ယူနန်စစ်မောင်နယ် “နေရောင်နှင်းဆီ”စပျစ်သီးရိတ်သိမ်းကာလရောက်ရှိပြီ

2022-06-17 18:56:51
အရင်းအမြစ်:云南网

စစ်မောင်နယ် လုံထျန်ကျေးရွာအုပ်စုသည် ယူနန်ပြည်နယ် ဖူးအော်မြို့တောင်ပိုင်းတွင် တည်ရှိသည်။ ကောင်းမွန်သော‌ သဘဝပတ်ဝန်းကျင်နှင့် သာယာသောရာသီဥတုအားသာချက်များကြောင့် ဒေသအတွင်း နေရောင်နှင်းဆီစပျစ်သီးစိုက်ပျိုးရန် အခြေအနေနှင့် ကိုက်ညီပါသည်။

ယခုအချိန်သည် နေရောင်နှင်းဆီစပျစ်စျေးကွက်သို့ ထွက်ပေါ်ချိန်ဖြစ်သည်။ စပျစ်ခြံထဲတွင် စပျစ်သီးအနံ့များ သင်းပျံ့နေသည်။ လုံထျန်ကျေးရွာအုပ်စုရှိ လင်ပေစပျစ်ခြံ၏ ယခုနှစ်အရောင်းပမာဏသည် (၁၀)တန်ခန့်ရှိကြောင်း သိရပါသည်။ အဓိကမှာ ကူမင်း၊ ရှီးချွမ်း၊ ဖူကျင့်၊ ဟူပေစသည့်နေရာများသို့ တင်ပို့ရောင်းချသည်။ စိုက်ပျိုးရေးသမား(၁၅)-(၂၀)ခန့်သည် နေ့စဉ်စခန်းသို့သွားပြီး ခူးယူထုပ်ပိုးရန် လုပ်ဆောင်လျက်ရှိသည်။ နေရာအနှံ့မှဧည့်သည်များထံသို့ ပို့ဆောင်ရန် အလုပ်သမားများသည် နေရောင်နှင်းဆီစပျစ်များကို သေတ္တာအတွင်းသို့ စနစ်တကျထုတ်ပိုး လုပ်ဆောင်လျက်ရှိကြပါသည်။


(သတင်းရင်းမြစ်၊ YUNNAN.CN ၊ ဘာသာပြန်၊ Yunnan gateway)
 

ယူနန်စစ်မောင်နယ် “နေရောင်နှင်းဆီ”စပျစ်သီးရိတ်သိမ်းကာလရောက်ရှိပြီ