ထိုင်ဝမ်နှင့် မည်သည့် နည်းလမ်းနှင့်မဆို တရားဝင်ဆက်ဆံရေးဖလှယ်မှုကို ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်း

2022-06-13 17:00:58
အရင်းအမြစ်:xinhua

အမေရိကန်နိုင်ငံဘက်မှ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခု ကို တိကျစွာလိုက်နာရန်နှင့် ထိုင်ဝမ်နှင့် မည်သည့်နည်းလမ်းနှင့်မဆို တရားဝင်ဆက်ဆံရေးဖလှယ်မှုပြုလုပ်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၂ ရက်တွင် တိုက်တွန်းခဲ့သည်။

မီဒီယာများ၏ ထုတ်ပြန်ချက်များအရ အမေရိကန်နိုင်ငံ ဒုတိယ ကုန်သွယ်ရေးကိုယ်စားလှယ်နှင့် ထိုင်ဝမ် ကိုယ်စားလှယ်များသည် အမည်ခံ ၂၁ ရာစု အမေရိကန်-ထိုင်ဝမ် ကုန်သွယ်ရေးအစပျိုးဖော်ဆောင်မှုကို စတင်ရန် အွန်လိုင်းဆွေးနွေးပွဲကို ဇွန် ၁ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

“တရုတ်နိုင်ငံနဲ့ သံတမန်ဆက်ဆံရေးရှိထားပြီးတဲ့နိုင်ငံတွေအနေနဲ့ ထိုင်ဝမ်နဲ့ အချုပ်အခြာအာဏာ ပါဝင်ပတ်သက်မှုများနဲ့ တရားဝင်သဘောတရားဖြင့် ဆွေးနွေးညှိနှိုင်းခြင်းနဲ့ သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း အပါအဝင် မည်သို့သောတရားဝင်ဆက်ဆံရေးဖလှယ်မှု ပုံစံမျိုးကိုမဆို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက နေ့စဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မကြာသေးမီက အမေရိကန်သည်  ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ကြိမ်ဖန်များစွာ ဆောင်ရွက်မှုများပြုလုပ်နေကြောင်း ကျောက်ကဆိုသည်။ အချုပ်အားဖြင့်ဆိုရသော် ထိုအပြုအမူအားလုံးသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုချိုးဖောက်နေခြင်းဖြစ်ပြီး “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများကို မြှောက်ပင့်ပေးရာရောက်သည့်အပြင် ထိုင်ဝမ်ရေလက်ကြားတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်သည်။

“ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာတစ်နိုင်ငံတည်းရှိပါတယ်၊ နောက်ပြီး ထိုင်ဝမ်ဟာလည်း တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ကနေ  ခွဲထွက်မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ဟာ တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုထားတဲ့ တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ပါတယ်” ဟု ကျောက်က ဆိုပြီးယင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ထားရှိသော သဘောတူညီချက်များဖြစ်ရုံသာမက တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခုအရ အမေရိကန်နိုင်ငံဘက်မှ လေးလေးနက်နက်သဘောတူညီခဲ့သည့်ကတိကဝတ်များလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်ဘက်မှ ထိုင်ဝမ်အရေး ကြိုးကိုင်မှု ကိုဆက်လက်လုပ်ဆောင်နေခြင်းသည် တရုတ်-အမေရိကန် ဆက်ဆံရေးကို အန္တရာယ်တွင်းသို့ဆွဲသွင်းခြင်း သက်သက်သာဖြစ်ကြောင်း ကျောက်ကဆိုသည်။

အမေရိကန်ဘက်မှ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခု ကို တိကျစွာလိုက်နာရန်နှင့် ထိုင်ဝမ်နှင့် မည်သည့်နည်းလမ်းနှင့်မဆို တရားဝင်ဆက်သွယ်ဆက်ဆံမှုပြုလုပ်ခြင်းကို ရပ်တန့်ရန်၊ အချုပ်အခြာအာဏာ နှင့်ပတ်သက်သည့်ကိစ္စများနှင့် သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်း အပါအဝင် မည်သို့သောတရားဝင်ဆက်ဆံရေးဖလှယ်မှု ပုံစံမျိုးကိုမဆို ရပ်တန့်ရန်နှင့် ထိုင်ဝမ်ခွဲထွက်ရေးအင်အားစုများအပေါ်  မှားယွင်းသည့်  အချက်ပြ မှုများပေးပို့ခြင်းအပေါ်ရှောင်ရှားရန် ၎င်းက ပြောကြားခဲ့သည်။

“ထိုင်ဝမ်၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီအာဏာပိုင်တွေ အနေနဲ့လည်း “ထိုင်ဝမ်ခွဲထွက်မှုအတွက် အမေရိကန်ကို ကျောထောက်နောက်ခံပြုမယ့်ကိစ္စ ရပ်တန့်ဖို့ မိမိတို့အနေနဲ့ ပြင်းပြင်းထန်ထန်သတိပေးလိုပါတယ်၊ ဒီလိုမှမဟုတ်ရင်တော့ ခပ်မြင့်မြင့်ကို ခုန်လေလေ အကျနာလေလေဆိုတာ မမေ့ဖို့သတိပေးလိုပါတယ်” ဟု ကျောက်ကဆိုသည်။ အမေရိကန်နိုင်ငံဘက်မှ တရုတ်တစ်နိုင်ငံတည်းမူဝါဒ နှင့် တရုတ်-အမေရိကန် ပူးတွဲ ကြေညာချက် ၃ ခု ကို တိကျစွာလိုက်နာရန်နှင့် ထိုင်ဝမ်နှင့် မည်သည့်နည်းလမ်းနှင့်မဆို တရားဝင်ဆက်ဆံရေးဖလှယ်မှုပြုလုပ်ခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဇွန် ၂ ရက်တွင် တိုက်တွန်းခဲ့သည်။

 

 

ထိုင်ဝမ်နှင့် မည်သည့် နည်းလမ်းနှင့်မဆို တရားဝင်ဆက်ဆံရေးဖလှယ်မှုကို ရပ်တန့်ရန် အမေရိကန်ကို တိုက်တွန်း