ဆိုက်လင်းဆေးဝါးလုပ်ငန်း။ ။ တရုတ်-လာအိုမီးရထားလမ်းမှ စျေးကွက်အသစ်များ သယ်ဆောင်‌လာမည်ဟု မျှော်လင့်

2022-06-01 10:54:39
အရင်းအမြစ်:云南日报

“ထိုင်းလူမျိုးတွေက တရုတ်တိုင်းရင်းဆေးသုံးတတ်လား? ထိုင်းနိုင်ငံမှာ တိုင်းရင်းဆေးပညာရှိလား?”

 

“လာအိုက တရုတ်တိုင်းရင်းဆေးအရည်အသွေးက ဘယ်လိုလဲ?”
......
ယွီရှီးမြို့ ဟုန်ထာနယ်တာရင်းကျဲလမ်းရှိ ဆိုက်လင်းဆေးဝါးနည်းပညာအုပ်စုကုမ္ပဏီလီမိတက် (အောက်တွင် “ဆိုက်လင်း”ဟု အတိုချုံခေါ်ဝေါ်) စက်ရုံရှိ ဆိုက်လင်း၏ အထွေထွေ အင်ဂျင်နီယာ ရန်ထျန်စစ်သည် ကျွန်တော်တို့ အရှေ့တောင်အာရှ၊ အလယ်အာရှနိုင်ငံများ၏ အခြေအနေကို ရင်းနှီးသိကျွမ်းသည်ဟုသိခဲ့ရသဖြင့် “မေးမြန်းမှုများဆက်တိုက်”ပြုလုပ်ခဲ့ပါသည်။ ၎င်းသည် ယွီရှီးတိုင်းရင်းဆေးကို တရုတ်-လာအိုအမြန်ရထားလမ်းဖြင့် ထိုင်း၊ လာအို စသည့်နိုင်ငံများသို့ ဝင်ရောက်စေလိုသော “သင်ခန်းစာပြင်ဆင်ခြင်း”ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။

ရန်ထျန်စစ်သည် ဆိုက်လင်း၏ အလိုအလျောက်ထုတ်လုပ်မှုအလုပ်ရုံကို အထူးဂုဏ်ယူဝံ့ကြွား နေသည်။ “ဟိန်ဂူ အရိုးကုအနာပျောက်ဆေး”ပုလင်းများသည် လုံးဝအလိုအလျောက်ဖြစ်သော၊ စမတ်ဖြစ်သော ထုတ်လုပ်မှုစက်ကိရိယာများဖြင့် အော်ဒါများကို လက်ခံလုပ်ဆောင်နေပါသည်။ ကုမ္ပဏီသည် ကပ်ရောဂါ၏ သက်ရောက်မှုများကို ကျော်လွှားနိုင်ပြီး မြန်ဆန်သောတိုးတက်မှု ရရှိခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ကျွန်တော်တို့၏ ထုတ်လုပ်မှုတန်ဖိုးသည် သန်းပေါင်း(၅၈၈)ယွမ်သို့ ရောက်ရှိခဲ့သည်” ဟု ရန်ထျန်စစ်က မိတ်ဆက်ခဲ့သည်။ စက်ကိရိယာများလဲလှယ်ခြင်းအပြင် ဆိုက်လင်းသည် သုတေသနစွမ်းအားကိုလည်း မြှင့်တင်ခဲ့ပါသည်။ ကျန်းရှင်းတုံ့ပညာရှင်အလုပ်ရုံ၊ ယူနန်ပြည်နယ်လုပ်ငန်းနည်းပညာစင်တာ အစရှိသော ကိုယ်ပိုင်သုတေသနပြု တည်ထောင်သည့် စင်မြင့်နှင့် ပြည်တွင်းပြည်ပနာမည်ကျော်ကောလိပ်များ နှင့်ပူး‌ပေါင်းပြီး ဟိန်ဂူအရိုးကု အနာပျောက်ဆေးတွင် ပါဝင်သည့်ပစ္စည်းများကို နက်ရှိုင်းစွာသုံးသပ်မှုနှင့် လုပ်ဆောင်မှုများ၊ osteogenesis ပေါင်းစပ်ဆန်းသစ်မှုနှင့် မြှင့်တင်မှုများပြုလုပ်ခြင်းနှင့် စက်မှုပုံစံစသည်တို့ကို နက်ရှိုင်းစွာ သုတေသနပြုမည်ဖြစ်သည်။ အရိုးရောဂါဆိုင်ရာဆေးအသစ်များ၏ သုတေသနတီထွင်မှုများကိုလည်း တပြိုင်နက်တည်း စတင်မည်ဖြစ်သည်။ လုပ်ငန်းဆက်လက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် စွမ်းအားပံ့ပိုးပေးမည်ဖြစ်သည်။

“ကျွန်တော်တို့သည် သင်ခန်းစာများကို သေချာလုပ်ဆောင်မှသာ အခွင့်အရေးကို လက်မလွတ်မှာ ဖြစ်သည်” ဟု ရန်ထျန်စစ်က ပြောသည်။ ကိုဗစ်(၁၉)ကပ်ရောဂါကာလအတွင်း နိုင်ငံအများမှ တရုတ်တိုင်းရင်းဆေး၏ ဆေးစွမ်းများကို သိကျွမ်းလာခဲ့ကြသည်။ အရှေ့တောင်အာရှနိုင်ငံများသည် တရုတ်နိုင်ငံနှင့်ယဉ်ကျေးမှုနီးစပ်သောကြောင့် တရုတ်နိုင်ငံ၏ ရိုးရာတိုင်းရင်းဆေးကို ပိုမိုလွယ်ကူစွာ လက်ခံနိုင်ပါသည်။ “တရုတ်-လာအိုရထားလမ်းကြောင့် အ‌ရှေ့တောင်အာရှက မိတ်ဆွေများ ကျွန်တော်တို့ တိုင်းရင်းဆေးကို ပိုမိုရင်းနှီးလာမယ်လို့ ကျွန်တော်ယုံကြည်ပါသည်။ လာအိုအစရှိ သောနိုင်ငံများ၏ အရည်အသွေးမြင့်ဒေသဆေးဝါးများလည်း တရုတ်-လာအိုရထားလမ်းဖြင့် တရုတ်နိုင်ငံ သို့ တင်သွင်းပြီး တရုတ်တိုင်းရင်းဆေးလောကအတွက် အကျိုးအမြတ်များ သယ်ဆောင်လာနိုင်ရန်လည်း ကျွန်တော် မျှော်လင့်ပါသည်။”

(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

 

ဆိုက်လင်းဆေးဝါးလုပ်ငန်း။ ။ တရုတ်-လာအိုမီးရထားလမ်းမှ စျေးကွက်အသစ်များ သယ်ဆောင်‌လာမည်ဟု မျှော်လင့်