တရုတ်နိုင်ငံ၏ ပထမဆုံး ဆိုလာ-ရေအား ပေါင်းစပ်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားလိုင်း ချိတ်ဆက်

2022-06-02 14:00:27
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Wugen မြို့နယ် Wenling မြို့တွင်တည်ရှိသော တရုတ်နိုင်ငံ၏ ပထမဆုံး ဆိုလာ-ရေအား ပေါင်းစပ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ်မေ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ၏ ပထမဆုံးဉာဏ်ရည်တုနည်းပညာသုံး ဓာတ်အားပေးစက်ရုံကြီးဖြစ်သည့် ဆိုလာနှင့် ရေအား ပေါင်းစပ် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားလိုင်းချိတ်ဆက်မှုကိုမေ ၃၀ ရက်တွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang ပြည်နယ် Wugen မြို့နယ် Wenling မြို့တွင်တည်ရှိသော တရုတ်နိုင်ငံ၏ ပထမဆုံး ဆိုလာ-ရေအား ပေါင်းစပ်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ်မေ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ Zhejiang ပြည်နယ်တွင်တည်ရှိသည့် ယင်းဓာတ်အားပေးစက်ရုံ အပြည့်အဝလည်ပတ်နိုင်မှုသည် နိုင်ငံ၏ အဏ္ဏဝါစွမ်းအရင်းအမြစ်များ လက်တွေ့အသုံးချခြင်းနှင့် ၎င်း၏ စွမ်းအင် ကွန်ရက်အသစ် ဖွံ့ဖြိုးတိုးတက်ခြင်း နှင့် တည်ဆောက်ခြင်တွင် နိုင်ငံ၏ အောင်မြင်မှုအမှတ်သညာဖြစ်ကြောင်း သိရသည်။

Wugen မြို့နယ် Wenling မြို့တွင်တည်ရှိသော ယင်းဓာတ်အားပေးစက်ရုံသည် လျှပ်စစ်မီဂါဝပ်ဂ် ၁၀၀ အထိ ထုတ်လုပ်ပေးနိုင်စွမ်းရှိကြောင်း တရုတ်နိုင်ငံ၏ ဧရာမဓာတ်အားဖြန့်ဖြူးရေး ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်သည့် တရုတ်နိုင်ငံစွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း(တရုတ်စွမ်းအင်) ၏ ပြောကြားချက်အရ သိရသည်။

၎င်းစက်ရုံ၏ နှစ်စဉ်ဓာတ်အားထုတ်လုပ်ပေးနိုင်မှုမှာ ကီလိုဝပ်နာရီပေါင်း သန်း ၁၀၀ အထိရှိမည်ဖြစ်ကြောင်း ၊ ယင်းပမာဏသည် မြို့ပြအိမ်ထောင်စု ၃၀,၀၀၀ အတွက် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ပေးစွမ်းနိုင်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ဓာတ်အားပေးပို့မှုသည် စံနှုန်းကျောက်မီးသွေး တန်ချိန် ၃၁,၀၀၀ ကို ချွေတာနိုင်မည်ဖြစ်ပြီး သမာရိုးကျ ကျောက်မီးသွေး စွမ်းအင်သုံ လျှပ်စစ်ဓာတ်အားပေး စက်ရုံများနှင့်နှိုင်းယှဉ်ပါကနှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ထုတ်လွှတ်မှု တန် ၈၅,၀၀၀ အထိလျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းဓာတ်အားပေးစက်ရုံသည် မောင်းသူမဲ့ဒရုန်း စစ်ဆင်ရေးနည်းပညာ နှင့် AI ဉာဏ်ရည်တု ခွဲခြမ်းစိတ်ဖြာခြင်းနည်းပညာများ အသုံးပြုထားကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ၏ ပထမဆုံး ဆိုလာ-ရေအား ပေါင်းစပ်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဓာတ်အားလိုင်း ချိတ်ဆက်