ဝမ်တိန်နယ်စပ်ဂိတ် စမတ်စိစစ်ရေးစက် စမ်းသပ်မှု အောင်မြင်ပြီး စတင်အသုံးပြုနိုင်တော့မည်

2022-06-17 18:58:38
အရင်းအမြစ်:瑞丽市融媒体中心

ယခုရက်ပိုင်းတွင် ဝမ်တိန်နယ်စပ်ဂိတ်သည် စမတ်စိစစ်ရေးစက်တပ်ဆင်ကာ ပထမဦးဆုံး စမ်းသပ် အောင်မြင်ပြီး စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။

တစ်ဆင့်တိုးမြှင့်တင်ပြီးသည့် စမတ်စိစစ်ရေးစက်သည် Ergonomic စံချိန်စံနှုန်းအတိုင်း ဒီဇိုင်းပြုလုပ်ကာ အရှေ့ဘက်ခုံစစ်ဆေးရေးတပ်ဆင်မှုစက်ကိရိယာအား တစ်စုတစ်စည်းတည်း ပေါင်းစပ်ထားသည်။ စီမံခန့်ခွဲမှုနှင့် အသုံးပြုမှုဆိုင်ရာ သိပ္ပံနည်းကျသော၊ လူသားနှင့် ၎င်းစက်ကိရိယာတို့ ဘေးကင်းစွာ အပြန်အလှန် ဆက်သွယ်နိုင်သော ထူးခြားချက်များ ပိုင်ဆိုင်ပါသည်။ ယခုအကြိမ် စမတ်စိစစ်ရေးစက်တပ်ဆင်ကာ ပထမဦးဆုံး စမ်းသပ်နိုင်ရန် နယ်စပ်ဂိတ်ပေါက်စစ်ဆေးရေး အခြေခံအဆောက်အဦးတည်ဆောက်ရေးကို တစ်ဆင့်တိုး ပြည့်စုံရန်၊ ဒစ်ဂျစ်တယ်သတင်းအချက်အလက်များ အသုံးချမှုကို မြှင့်တင်ရန်၊ ခရီးသည် ပြည်ဝင်ပြည်ထွက် ရှင်းလင်းရေးစွမ်းဆောင်ရည်ကို မြှင့်တင်ပြီး နောက်တစ်ဆင့် တရုတ်-မြန်မာ နယ်စပ်စစ်ဆေးရေး လုပ်ငန်းအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ရန် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။


(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ ၊ ဘာသာပြန် - Yunnan gateway)
 

ဝမ်တိန်နယ်စပ်ဂိတ် စမတ်စိစစ်ရေးစက် စမ်းသပ်မှု အောင်မြင်ပြီး စတင်အသုံးပြုနိုင်တော့မည်