တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ - ယွမ်ကျန်းသည် ထူးခြားထုတ်ကုန်ပစ္စည်းများဖြင့် “အလုပ်များ”နေ

2022-06-01 16:10:09
အရင်းအမြစ်:云南日报

ရွာထဲက သရက်သီးဒိုင်ကို သွားဖို့အလုပ်များနေတယ်၊ “6.18” အွန်လိုင်းပရိမိုးရှင်းအတွက် စီစဉ်ဖို့ အလုပ်များနေတယ်၊ လယ်တောအိမ်စားသောက်ဆိုင်ဖွင့်ဖို့ အလုပ်များနေတယ်... မေလ(၂၆)ရက်နေ့တွင် ကျွန်တော်တို့သည် တရုတ်-လာအိုမီးရထားစီးနင်းလာပြီး ယွီရှီးမြို့ယွမ်ကျန်းဟားနီ၊ ရီနှင့် တိုင်(မြန်မာရှမ်း)တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သို့ ရောက်ရှိလာပါသည်။ လမ်းတစ်လျှောက်လုံး ဆက်တိုက်ကြားရသောစကားသည် “အလုပ်များ”နေခြင်းဖြစ်သည်။

ယခုနှစ်သရက်သီးအရောင်းအဝယ်ကောင်းနေ

ပြီးခဲ့သည့်သီတင်းပတ်က ထိုင်နုံသရက်သီး ရင့်မှည့်ချိန်ဖြစ်သည်။ ညနေပိုင်းအပူချိန်35°C ခန့်ရှိသော ချောင်ထိုရပ်ကွက် ဟုန်ဟော်လမ်းရှိ လင်လျန်နေထိုင်သူများအဖွဲ့၏ သရက်သီးဒိုင်အနီးတဝိုက်၌ ကုန်ကားများ သွားလာနေကြသည်။ အနီးအနားရှိ သရက်သီးစိုက်ပျိုးသူများသည် နှစ်စဉ်နှစ်တိုင်း ဤရက်ပိုင်းကို စောင့်မျှော်နေရပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သရက်သီးအလေးချိန် ကီလိုဂရမ်ရာနှင့်ချီ သို့မဟုတ် များပါက တန်ချိန်အထိပင် ရောင်းချနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

“ထိုင်နုံသရက်သီးက ယွမ်ကျန်းမှာ အမှည့်မြန်တဲ့ သရက်သီးအမျိုးအစား ဖြစ်တယ်။ ဒီနှစ် သရက်သီး‌စျေးက မနှစ်ကထက် နှစ်ဆတက်လာတယ်။ (၁)ကီလိုဂရမ်ကို (၉)ယွမ် ရှိတယ်” ဟု လင်လျန်နေထိုင်သူအများအဖွဲ့ အဖွဲ့ခေါင်းဆောင် ပိုင်ယုံစိန်က ချွေးသုတ်ရင်း သတင်းထောက်အား အခြေအနေများကို မိတ်ဆက်ပြောဆိုပေးနေသည်။ အခုရက်ပိုင်း လုပ်ငန်းခွင်စနစ်တကျဖြစ်စေရန် ရွာသူရွာသားများကို တန်းစီပြီးကုန်ချခိုင်းခြင်း၊ အလေးချိန်ခြင်း၊ ငွေရှင်းပေးခြင်းတို့ကို ပိုင်ယုံစိန်က လုပ်ဆောင်ပေးနေရပါသည်။ ကုန်အဝယ်တော်ကိုယ်စားလှယ်များ၏လက်ထဲက ဂဏန်းတွက်စက်မှာ “reset to zero” ဆိုတဲ့အသံကို ဆက်တိုက်ကြားနေရပါသည်။

ကူ(မင်း)ဘန်(ကောက်)အပြည်ပြည်ဆိုင်ရာလမ်းမကြီးသည် ယွမ်ကျန်းကို ဖြတ်သန်းသွားသည်။ တရုတ်-လာအိုမီးရထားလမ်း ဖွင့်လှစ်ခြင်းသည် ယွမ်ကျန်း၏ “ခရိုင်တစ်ခု လုပ်ငန်းတစ်ခု” သရက်သီးလုပ်ငန်း အရှိန်အဟုန်ဖြင့် တန်ဖိုးမြှင့်တင်ခြင်းနှင့် လုပ်ငန်းကွင်းဆက်တိုးချဲ့ခြင်းအတွက် ခွန်အားများ ထည့်သွင်းပေးနေပါသည်။

