အကောက်ခွန် စိစစ်မှုအပေါ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ အလေးအနက်ကတိပြု

2022-06-08 17:34:25
အရင်းအမြစ်:新华网

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းရှိ BRICS ဖွံ့ဖြိုးတိုးတက်ရေးအသစ်ဘဏ် ရုံးချုပ်အဆောက်အဦ၏ အပေါ်စီးမြင်ကွင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများမှ အကောက်ခွန် အာဏာပိုင်များသည် ဇွန် ၇ ရက်က ပြုလုပ်သော အွန်လိုင်းအစည်းအဝေးတစ်ခုတွင် အကောက်ခွန်ပစ္စည်းများ စိစစ်မှု ပူးပေါင်းဆောင်ရွက်ရေးနက်ရှိုင်းစေရန် အလေးအနက်ကတိပြုခဲ့ကြကြောင်း သိရသည်။ BRICS အဖွဲ့ဝင်နိုင်ငံများအကြား အကောက်ခွန်ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၃ ခုနှစ်က ပူးပေါင်းဆောင်ရွက်မှု ယန္တရားစတင် တည်ထောင်ချိန်မှစ၍ နှစ်ဖက်ကုန်သွယ်ရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းကို ထိန်းသိမ်းကာ အောင်မြင်မှုအသီးအပွင့်ရလဒ်များ ရရှိ ပိုင်ဆိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေစီမံခန့်ခွဲမှုဌာန ဒုတိယအကြီးအကဲ Sun Yuning က အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ BRICS နိုင်ငံများနှင့်အတူ နှစ်ဖက်ကုန်သွယ်ရေးတန်ဖိုးသည် ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၉၀ ဒသမ ၄၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ၊ နှစ်အလိုက်တိုးတက်မှု ၃၉ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း ၊ ယင်းကာလပိုင်းခြားအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ အားလုံ စုစုပေါင်းထက် ပိုမိုများပြားကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။

သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအနေဖြင့် အကောက်ခွန်အခြေခံအဆောက်အဦ၏ စိစစ်မှု ၊ စောင့်ကြည့်အကဲဖြတ်မှုနည်းလမ်းများ နှင့် အုပ်ချုပ်ရေးစီမံခန့်ခွဲမှု အဆင့်အတန်း မြင့်မားတိုးတက်ရန် ဖြည်းဖြည်းမှန်မှန်ဆောင်ရွက်သွားသင့်ကြောင်း နှင့် နယ်စပ်ဖြတ်ကျော်စီမံခန့်ခွဲရေးဌာနများအကြား နယ်စပ်ဖြတ်ကျော်ညှိနှိုင်းဆောင်ရွက်မှု အုပ်ချုပ်ရေးအစီအမံကို ဖွဲ့စည်းသွားရမည်ဖြစ်ကြောင်း Sun က ဆိုသည်။

လက်တလောကြုံတွေ့နေရသည့် အန္တရာယ်များ နှင့် စိန်ခေါ်မှုများကို ကျော်လွှားအောင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးကွင်းဆက် ထိန်းသိမ်းစောင့်ရှောက်ရန် နှင့် BRICS နိုင်ငံများအကြားစီးပွားရေးလျင်မြန်စွာဖြစ်ပေါ်တိုးတက်ရေး နှင့် ကုန်သွယ်မှု ပြန်လည်နလံထူရေး မြှင့်တင်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ၏ အကောက်ခွန်အာဏာပိုင်များ အနေဖြင့် အတူတကလက်တွဲကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တက်ရောက်လာသူများက အခိုင်အမာကတိကဝတ်ပြုခဲ့ကြကြောင်း သိရသည်။(Xinhua)

အကောက်ခွန် စိစစ်မှုအပေါ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် BRICS အဖွဲ့ဝင်နိုင်ငံများ အလေးအနက်ကတိပြု