ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသဆိုင်ရာနိုင်ငံတကာသတင်းပြန်ကြားရေးစင်တာ ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပ

2022-06-01 14:59:43
အရင်းအမြစ်:云南日报

မေလ ၃၁ ရက်နေ့တွင် ယူနန်ပြည်နယ် တောင်အာရှ အရှေ့တောင်အာရှဒေသဆိုင်ရာ နိုင်ငံတကာသတင်း ပြန်ကြားရေးစင်တာကို တရားဝင်ဆိုင်းဘုတ်တင်ခဲ့ပြီး ၎င်းအချိန်မှစတင်ကာ ယူနန်ပြည်နယ်ရှိ နိုင်ငံတကာသတင်းပြန်ကြားရေးလုပ်ငန်းအတွက် တစ်ဆင့်တိုးခရီးစဉ်သစ်တစ်ခု စတင်ခြင်းဖြစ်သည်။ ၎င်းစင်တာသည် တရုတ်တစ်ပြည်လုံးတွင် ပထမဆုံးသော တောင်အရှ အရှေ့တောင်အာရှကို မျက်နှာပြု သည့် ဒေသတွင်း နိုင်ငံတကာသတင်းပြန်ကြားရေး အထွေထွေမီဒီယာဖလှယ်ရေးပလက်ဖောင်းကို တည်ဆောက်လျက်ရှိသည်။ ၎င်းတွင် အထွေထွေကိစ္စရုံးခန်း၊ အထွေထွေမီဒီယာဆက်ဆံရေးဌာန၊ အထွေထွေမီဒီယာအပြန်အလှန်ပေါင်းစပ်ဖလှယ်ခြင်း စမ်းသပ်ခန်း၊ ဒေသတွင်းနိုင်ငံတကာ သတင်းပြန်ကြားရေးဆိုင်ရာ သုတေသနဌာန၊ လန်ချမ်း-မဲခေါင် မီဒီယာစသည့်ဌာနများကို ခွဲပြီး သက်ဆိုင်ရာအလုပ်အသေးစိတ်ကို ဆောင်ရွက်နေသည်။

၎င်းစင်တာသည် ယူနန်က တောင်အာရှအရှေ့တောင်အာရှနှင့် ဖလှယ်ရေးတွင် ပထဝီအနေအထား အားသာချက်ကို ပိုမိုနက်ရှိုင်းစွာ အခြေပြုပြီး ဘက်ပေါင်းစုံမှ အရင်းအမြစ်များစုစည်းကာ နိုင်ငံတကာနှင့် အပြန်အလှန်ဖလှယ်ရေးကို တစ်ဆင့်တိုး တိုးမြှင့်ရန် ဆောင်ရွက်မည်ဖြစ်သည်။\
(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာအဖွဲ့၊ ဘာသာပြန်၊ Yunnan gateway)

 

ယူနန်ပြည်နယ် တောင်အာရှအရှေ့တောင်အာရှဒေသဆိုင်ရာနိုင်ငံတကာသတင်းပြန်ကြားရေးစင်တာ ဆိုင်းဘုတ်တင်အခမ်းအနားကျင်းပ