အထည်ပေါ်တွင် ဆေးရောင်စုံခြယ်သော လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစား

2022-06-01 17:47:51
အရင်းအမြစ်:芒市融媒体中心

တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ မန်စီမြို့ မွန်ဂမြို့နယ် ရန်ကျားချန့်ကျေးရွာမှ အသက် ၆၈ နှစ်အရွယ်ရှိသည့် ယွီဖန့်ရင်းက အပ်ချုပ်စက်ရှေ့တွင် အလုပ်များနေပြီး လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစားကို ချုပ်နေပါသည်။

ငယ်စဉ်ကတည်းက ယွီဖန့်ရင်းသည် မိသားစုရှိ သက်ကြီးရွယ်အိုများ၏ ပြုစုပျိုးထောင်မှု ရရှိသည့်အတွက် လီဆူးတိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံယဉ်ကျေးမှုကို ပြင်းပြင်းထန်ထန် စိတ်ဝင်စား လာခဲ့သည်။ အသက် ၁၅ နှစ်မှစတင်၍ ယွီဖန့်ရင်းသည် လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစား ချုပ်ပုံချုပ်နည်းကို စတင်သင်ယူခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစားနှင့် နှောင်ကြိုးကို နီးစပ်စွာ ချိတ်ဆက်ပုံဖော်နိုင်ခဲ့ပါသည်။

“အခု ကျွန်မ လီဆူးတိုင်းရင်းသား အဝတ်အစားနဲ့ အိတ်ကလေးတွေ အဓိက ပြုလုပ်တာပါ။ ဝတ်စုံတစ်စုံရဖို့ ဆယ်ရက်ကျော်ကြာတယ်”ဟု ယွီဖန့်ရင်းက ပြောပြပါသည်။ လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစားမှာ တောက်ပသောအရောင်များကို အာရုံစိုက်ကြကာ အထည်ပေါ်တွင် အရောင်မျိုးစုံ ခြယ်ထားသကဲ့သို့ပင် ဖြစ်ပါသည်။

လီဆူးတိုင်းရင်းသား အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်များက အသုံးပြုလေ့ရှိသော အဖြူရောင် ချယ်လှယ်သည့် အထည်အိတ်မှာ ယွီဖန့်ရင်း၏ တတ်ကျွမ်းသော လက်မှုလက်ရာများအနက် တစ်ခုဖြစ်ပါသည်။ အဖြူရောင် ချယ်လှယ်သည့် အထည်အိတ်၏ ပန်းပုံသဏ္ဌာန်များသည် ပုံမှန်ဖြစ်သော ပုံသေပုံစံ မရှိပေ။ နေ့စဥ်ဘဝ၌ ဘဝအပေါ် အကဲဖြတ်တွေ့ရှိမှုများ ဖြစ်ပေသည်။ အပ်ချည်ထိုးရာတွင် သူမသည် ဘဝအပေါ် မြတ်နိုးထားမှုများကို အားလုံး ရောစပ်ကာ နှလုံးသားဖြင့် ချည်ထိုးခြင်းဖြစ်သည်။

လူမှုအဖွဲ့အစည်း တိုးတက်မှုနှင့် ပြည်သူပြည်သားတို့ နေထိုင်မှုဘဝ စဉ်ဆက်မပြတ် အဆင့်မြှင့်တင်မှုနှင့်အတူ အထည်မျိုးစုံနှင့် အဝတ်အစားများသည် ရိုးရာလက်မှုပညာဖြင့် ပြုလုပ်သော အဝတ်အစားများကို အစားထိုးလိုက်ပါသည်။ လီဆူးတိုင်းရင်းသားတို့၏ ရိုးရာအဝတ်အစား ချုပ်ပုံချုပ်နည်းများ တတ်ကျွမ်းသော လီဆူးတိုင်းရင်းသားအမျိုးသမီးသည် နည်းပါးလာသည့်အတွက် ရိုးရာအစဥ်အလာလက်မှုပညာကို ထိန်းသိမ်းကာကွယ်ရေးမှာ ပို၍ အရေးပါလာပါသည်။

ယွီဖန့်ရင်းသည် လီဆူးတိုင်းရင်းသားတို့၏ ရိုးရာအဝတ်အစား လက်မှုချုပ်လုပ်မှုပညာ ထိန်းသိမ်းကာကွယ်ရေးတွင် တက်ကြွစွာ အကျိုးပြုစေချင်ပါသည်။ “ဒါဟာ ကျွန်မတို့ လီဆူးတိုင်းရင်းသားရဲ့ ဓလေ့ထုံးစံပါ။ ကျွန်မက ဆက်လက်လုပ်ချင်ပါတယ်။ သင်ချင်တဲ့ လူရှိရင်လည်း ကျွန်မ သင်ကြားပို့ချပေးပါမယ်။ ထာဝရ ဆက်ခံနိုင်ဖို့ ကျွန်မ မျှော်လင့်ထားပါတယ်”ဟု သူမက ပြောပြပါသည်။

(အရင်းအမြစ် - မန်စီမြို့မီဒီယာစင်တာ ။ ဘာသာပြန် - Yunnan gateway)

 

အထည်ပေါ်တွင် ဆေးရောင်စုံခြယ်သော လီဆူးတိုင်းရင်းသားတို့၏ အဝတ်အစား