ယူနန်ထွက် ညှိုးရော်ခြောက်သွေ့ခြင်းထာဝစဥ်မရှိသော ပန်းများ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိ

2022-06-21 18:51:58
အရင်းအမြစ်:新华网

ညှိုးရော်ခြောက်သွေ့ခြင်း ထာဝစဥ်မရှိသော ပန်းသည် လတ်ဆတ်သော နှင်းဆီပန်း၊ ကာနေးရှင်း၊ ၆ လပန်းစသည်တို့အား ရေဓာတ်ခန်းခြောက်ခြင်း၊ အရောင်ချွတ်ခြင်း၊ အခြောက်ခံခြင်း၊ အရောင် တင်ခြင်းစသည့် ရှုပ်ထွေးသော လုပ်ငန်းစဉ်များစွာဖြင့် အချောကိုင်ထုတ်လုပ်ထားခြင်းဖြစ်သည်။ ၎င်းမှာ ယူနန်ပြည်နယ်လတ်ဆတ်သောပန်းလုပ်ငန်း၏ အစိတ်အပိုင်းသစ်တစ်ခု ဖြစ်လာသည်။

လတ်ဆတ်သောပန်း ခူးယူခြင်းမှ ညှိုးရော်ခြောက်သွေ့ခြင်း ထာဝစဥ်မရှိသောပန်းများ ထွက်ရှိလာ သည်အထိ အချိန် ၁ လကျော်ကြာ လိုအပ်ပါသည်။ လုပ်ငန်းစဥ်များအနက် အချိန်အကြာရှည်ဆုံးသည် အရောင်ချွတ်ခြင်းဖြစ်သည်။ အရောင်ချွတ်ထားသော ပန်းများသည် ထောက်ပသော၊ ခေတ်စားသော သို့မဟုတ် တမူထူးခြားသော အရောင်တင်ပြီးနောက် အမျိုးမျိုးလှပသော အနုပညာလက်ရာအဖြစ် အချောကိုင်ထုတ်လုပ်ခဲ့သည်။

ပန်းခြောက်၏ ပန်းပွင့်ချပ်များသည် မာသည်။ သို့ရာတွင် ညှိုးရော်ခြောက်သွေ့ခြင်း ထာဝစဥ်မရှိသော ပန်းကမူ ပန်းဝတ်မှုန်ဓာတ်မတည့်ဖြစ်ခြင်းကို ရှောင်ရှားနိုင်သည်။ သို့သော် ညှိုးရော်ခြောက်သွေ့ခြင်း ထာဝစဥ်မရှိသော ပန်းကို ပြုလုပ်သည့်တန်ဖိုးနှင့်အဓိပ္ပာယ်သည် အဆိုပါဖော်ပြထားသည်မျှသာ မဟုတ်ပေ။ “ကျွန်တော်တို့ကုမ္ပဏီကထုပ်လုပ်တဲ့ ညှိုးရော်ခြောက်သွေ့ခြင်းထာဝစဥ်မရှိတဲ့ပန်းတွေက ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟော်လန်၊ ကနေဒါ၊ စင်ကာပူစတဲ့နိုင်ငံတွေကို တင်ပို့ရောင်းချနေတယ်။ လက်ဆောင်အပြင်၊ ထိမ်းမြားမင်္ဂလာနဲ့ အစည်းအဝေးပွဲ ကျင်းပရာမှာလည်း အလှဆင်ဖို့ အသုံးပြုကြပါတယ်” ဟု ယူနန် Gudian Hua Buluo ကုန်သွယ်ရေးကုမ္ပဏီလီမိတက်၏ တာဝန်ခံ Li Jianhua က ပြောသည်။

သတင်းအရ အခန်းတွင်း အလှဆင်ရန် အသုံးပြုသည့် ညှိုးရော်ခြောက်သွေ့ခြင်း ထာဝစဥ်မရှိသော ပန်းများသည် ၅ နှစ်မှ ၆ နှစ်ဝန်းကျင်ထိ ထိန်းသိမ်းနိုင်ကြောင်း သိရသည်။


(သတင်းရင်းမြစ်၊ Xinhua၊ ဘာသာပြန်၊ Yunnan gateway)
 

ယူနန်ထွက် ညှိုးရော်ခြောက်သွေ့ခြင်းထာဝစဥ်မရှိသော ပန်းများ ကမ္ဘာ့နိုင်ငံအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိ