တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ - ထိုင်းနိုင်ငံမှ ဒေါက်တာ Pan က “နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်+ တရုတ်-လာအိုမီးရထားလမ်း”ကို သိကျွမ်းနားလည်အောင် ရှင်းလင်းပြောပြ
မေလ(၂၃)ရက်နေ့တွင် ယူနန်နေ့စဉ် သတင်းစာအဖွဲ့ Yunnan gateway ကွန်ရက်မှ ဆောင်ရွက် ကျင်းပသော “တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ” ကွန်ရက်အပြည်ပြည်ဆိုင်ရာ သတင်းရယူခြင်းအစီအစဥ်ကို တရုတ်ကူမင်းနှင့် လာအိုတို့တွင် တပြိုင်တည်း စတင်ကျင်းပခဲ့သည်။ ယူနန်ပြည်နယ်က ထူးချွန်ကျွမ်းကျင်သော နိုင်ငံခြားသားအလုပ်ခေါ်ယူခြင်းစီမံကိန်းမှတစ်ဆင့် ယူနန်တွင် အလုပ်လုပ်နေသော ထိုင်းနိုင်ငံသူ ဒေါက်တာ Pan သည်လည်း သတင်းထောက်အဖွဲ့နှင့်အတူ ကူမင်း Comprehensive Bonded Zone လေဆိပ်ဧရိယာသို့ ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံမှထုတ်လုပ်သော နေ့စဥ်သုံးပစ္စည်း၊ အဝတ်အထည်၊ ဖိနပ်၊ အိတ်စသည်တို့ကို အကောက်ခွန်မှ စစ်ဆေးပြီးနောက် “နိုင်ငံဖြတ်ကျော်အီးကော်မာ့စ်+ တရုတ်-လာအိုမီးရထားလမ်း”နည်းလမ်းဖြင့် ထိုင်းနိုင်ငံသို့ ခရီးစတင်ခဲ့သည်ကို ဒေါက်တာ Pan က တွေ့မြင်ခဲ့သည်။ တရုတ်-လာအိုရထားလမ်း၏ဖွင့်လှစ်ခြင်းကြောင့် ကုန်စည်သယ်ပို့ရေး လမ်းကြောင်းအသစ်ကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ လမ်းတစ်လျှောက်နိုင်ငံနှင့်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံအသုံးပြုသူများ၏ လက်ဝယ်သို့ အမြန်ဆုံး ရောက်ရှိနိုင်ကြောင်း၊ အလွန်အဆင်ပြေစေကြောင်း ဒေါက်တာ Pan က အထူးခံစား ပြောဆိုခဲ့ပါသည်။
(သတင်းရင်းမြစ် - ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန် - Yunnan gateway)