ယွမ်ကျန်းဂိတ်အနီးရှိ ဟုန်ဟော်ဂူစိုက်ပျိုးရေးထုတ်ကုန် သယ်ယူပို့ဆောင်ရေးနှင့် ရောင်းဝယ်ရေးဥယျာဉ်တို့၏ တည်ဆောက်မှုမှာ လုပ်ဆောင်နေဆဲဖြစ်သည်။ အအေးကွင်းဆက်ဂိုဒေါင် (၅)လုံး၊ ဂိုဒေါင်သိုလှောင်ရုံ(၅)လုံးတို့ကို ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သည်။ တရုတ်-လာအို မီးရထားလမ်းမှ ယွမ်ကျန်းသို့သယ်ဆောင်လာသော ကုန်စည်သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံ၊ အအေးကွင်းဆက် စသည်တို့၏ စွမ်းဆောင်ချက်တို့ကို အင်အားတိုးအဆင့်မြှင့်တင်သည့် အလားအလာများကို ရှုမြင်ကာ လတ်ဆတ်သစ်သီး‌ဟင်းရွက်ဖျော်ရည်(အနှစ်)အအေးခဲခြင်းကို အထူးလုပ်ကိုင်သော ယူနန် ကော်ယန်စက်စိုက်ပျိုးရေးသိပ္ပံ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်သည် ယခုနှစ်ယွမ်ကျန်းတွင် ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံခဲ့ပါသည်။ နှစ်စဉ် သစ်သီးပြုပြင်ထုတ်လုပ်မှု တန်ချိန်(၂)သောင်း ဖြစ်မြောက်နိုင်မည် ဖြစ်ပါသည်။


 

ထိုင်းနိုင်ငံတွင် လက်ဖက်ရှာလကာဖျော်ရည် စက်ရုံတည်ထောင်မည်

ယွမ်ကျန်းဒေသန္တရလုပ်ငန်း ယူနန်ခမ်းဖူလက်ဖက်လုပ်ငန်း ကုမ္ပဏီလီမိတက်မှ သုတေသနပြု ထုတ်လုပ်ထားသော “ဖူအော်လက်ဖက်ရှာလကာဖျော်ရည်”ကို ယခုပထမနှစ်ဝက်တွင် ပြည်နယ်တစ်ခုလုံးရှိ ဓာတ်ဆီဆိုင်စတိုးဆိုင်ပေါင်း(၃၀၀၀)ကျော်တွင် ထုတ်ကုန်များ ခင်းကျင်းထားပြီ ဖြစ်သည်။ ၎င်းတို့အနက် အရောင်းအဝယ်သွက်သည့်နေရာအများစုသည် တရုတ်-လာအို မီးရထားလမ်းတလျှောက်ရှိ ဖူအော်မြို့၊ စစ်ဆောင်ပန်းနား တိုင်(မြန်မာရှမ်း)တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲတို့ ဖြစ်ကြသည်။

ကုမ္ပဏီဒါရိုက်တာ လီလိဖျင်က အသင်းသားများ၏ “ဆယ်နှစ်တာဓားတစ်ချောင်းသွေး”သော ကုန်ပစ္စည်း သုတေသနပြုစုခြင်းအတွေ့အကြုံကို ပြောကြားခဲ့ပြီး “အရာအားလုံးက ကောင်းချီးမင်္ဂလာ အစချီခြင်း ဖြစ်သည်” ဟူ၍ ဝမ်းသာစိတ်လှုပ်ရှားစွာဖြင့် ပြောကြားသည်။ ကောလိပ်နှင့်တက္ကသိုလ်များစွာနှင့် အတူလက်တွဲပြီး (၁၂)နှစ်ကြာ သုတေတနပြုစုထားသော မှိုအမျိုးအစား၏လုပ်ဆောင်မူနှင့် ယွမ်ကျန်း၏ သင့်လျော်သော အပူချိန် 25-38°C အခြေအနေတို့နှင့် ပေါင်းစပ်ကာ ရက်ပေါင်း(၁၈၀)မှ ရက်(၃၀၀)အတွင်း သဘာဝအတိုင်း အချဉ်ဖောက်စေခြင်းနည်းလမ်းဖြင့် ထုတ်လုပ်ထားသော သဘာဝ လက်ဖက်ရှာလကာဖျော်ရည်ထုတ်ကုန်သည် ယခုအချိန်အထိ တက်လာသော အမှာများသည် ယမန်နှစ် တစ်နှစ်တာအချိန်အတွင်း စုစုပေါင်း ရောင်းအားထက် ငါးဆတိုးတက်လာပြီ ဖြစ်သည်။
 
