ဤ “အနှေးရထား”ပေါ်မှာ အလတ်ဆတ်ဆုံးသော အသီးအနှံများနှင့် တောရိုင်းမှိုများ ဝယ်ယူနိုင်
ခရီးသည်များသည် အိတ်ကြီးအိတ်ငယ်ဆွဲပြီး အလျင်အမြန် လျှောက်သွားနေသည့်မြင်ကွင်းသည် မီးရထားတွဲများပေါ်တွင် အမြဲတွေ့မြင်ရသောမြင်ကွင်း ဖြစ်ပါသည်။ သို့သော် တရုတ်နိုင်ငံယူနန်ပြညနယ်ကူမင်းမြို့မှ ကွေ့ကျိုးပြည်နယ်ဖန်ကျိုးမြို့ဟုန်ကော်မြို့နယ်သို့သွားသည့် အမှတ် 5652/1 ရထားတွဲပေါ်တွင် မတူညီသော”ရှုခင်း”ကို တွေ့မြင်ရပါသည်။ ဇွန်လဆန်းတွင် ရထားတွဲရှိ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ထားရှိရာနေရာတွင် ပိုးစာသီး(Mulberry)၊ တရုတ်ဇီးသီး၊ မက်မွန်သီး၊ Apricot အသီး၊ မျှစ်၊ တောရိုင်းမှိုများကဲ့သို့သော “လတ်ဆတ်ကုန်”များဖြင့် ပြည့်နေသည်။
အရှိန်မြင့်မြန်ဆန်သော မြန်နှုန်းမြင့်မီးရထားခေတ်တွင် ယူနန်နယ်မြေရှိ ဘူတာတိုင်းရပ်နားသော “အနှေးရထား”များလည်း ရှိနေသေးသည်။ ကူမင်းမှဟုန်ကော်သို့သွားသည့် အမှတ် 5652/1 ရထားသည် ဤသို့သော “အနှေးရထား”ဖြစ်သည်။ ရထားခရီးမိုင်စုစုပေါင်း(၂၆၁)ကီလိုမီတာရှိပြီး ရထားလက်မှတ် ဈေးနှုန်းသည် (၃၆.၅)ယွမ်ဖြစ်သည်။ အနီးနားဘူတာများအကြား လက်မှတ်တန်ဖိုးမှာ(၄)ယွမ်သာ လိုအပ် သည်။ ဇွန်လတွင် အသီးအနှံများစွာ ထွက်ပေါ်လာချိန်ဖြစ်သကဲ့သို့ တောရိုင်းမှိုများ ကြီးထွားသည့် အထွဋ်အထိပ်ကာလ ဖြစ်သည်။ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ စိုက်ပျိုးရေးသမားများသည် လတ်ဆတ်သောအသီးအနှံများ၊ လတ်လတ်ဆတ်ဆတ်ခူးယူထားသောတောရိုင်းမှိုများကို သယ်ဆောင်ပြီး စျေးများ၌ ရောင်းချရန် အမှတ် 5652/1 “အနှေးရထား”ပေါ်သို့ လိုက်ပါစီးနင်းကြတော့သည်။ ရထားတွဲလေးသည် ရွှေ့လျား“စျေး”သဖွယ်ဖြစ်နေပြီး တစ်ခါတရံ ရထားဘူတာမရောက်သေးမီပင် အရောင်းအဝယ် ဖြစ်သွားကြပေသည်။
(သတင်းရင်းမြစ်၊ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)