တရုတ်-လာအိုမီးရထားလမ်း နင်အော်ဘူတာရုံတွင် ခရီးသည်နှင့်ကုန်တင်ပမာဏ တည်ငြိမ်စွာ တိုးမြှင့်လျက်ရှိ

2022-06-09 18:06:35
အရင်းအမြစ်:宁洱县融媒体中心

တရုတ်-လာအိုမီးရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ နင်အော်ဘူတာရုံရှိ ခရီးသည်များ၊ ကုန်စည် ပို့ဆောင်ရေးပမာဏသည် တည်ငြိမ်စွာတိုးမြှင့်လျက်ရှိပါသည်။ မေလကုန်အထိ ကုန်စည်စုစုပေါင်း တန်ချိန်(၂.၁၅)သိန်း ပို့ဆောင်ခဲ့ပြီး အဓိကအားဖြင့် ဘုတ်ပြား၊ စာရွက်စက္ကူ၊ သကြား၊ သတ္တုကျောက် တို့ သယ်ယူပို့ဆောင်မှုသည် ကုန်စည်စုစုပေါင်းတန်ချိန်(၁.၉၅)သိန်းတန် ရောက်ရှိလာသည်။ ထို့ပြင် ကျောက်မီးသွေး၊ ဆန်၊ စားနပ်ရိက္ခာတို့ အဓိက သယ်ယူပို့ဆောင်မှုသည် တန်ချိန်(၄.၁)သိန်း ရောက်ရှိခဲ့သည်။ သယ်ယူပို့ဆောင်သည့်ကုန်စည်ပမာဏသည် တိုးမြှင့်နေပြီး ကုန်ပစ္စည်းအမျိုးအစား ပိုမိုများပြားလာသည်။ ဖူးအော်၏ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအတွက်လည်း အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု များစွာကို သယ်ဆောင်ပေးလျက်ရှိပါသည်။

မီးရထားလမ်းသယ်ယူပို့ဆောင်ရေး၏ အကောင်းဆုံးအချက်သည် တိတိကျကျလုပ်ဆောင်နိုင်ပြီး လိုအပ်သော ကုန်တင်ရထားတွဲ၊ ကုန်စည်ပမာဏတို့ကို တင်ပြပြီးပါက အားသာချက်မှာ အချိန်မှန် အချိန်တိကျနိုင်ခြင်းပင်ဖြစ်ကြောင်း ဖူးအော်ကျုံးလင် သစ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ရဲကွမ်ဟွာ ကယုံကြည်ပါသည်။ ထို့ကြောင့် ယခုကုမ္ပဏီ၏ ကုန်ပစ္စည်းပမာဏ(၉၀%)အထက်ကို မီးရထားလမ်းဖြင့် သယ်ယူပို့ဆောင်နေပါသည်။

နင်အော်ဘူတာရုံမှ အကူအပြောင်းလုပ်ဆောင်သည့် ကုန်စည်များ ရောက်ရမည့်တည်နေရာသို့ အချိန်မီ၊ လုံခြုံစွာရောက်ရှိနိုင်စေရန် နင်အော်ဘူတာရုံသည် ကုန်စည်ကွင်းစီမံအုပ်ချုပ်‌ရေးကို အဆက်မပြတ် ခိုင်မာစွာလုပ်ဆောင်ခြင်း၊ အတင်အချကိရိယာများနှင့် ကုန်စည်ကွင်း၏အခြေခံအဆောက်အအုံ စွမ်းဆောင်ချက်များကို ဖြည့်စွက်ခြင်းစသည်တို့ကို လုပ်ဆောင်လျက်ရှိပါသည်။ ကုန်တင်ကုန်ချကို အရှိန်မြှင့်တင်ပြီး ကုန်စည်သယ်ယူပို့ဆောင်ရေးအတွက် “တစ်ဂိတ်တည်းပုံစံ”ဝန်ဆောင်မှုကို ထောက်ပံ့ပေးရန် ဖြစ်မြောက်စေသည်။ ကုန်တင်ရထားတွဲသယ်ပို့ရေးတာဝန်တိုင်းကို အရှိန်မြင့် အရည်အသွေးမြင့် ပြီးမြောက်လုပ်ဆောင်နေပါသည်။

သတင်းရင်းမြစ် - နင်အော်ခရိုင်မီဒီယာစင်တာ
သတင်းထောက် - စူးဟုန်လျန်၊ ရိန်ရီ
ပုံ-ကျန်းထုံ

တရုတ်-လာအိုမီးရထားလမ်း နင်အော်ဘူတာရုံတွင် ခရီးသည်နှင့်ကုန်တင်ပမာဏ တည်ငြိမ်စွာ တိုးမြှင့်လျက်ရှိ