တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ - လာအို“မီးရထားလမ်းနိုင်ငံခြားကျောင်းသား”၏ ပညာသင်ယူလိုသောစိတ်ကြောင့် ဒေါက်တာ Pan စိတ်ကျေနပ်မိ

2022-06-06 19:03:49
အရင်းအမြစ်:云南日报

မေလ(၂၄)ရက်နေ့တွင် ထိုင်းနိုင်ငံမှ ဒေါက်တာ Pan သည် ကူမင်းမီးရထားလမ်းလုပ်ငန်း အသက်မွေးဝမ်းကျောင်းနည်းပညာကောလိပ်သို့ သွားရောက်လေ့လာခဲ့သည်။ ဤနေရာတွင် လာအိုမှ ရောက်လာသော ကျောင်းသားများရှိသည်။ သူတို့သည် စာကိုအထူးကြိုးစားလေ့လာသောကြောင့် ဒေါက်တာ Pan က စိတ်ကျေနပ်မိပါသည်။

မီးရထားလမ်းသည် လာအိုလူမျိုးများအတွက် ပညာရပ်အသစ်တစ်ခု ဖြစ်ပေသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် လာအို-တရုတ်မီးရထားလမ်း စတင်ပြေးဆွဲခဲ့သည်။ ထိုအချိန်မှစပြီး လာအိုနိုင်ငံတွင် ပထမဆုံးသော ခေတ်မီမီးရထားလမ်းကို ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ လာအိုနိုင်ငံ၏ ကိုယ်ပိုင်မီးရထားလမ်း နည်းပညာထူးချွန်သူများကို မွေးထုတ်ပေးနိုင်ရန် ကူမင်းမီးရထားလမ်းလုပ်ငန်း နည်းပညာကောလိပ်သည် လာအိုကျောင်းသား(၃၂)ဦးကို ပညာသင်ကြားပေးနေလျက်ရှိသည်။ သူတို့သည် လာအိုနိုင်ငံရှိ အထက်တန်းကျောင်းများစွာမှ ဆရာများနှင့် ဘွဲ့ရကျောင်းသားများ ဖြစ်ကြသည်။ နောက်ထပ်(၂)နှစ်တွင် သူတို့သည် မိမိနိုင်ငံသို့ပြန်ပြီး လာအိုမီးရထားလမ်းဆိုင်ရာ နည်းပညာဆရာများ ဖြစ်လာပေတော့မည်။

ယနေ့တွင် ကူမင်းမီးရထားလမ်းလုပ်ငန်းနည်းပညာကောလိပ်တွင် လက်ရှိကျောင်းသား၊ အနာဂတ်ဆရာ ဖြစ်ကြမည့်သူများသည် လာအိုမီးရထားလမ်းဖွံ့ဖြိုးတိုးတက်ရေးအိပ်မက်ကို ဖော်ဆောင်နေကြပါသည်။ တရုတ်မှကျောင်းဆရာများ၊ ထိုင်းမှမိတ်ဆွေများသည်လည်း သူတို့အတွက် အားပေးထောက်ပံ့မှုများ လုပ်ဆောင်ပေးနေကြပါသည်။
(အရင်းအမြစ်၊ ယူနန်နေ့စဥ်သတင်းစာ၊ ဘာသာပြန်၊ Yunnan gateway)

 

တရုတ်-လာအိုချစ်ခြင်းမေတ္တာနှင့်သာယာသောလမ်းမ - လာအို“မီးရထားလမ်းနိုင်ငံခြားကျောင်းသား”၏ ပညာသင်ယူလိုသောစိတ်ကြောင့် ဒေါက်တာ Pan စိတ်ကျေနပ်မိ