တရုတ်က နိုင်ငံပေါင်း ၃၀ ကျော်ကိုယ်စားအနေဖြင့် နိုင်ငံအသီးသီးအား လူ့အခွင့်အရေးနယ်ပယ်တွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ မြှင့်တင်ရန် တိုက်တွန်း

2022-06-16 18:23:52
အရင်းအမြစ်:新华网

ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် နိုင်ငံတကာအဖွဲ့ အစည်းကိုယ်စားလှယ် ချန်ရွှိအား ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အထူးအစည်းအဝေးတွင် အမှာစကားပြောကြားနေသည်ကို မေ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂဆိုင်ရာ (ဂျီနီဗာရုံး) ရှိ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်နှင့် ဆွစ်ဇာလန် အခြေစိုက် အခြားနိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ် ချန်ရွှိက ဇွန် ၁၄ ရက် တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၀) ကြိမ်မြောက်အစည်းအဝေး၌ နိုင်ငံပေါင်း ၃၀ ကျော်၏ ကိုယ်စားအနေဖြင့် ပူးတွဲ သဘောထားတင်သွင်းရာတွင် နိုင်ငံအသီးသီးအား လူ့အခွင့်အရေးနယ်ပယ်တွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို မြှင့်တင်ကာ နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်း ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတူတွန်းအားပေးလုပ်‌ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

မကြာသေးမီနှစ်များတွင် လူ့အခွင့်အရေးကောင်စီ၏ နိုင်ငံရေးအသွင်ဆောင်မှုနှင့် ထိပ်တိုက်ရင်ဆိုင်မှု များလာခြင်း၊ မှားယွင်းသော သတင်းများ ပြန့်ပွားခြင်း၊ လူ့အခွင့်အရေးကောင်စီထူထောင်ခြင်း၏ မူလရည်ရွယ်ချက်နှင့် ကျောခိုင်းနေမှုအပေါ် မိမိတို့အနေဖြင့် အလွန်စိုးရိမ်ဂရုပြုကြောင်း ချန်ရွှိက ပူးတွဲသဘောထား တင်သွင်းရာတွင် ပြောကြားခဲ့သည်။ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ လူ့အခွင့်အရေး အေဂျင်စီက ကွဲပြားခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်မှုမဟုတ်ဘဲ ပူးပေါင်းဆွေးနွေးမှု၏ ပလက်ဖောင်း ဖြစ်သင့်သည်။ နိုင်ငံအသီးသီးအနေဖြင့် လူ့အခွင့်အရေးနယ်ပယ်တွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို မြှင့်တင်ရန်၊ အများပါဝင်ပြီးတရားမျှတမှုရှိသော၊ ဘက်လိုက်ရွေးချက်မှုကင်းသော၊ နိုင်ငံရေးအသွင်ဆောင်မှုမဟုတ်သော အခြေခံမှုများဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်း ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အတူတွန်းအားပေး လုပ်‌ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

ပူးတွဲ သဘောထားတင်သွင်းရာတွင် အဆိုပြုချက် ၄ ခု ထုတ်ဖော်ပြောဆိုခဲ့သည်။ ပထမအနေဖြင့် တရားမျှတမှန်ကန်မှုကို ခိုင်မာစွာ လက်ကိုင်ရမည်ဖြစ်သည်။ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ လူ့အခွင့်အရေး ယန္တရားသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို လိုက်နာသင့်ပြီး လူသားအားလုံး၏ ဘုံတန်ဖိုးကို ထွန်းကာလာရန် လုပ်ဆောင်ရမည်။ သို့သော် လူ့အခွင့်အရေးကို နိုင်ငံရေးအသွင်၊ အသုံးချကိရိယာအသွင်ပြောင်းပြီး စံနှုန်းနှစ်မျိုးထားရှိကာ လူအခွင့်အရေးအကြောင်းပြလျက် အခြားနိုင်ငံပြည်တွင်းရေး စွက်ဖက်ခြင်းက ပို၍ပင် မလုပ်ဆောင်အပ်သည့်အရာ ဖြစ်သည်။ ဒုတိယအနေဖြင့် ပွင့်လင်းမှုနှင့် အများပါဝင်နိုင်မှုကို ခိုင်မာစွာ လက်ကိုင်ရမည်ဖြစ်သည်။ ဘက်ပေါင်းစုံမှ စည်းလုံးညီညွတ်မှု၊ တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုတို့အပေါ် အခြေခံ၍ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ထားရှိရန်၊ ကွဲလွဲမှုများ လျှော့ချပြီး သဘောတူညီချက်များ တိုးမြှင့်ရန်၊ အပြန်အလှန် သင်ခန်းစာယူရန်၊ အတူတိုးတက်ရန် လုပ်ဆောင်ရမည်ဖြစ်သည်။ တတိယအချက်မှာ တရားမျှတမှုကို ခိုင်မာစွာ လက်ကိုင်ရမည်ဖြစ်သည်။ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ လူ့အခွင့်အရေး ယန္တရားသည် မှန်ကန်၍တရားမျှတသော အချက်အလက်များအပေါ် မူတည်ပြီး နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နိုင်ငံရေး အခြေအနေအလိုက် ရွေးချယ်သည့် လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းစဉ်ကို လေးစားရမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာနိုင်ငံများ၏ ဆန္ဒလေးစားမှုအပေါ် အခြေခံ၍ နည်းပညာအကူအညီများ ပေးပို့ရမည်ဖြစ်သည်။စတုတ္ထအနေဖြင့် ဒေသဆိုင်ရာ တရားမျှတမှုကို ခိုင်မာစွာလိုက်နာရမည်ဖြစ်သည်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ အထူးယန္တရားစသည့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ လူ့အခွင့်အရေး ယန္တရားမှ အဖွဲ့ဝင်များ ဖွဲ့စည်းရာတွင် သာတူညီမျှသောပထဝီဝင်ဆိုင်ရာ အခြေခံမူကို ပေါ်လွင်ရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လူရည်ချွန်များ ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်ကာ နိုင်ငံပေါင်းစုံဘက်ပေါင်းစုံ လူ့အခွင့်အရေး ယန္တရားကို အမှန်တကယ် ကိုယ်စားပြုနိုင်သောအသွင်အဖြစ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်က နိုင်ငံပေါင်း ၃၀ ကျော်ကိုယ်စားအနေဖြင့် နိုင်ငံအသီးသီးအား လူ့အခွင့်အရေးနယ်ပယ်တွင် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒ မြှင့်တင်ရန် တိုက်တွန်း