စင်ကာပူ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ကဏ္ဍသစ်သို့ မပြတ် လျှောက်လှမ်းသွားမည်ဟု စင်ကာပူသမ္မတ ပြောကြား

2022-06-02 14:02:15
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် စင်ကာပူနိုင်ငံသမ္မတ ဟာလီမာယာကွတ်(Halimah Yacob) ပေကျင်းမြို့တွင် ၂၀၁၉ခုနှစ် မေ ၁၄ ရက်က တွေ့ဆုံဆွေးနွေးစဉ်(ဆင်ဟွာ)

စင်ကာပူ-တရုတ် ဆက်ဆံရေးသည် အခြေခံအုတ်မြစ် ခိုင်မာပြီး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍကျယ်ပြန့်ရာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ကဏ္ဍသစ်သို့ မပြတ် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံသမ္မတ ဟာလီမာယာကွတ်(Halimah Yacob)က မေ ၃၁ ရက်တွင် ပြောကြားခဲ့သည်။စင်ကာပူ-တရုတ် နှစ်နိုင်ငံ၌ စီမံကိန်းများစွာ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်က သိသာထင်ရှားကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်များကလည်း နှစ်ဖက်ဆက်ဆံရေး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဘောတူညီချက်ရရှိပြီးဖြစ်ရာ လှပသောအနာဂတ်ကို ပုံဖော်ဆောင်ရွက်နေပြီးဖြစ်ကြောင်း စင်ကာပူသမ္မတ လက်ဟာလီမာယာကွတ်(Halimah Yacob)က စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး စွန်းဟိုင်ယန့်၏သံအမတ်ခန့်အပ်လွှာကို လက်ခံစဉ် ပြောကြားခဲ့သည်။ နှစ်ဖက်အတူ ကြိုးပမ်းအားထုတ်မှုတွင် စင်ကာပူ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ကဏ္ဍသစ်သို့ မပြတ် လျှောက်လှမ်းသွားမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

စွန်းဟိုင်ယန့်က တရုတ်-စင်ကာပူ ဆက်ဆံရေးသည် အိမ်နီးချင်းနိုင်ငံချင်း၊ နိုင်ငံကြီးနှင့်နိုင်ငံငယ်အကြား ချစ်ကြည်ရင်းနှီးစွာ နေထိုင်ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့်ဘုံအကျိုးဖော်ဆောင်သော စံနမူနာဖြစ်ပါကြောင်း ၊ မိမိအနေဖြင့် စင်ကာပူနိုင်ငံအစိုးရ၊ နယ်ပယ်ကဏ္ဍအသီးသီးနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို ကောင်းမွန်စွာ အတူ အကောင်အထည်ဖော် ဆောင်ရွက်ကာ တရုတ်-စင်ကာပူ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

စင်ကာပူ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးသည် ကဏ္ဍသစ်သို့ မပြတ် လျှောက်လှမ်းသွားမည်ဟု စင်ကာပူသမ္မတ ပြောကြား