“ကပ်ရောဂါအခြေအနေသာ မဖြစ်ပွားခဲ့ရင် ကျွန်တော်တို့ရဲ့စီမံချက်အတိုင်းဆိုပါက ထိုင်းနိုင်ငံ ဆူဖန်ပြည်နယ်တွင် ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံထားသည့် ပါကင်ဗူးဖြည့်စက်ရုံက လည်ပတ်နိုင်ပြီ ဖြစ်ရမှာပါ။ သို့သော်လည်း တရုတ်-လာအိုမီးရထားလမ်းက အဆိုပါစီမံကိန်းကို တဖန်ပြန်လည် အသက်ဝင်လာစေပါတယ်။ ကုန်ကြမ်းများကို မီးရထားလမ်းကနေတဆင့် ထိုင်းနိုင်ငံသို့ သယ်ပို့နိုင်ပြီဖြစ်လို့ အဲဒီဒေသမှာရှိတဲ့ စက်ရုံကို ယခုနှစ်အတွင်း ထုတ်လုပ်ရေး လည်ပတ်နိုင်မှာ ဖြစ်တယ်”ဟု လီလိဖျင်က အားမာန်အပြည့်ဖြင့် ပြောကြားခဲ့သည်။ အဆိုပါထုတ်ကုန်ပစ္စည်းသည် အပူကိုကျစေခြင်း၊ လန်းဆန်းစေခြင်းကိုဖြစ်စေသည်။ စျေးကွက်စုံစမ်းစစ်ဆေးမူများစွာကို ဆောင်ရွက်ပြီးနောက် ပြည်တွင်းစျေးကွက်ကို တည်ငြိမ်အောင်ထိန်းနိုင်ခြင်းနှင့်အတူ အရှေ့တောင်အာရှစျေးကွက်ကိုလည်း ရအောင်တိုးချဲ့မည်ဖြစ်သည်။ အွန်လိုင်းစီးပွားရေး ပလက်ဖောင်းထဲသို့ ဝင်ရောက်နိုင်ရန်အတွက်နှင့် “6·18” အွန်လိုင်းပရိုမိုးရှင်းကြီး နီးကပ်လာသည်နှင့် အမျှ “ဖူအော်လက်ဖက်ရှာလကာဖျော်ရည်” စီမံခန့်ခွဲရေးအသင်းကြီးသည် အွန်လိုင်းအရောင်းမြှင့်တင်ရေးသမား ဆယ်ဦးကျော်နှင့်အတူလုပ်ငန်းများ ထိုးဖောက်နိုင်ရန် ဆောင်ရွက်နေကြသည်။


ဇီးသီးဖြင့် တာထန်ရွာ ချမ်းသာဖွံ့ဖြိုးလာသည်

ရုံးဖွင့်ရက်ဖြစ်သော်လည်း ယွမ်ကျန်းတွင်နာမည်ကြီးနေသည့် တိုင်(မြန်မာရှမ်း)တိုင်းရင်းသားကျေးရွာ အုပ်စု တာထန်ရွာသည် ငြိမ်သက်နေသည့်ကြားမှ သက်ဝင်လှုပ်ရှားလျက်ရှိသည်။ တိုင်အရသာခံစားရန်၊ ရှေးဟောင်းသစ်ပင်ရှုစားရန်၊ အပူပိုင်းသစ်သီးဝလံခူးယူရန် ကူမင်းမြို့မှ တကူးတက လာရောက်သော ခရီးသွားဧည့်သည် များစွာ ရှိနေသည်။

