ဟွာကျွမ်းအေးခဲစားသောက်ကုန်။ ။ တရုတ်-လာအိုမီးရထားလမ်းဖြင့် အရှေ့တောင်အာရှသို့ ဝင်ရောက်မည့် “Xiao Huayao”ကိုစောင့်မျှော်နေ

2022-06-01 10:55:56
အရင်းအမြစ်:云南日报

ပုံ၊ ဟွာကျွမ်းရေခဲမုန့်ထုတ်လုပ်ရေးလိုင်း လုပ်ငန်းလည်ပတ်နေစဉ်

 

 

၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်သော ယူနန်ယွီရှီးဟွာကျွမ်းအေးခဲစားသောက်ကုန် ကုမ္ပဏီလီမိတက် (အောက်တွင် “ဟွာကျွမ်းစားသောက်ကုန်”ဟု အတိုချုံးခေါ်ဝေါ်မည်) သည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် နာမည်ကျော်ကြားသော ရေခဲမုန့်သုတေသနပြု ထုတ်လုပ် ရောင်းချသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

၁၉၉၃ ခုနှစ်တွင် လက်ဖြင့်လုပ်ဆောင်မှုမှ ကုမ္ပဏီထောင်စနစ်ကျထုတ်လုပ်မှုအထိ ဟွာကျွမ်းစားသောက်ကုန်သည် ယူနန်ပြည်နယ်၏ ကြွယ်ဝသော အသီးအနှံအရင်းအမြစ် အားသာချက်ကို ပြည့်ဝစွာအသုံးပြုခဲ့သည်။ ဒေသတိုင်းရင်းသားထူးခြားချက်များနှင့်‌ ပေါင်းစပ်ပြီး ဆန်းသစ်မှုအဆက်မပြတ်ချဲ့ထွင်လုပ်ဆောင်ကာ “Xiao hua yao သကြားကောက်ညှင်း” “Xiao hua yao ငချိတ်” “Xiao hua yao နာနတ်”စသည့် ယူနန်ထူးခြားမှုအမှတ်တံဆိပ်ရှိသော ရေခဲမုန့်ထုတ်ကုန်ပစ္စည်း(၁၀၀)ကျော်ကို တီထွင် လုပ်ဆောင်ခဲ့သည်။ ဤနှစ်များတွင် ကုမ္ပဏီ၏ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်း၌သာမက အရှေ့တောင်အာရှနိုင်ငံများမှ စားသုံးသူများကလည်း အထူးကြိုက်နှစ်သက်ကြသည်။

ပုံ၊ ဟွာကျွမ်းရေခဲမုန့်ထုတ်လုပ်ရေးလိုင်း လုပ်ငန်းလည်ပတ်နေစဉ်

 

 

“ဗီယက်နမ်မိတ်ဆွေများက ကျွန်တော်တို့၏ “ဟွာကျွမ်းအပတ် ရက်သတ္တပတ်(၈)” နေကြာစေ့ရေခဲမုန့်ကို အထူးကြိုက်နှစ်သက်ကြသည်။ ဒေသတွင်းသတင်းများမှာလည်း ဒီထုတ်ကုန်ပစ္စည်းကို တွေ့မြင်ရပါသည်။”ဟု ဟွာကျွမ်းစားသောက်ကုန် ဒါရိုက်တာ ဖေးချွေဟွာက ဂုဏ်ယူစွာ ပြောဆိုခဲ့သည်။ ကိုဗစ်(၁၉)ကပ်ရောဂါမတိုင်မီက ဟွာကျွမ်းစားသောက်ကုန်သည် နယ်စပ်ပြည်သူအပြန်အလှန်စျေးကွက်လမ်းကြောင်းဖြင့် ဗီယက်နမ်၊ မြန်မာ၊ လာအိုစသည့်နိုင်ငံများသို့ ရောင်းချနိုင်ခဲ့သည်။ နှစ်စဉ် စျေးကွက်ရောင်းချပမာဏသည် သိန်း(၃၀)မှ(၅၀)ယွမ်ရောက်ရှိခဲ့သည်။ သို့သော် ကိုဗစ်(၁၉)ရောဂါကြောင့် ကုမ္ပဏီသည် အထက်ဖော်ပြပါစျေးကွက်လုပ်ငန်းများကို ရပ်တန့်လိုက်ရပါသည်။

ပုံ၊ ဟွာကျွမ်းရေခဲမုန့်ထုတ်လုပ်ရေးလိုင်း လုပ်ငန်းလည်ပတ်နေစဉ်

 

တရုတ်-လာအိုမီးရထားလမ်း ဖွင့်လှစ်လိုက်ခြင်းသည် ဟွာကျွမ်းရေခဲမုန့်၏ တာဝန်ခံဖေးချွေဟွာ၏ အရှေ့တောင်အာရှစျေးကွက်အပေါ် မျှော်လင့်ချက်များ ပြန်လည်ထွက်ပေါ်လာသည်။ “တရုတ်-လာအိုမီးရထားလမ်း နိုင်ငံတကာခရီးသည်တင်ရထားဖွင့်လှစ်ပြီးနောက် ကျွန်တော်သည် ရထားစီးပြီး လာအို၊ ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများသို့ သွားရောက်လေ့လာမှာ ဖြစ်ပါသည်။ တောင်အာရှ အရှေ့တောင်အာရှစျေးကွက်ကို ထပ်မံချဲ့ထွင်လုပ်ဆောင်မှာဖြစ်သည်”ဟု ဖေးချွေဟွာက ပြောသည်။ လာမည့်(၃)နှစ်မှ (၅)နှစ်အတွင်း ဟွာကျွမ်းစားသောက်ကုန်သည် နိုင်ငံခြားစျေးကွက်အတွက် ပြင်ပသို့ ရောင်းချသည့်အသင်း တည်ထောင်မည်ဖြစ်သည်။ အာရှဖြတ်ကျော်မီးရထားလမ်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြင့် ရောင်းချမှုကွန်ရက်ကို ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား စသည့်နိုင်ငံများသို့ ချဲ့ထွင်လုပ်ဆောင်သွားမည်ဖြစ်သည်။ ကုမ္ပဏီထုတ်ကုန်ပစ္စည်းများ စျေးကွက်အတွင်းပါဝင်နှုန်းကိုလည်း ထပ်မံတိုးချဲ့မည်ဖြစ်သည်။

ဖေးချွေဟွာ၏အိပ်မက်ပုံရိပ်မှာ နောင်အခါတွင် အရှေ့တောင်အာရှ တောင်အာရှနိုင်ငံများတွင် နေထိုင်သော တရုတ်လူမျိုးက “Xiao hua yao”ကို မြင်တွေ့ပါက အလွန်ရင်းနှီးသည်ဟု ခံစားရစေပြီး နိုင်ငံခြားမိတ်ဆွေများ ယူနန်သို့‌ရောက်သည့်အခါ “Xiao hua yao”ကို တွေ့မြင်ပါက မရင်းနှီးမှု မဖြစ်တော့ပါ ဟူ၍ဖြစ်ပါသည်။
(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)


 

ဟွာကျွမ်းအေးခဲစားသောက်ကုန်။ ။ တရုတ်-လာအိုမီးရထားလမ်းဖြင့် အရှေ့တောင်အာရှသို့ ဝင်ရောက်မည့် “Xiao Huayao”ကိုစောင့်မျှော်နေ