တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းသည် နှစ်ဝက်ရှိပြီဖြစ်ပြီး ခရီးသည်နှင့် ကုန်တင်ခြင်းများ တိုးမြင့်လာလျက်ရှိ

2022-06-07 18:39:20
အရင်းအမြစ်:新华网

ဇွန်လ ၃ ရက်နေ့တွင် တရုတ်-လာအိုမီးရထားလမ်းဖွင့်လှစ်ပြေးဆွဲခြင်း နှစ်ဝက်ပြည့်ပြီဖြစ်ပြီး ခရီးသည်ဦးရေဖြစ်စေ ကုန်စည်ပို့ဆောင်ခြင်းပမာဏဖြစ်စေ တိုးမြင့်လာလျက်ရှိပါသည်။ ဇွန်လ ၂ ရက်နေ့အထိ တရုတ်-လာအိုမီးရထားလမ်းတွင် စုစုပေါင်း ခရီးသည် ၃.၂၇ သန်း ရှိခဲ့ပြီး ၎င်းအနက် တရုတ်လမ်းပိုင်းတွင် ၂.၈၆ သန်း၊ လာအိုလမ်းပိုင်းတွင် ၀.၄၁ သန်း အသီးသီး ပို့ဆောင်ပေးခဲ့သည်။ တစ်ချိန်တည်းတွင် ကုန်စည်အလေးချိန်ပမာဏ တန် ၄.၀၃ သန်း သယ်ယူပို့ဆောင်ခဲ့ပြီး ၎င်းအနက် တန်ချိန် ၀.၆၄၇ သန်းသည် နိုင်ငံဖြတ်ကျော်ကုန်စည်များဖြစ်ကြောင်း သတင်းအရ သိရပါသည်။


(သတင်းရင်းမြစ် - xinhua ၊ ဘာသာပြန် - Yunnan gateway)
 

တရုတ်-လာအို မီးရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းသည် နှစ်ဝက်ရှိပြီဖြစ်ပြီး ခရီးသည်နှင့် ကုန်တင်ခြင်းများ တိုးမြင့်လာလျက်ရှိ