ပို့ရေး၊ နယ်ခြားကုန်သွယ်ရေးနှင့် နိုင်ငံခြား စီးပွားရေးအထွေထွေဝန်ဆောင်မှုများပေါင်းစည်းထားသည့် ကုန်စည်သယ်ပို့ရေးစနစ်ကို ဖြစ်ပေါ်စေ ရမည်” ဟု ယန်ဟော်စက်မှုပန်းခြံ ဒုတိယညွှန်ကြားရေးမှူး လီကျန့်က တက်ကြွစွာ မျှဝေခဲ့ပါသည်။ ကုန်စည်သယ်ယူပို့ဆောင်ရေးဆိပ်ကမ်းသည် ထမ်အလယ်ပိုင်းမြို့အုပ်စုနှင့် အခြားကုန်စည် သယ်ပို့ရေးအချက်အချာများနှင့်ပူးတွဲပြီး ပြည်တွင်းတွင် ယုချိန်တူးစီးပွားရေးဇုန်၊ ယွဲဟောင်ကောင်-မကာအိုဂရိတ်ပင်လယ်အော်ဧရိယာ၊ ယန်ဇီမြစ်ဝှမ်းဒေသတို့ကိုချိတ်ဆက်သော ပြည်ပတွင် တောင်အာရှ အရှေ့တောင်အာရှဒေသများသို့ ပြန့်ပွားသော ထုတ်လုပ်ဝန်ဆောင်မှုပုံစံ နိုင်ငံကုန်စည်သယ်ပို့ရေးအချက်အချာ အဖြစ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။


(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)
 

တရုတ်နိုင်ငံအနောက်တောင်ပိုင်း·ယွီရှီးနိုင်ငံတကာရထားလမ်းစုံဆည်းရာ ကုန်တင်ကုန်ချစခန်းကြီးသို့ သွားရောင်းလေ့လာ