ယခုနှစ်ပိုင်းတွင် တာထန်ရွာအတွင်းရှိ အိမ်ထောင်စု(၅၀)ကျော်သည် ဇီးသီးစိုက်ပျိုးရေးများကို စတင် လုပ်ဆောင်လာကြပါသည်။ ယွမ်ကျန်း၏ “သရက်သီးပွဲတော်” နှင့် “ရုံးပိတ်ရက်တာထန် အလည်တစ်ခေါက်” အစီအစဉ်လှုပ်ရှားမူကြောင့် ကျေးရွာခရီးသွားလာရေးလုပ်ငန်းသည်လည်း အတွေးအမြင်သစ်များ ရရှိလာပြီ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ သစ်သီးတွေက အရောင်းသွက်တယ်။ နှစ်စဉ်အောက်တိုဘာလလောက် ဇီးသီးပေါ်ခါနီးအချိန်မှာ တစ်နိုင်ငံလုံးက သစ်သီးပွဲရုံအဝယ်တော်များက ရွာထိပ်တွေမှာ စောင့်မျှော်နေကြတယ်။” ဟု စိုက်ပျိုးသူ သောင်းကျိကျိန် က ယခုလက်ရှိအခြေအနေကို ဝမ်းသာအားရ ပြောကြားပါသည်။ လွန်ခဲ့သည့်နှစ်များက သူမနှင့်သူမအမျိုးသားသည် ဇီးသီးများကိုသယ်ပြီး စီချွမ်၏ သစ်သီးစျေးတန်းတွင် ရောင်းချလေ့ရှိသည်။ ယွမ်ကျန်းမှာလည်း အဝတ်အစားရောင်းချသည့် စီးပွားရေးလုပ်သည်။ ယခုနှစ်ပိုင်းတွင် ယွမ်ကျန်း၏ သရက်သီး၊ ဇီးသီးစသည့်သစ်သီးများသည် ရပ်ရွာအမှတ်တံဆိပ်အနေဖြင့် နာမည်ကျော်ကြားလာသည့်အခါတွင် မိမိ၏ အိမ်၌ပင် ထိုင်စောင့်နေရုံနှင့် စီးပွားဖြစ်လုပ်ငန်းများ လုပ်ဆောင်နိုင်ပြီ ဖြစ်ပါသည်။ “နေ့ခင်းအချိန်မှာ ကျွန်မတို့က သစ်သီးခြံသွားပြီး အသီးတွေကို ကြည့်ရူလေ့ရှိတယ်။ ညနေပိုင်းမှာ ညခင်းစျေးဆိုင်ခန်းအတွက် ပြင်ဆင်မူတွေလုပ်ရတယ်။ နောက်လမှာတော့ ယွမ်ကျန်းရဲ့ “သရက်သီးပွဲတော်” ရှိတယ်။ အဲဒီအချိန်မှာပဲ ကျွန်မတို့ရဲ့ ဟာနီတိုင်းရင်းသား အရသာ လယ်တောအိမ်စားသောက်ဆိုင်လည်း ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။”

ယွမ်ကျန်းဂိတ်မှ တာထန်ရွာသို့ အကွာအဝေးသည် ကားဖြင့်နာရီဝက်ခန့်သွားရသည်။ ယခုလပိုင်းတွင် သောင်းကျိကျိန်နှင့် မိသားစုဝင်များသည် အမြန်ရထားစီးပြီး စစ်ဆောင်ပန်းနားသို့ နှစ်ကြိမ်သွားရောက်ခဲ့ပြီး ဖြစ်သည်။ “တကယ့်ကို ထသွားထလာခရီးစဉ်လို့ ပြောလို့ရပါတယ်” ဟု သူမက ဝမ်းသာပြီးပြောသည်။ နေထိုင်မူဘဝ ပိုမိုသာယာ အဆင်ပြေလာတာ အမှန်အကန်ပါပဲလေ။
(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ - ယွမ်ကျန်းသည် ထူးခြားထုတ်ကုန်ပစ္စည်းများဖြင့် “အလုပ်များ”နေ