ပူပြင်းသည့် နွေရာသီတွင် ယွီရှီးမြို့ကို ရေခဲမုန့်သွားရောက်သုံးဆောင်ကြပါစို့

2022-06-07 18:36:18
အရင်းအမြစ်:云南日报

ပူပြင်းသည့် နွေရာသီတွင် ရေခဲမုန့်တစ်ပွဲကို သုံးဆောင်ရလျှင် နေသာထိုင်သာအရှိဆုံး ကိစ္စတစ်ခုဖြစ်မည်ဟု ယူဆပါသည်။ ယခုရက်ပိုင်းတွင် ကျွန်တော်တို့သည် ရေခဲမုန့်သုတေသနလုပ်ဆောင်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းကို ဆောင်ရွက်နေသော ယူနန်ပြည်နယ် ယွီရှီး Huazhuang စားသောက်ကုန် ကုမ္ပဏီလီမိတက်သို့ သွားရောက်လေ့လာခဲ့ပါသည်။ အမျိုးအစား ၁၀၀ ကျော်သော ရေခဲမုန့်နှင့် ရေခဲချောင်းများသည် ကျွန်တော်တို့၏ မျက်စိမြင်ကွင်းအခမ်းအနားကြီးတစ်ခု တင်ဆက်ပြသနေသကဲ့သို့ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က Huazhuang သည် အအေးဆိုင်သေးသေး တစ်ခုသာဖြစ်သော်လည်း ယခုအချိန်တွင်မူ သူတို့သည် ရေခဲမုန့်နှင့်ရေခဲချောင်းများကို ယူနန်ပြည်နယ်ဖြစ်စေ၊ တရုတ်အနောက်တောင်ပိုင်းရှိ အခြားသောပြည်နယ်နှင့်မြို့ပြများသို့ဖြစ်စေ၊ ဗီယက်နမ်၊ လာအို၊ မြန်မာစသည့် အရှေ့တောင်အာရှသို့ ဖြစ်စေ ရောင်းချနေသော ကုမ္ပဏီတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာသည်။ ယခုအချိန်တွင် တရုတ်-လာလိုမီးရထားလမ်း၏ ဖွင့်လှစ်ပြေးဆွဲခြင်းသည် သူတို့က အရှေ့တောင်အာရှတောင်အာရှစျေးကွက်သို့ တစ်ဆင့်တိုး ဝင်ရောက်ပါဝင်နိုင်ရန် ယုံကြည်ချက်နှင့် မျှော်လင့်ချက် ပိုမိုပြည့်စုံလာပါသည်။


(သတင်းရင်းမြစ် - ယူနန်နေ့စဥ်သတင်းစာ ၊ ဘာသာပြန် - Yunnan gateway)
 

ပူပြင်းသည့် နွေရာသီတွင် ယွီရှီးမြို့ကို ရေခဲမုန့်သွားရောက်သုံးဆောင်ကြပါစို့