တရုတ်နိုင်ငံက အဆိုပြုထားသော BRI အောက်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာရေးအတွက် ကျွမ်းကျင်ပညာရှင်များ တိုက်တွန်း

2022-06-23 18:02:49
အရင်းအမြစ်:新华网

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၊ လာဟိုးမြို့အပြင်ဘက်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ လာဟိုးကွန်ဗာတာစခန်းအား မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အောက်တွင် ရာသီဥတုပြောင်းလဲခြင်း၊ ကပ်ရောဂါနှင့် စားနပ်ရိက္ခာဖူလုံမှုမရှိခြင်း အပါအဝင် မြောက်များစွာသော စိန်ခေါ်မှုများကို တိုက်ဖျက်ရန် ပူးပေါင်းဆောင်ရွက်မှုနှင့် ကွန်ရက်ချိတ်ဆက်ခြင်းများ ပိုမိုကျယ်ပြန့်လာရေးအတွက် နိုင်ငံစုံမှ ကျွမ်းကျင်ပညာရှင်များက တိုက်တွန်းပြောကြားခဲ့သည်။“ကပ်ရောဂါအလွန် ကမ္ဘာကြီးအစီအစဉ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်တွင် အင်အားကြီး ယှဉ်ပြိုင်မှု” ဟူသော ခေါင်းစဉ်ဖြင့် နိုင်ငံတကာ webinar တစ်ခုတွင် ကျွမ်းကျင်ပညာရှင်များက ထိပ်တိုက်တွေ့ဆုံခြင်း သို့မဟုတ် စစ်အေးခေတ် သဘောထားအသစ်ကို ပယ်ချခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခြင်းက ထိပ်တိုက်တွေ့ဆုံခြင်းထက် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အောင်မြင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်ရှိကာလလိုအပ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်၊ လာဟိုးမြို့အပြင်ဘက်တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ လာဟိုးကွန်ဗာတာစခန်းတွင် နည်းပညာရှင်များ အလုပ်လုပ်ကိုင်နေသည်ကို မေ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံက ပါကစ္စတန်အပါအဝင် နိုင်ငံပေါင်း ၁၄၉ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၁ ခုက ပါဝင်ချိတ်ဆက်ထားပြီးဖြစ်သော BRI မှတစ်ဆင့် စီးပွားရေးမောင်းနှင်အားရှုမြင်ချက်တစ်ခုကို တွေ့ရှိခဲ့ကြောင်း ပါကစ္စတန်နိုင်ငံ အထက်လွှတ်တော်၊ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Mushahid Hussain Syed က ပြောကြားခဲ့သည်။

BRI ၏ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) သည် ၂၁ ရာစုတွင် အရေးပါဆုံး သံတမန်နည်းလမ်းကျနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆိုပြုချက်တစ်ခု ဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံ၏ လူမှု-စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် CPEC ကို မြှင့်တင်ရန် လိုအပ်ကြောင်း အလေးထားလျက် အထက်လွှတ်တော်အမတ်က ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ကာရော့ရေအားလျှပ်စစ်စီမံကိန်း၏ ဆည်နှင့် ရေလွှဲလမ်းကြောင်းအား မေ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ပါကစ္စတန်နိုင်ငံဟာ ကြီးမားတဲ့ အသွင်ကူးပြောင်းမှုတွေနဲ့ အကူးအပြောင်းတွေ ဖြစ်ပေါ်နေတဲ့ မဟာဗျူဟာမြောက် တည်နေရာဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ ပထဝီနိုင်ငံရေးကနေ ပထဝီ-စီးပွားရေးအဖြစ် ကူးပြောင်းခြင်းဖြင့် CPEC မှတစ်ဆင့် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု အချက်အချာဖြစ်လာဖို့ ကြိုးစားနေပါတယ်” ဟု Syed က ဆိုသည်။

တရုတ်နိုင်ငံသည် ငြိမ်းစွာဖွံ့ဖြိုးတိုးတက်မှုနှင့် နှစ်နိုင်ငံ အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှု လမ်းကြောင်းကို ကတိပြုထားဆဲဖြစ်ကြောင်း၊ အာရှနိုင်ငံများအားလုံးအနေဖြင့် မည်ကဲ့သို့သော ပဋိပက္ခ၊ ထိပ်တိုက်တွေ့ဆုံခြင်းနှင့် စစ်အေးခေတ်မျိုးနှင့်မဆို ဝေးဝေးနေမည်ဟုမျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

BRI သည် ကပ်ရောဂါအလွန်ကာလတွင် ကမ္ဘာ့တောင်ခြမ်းစီးပွားရေးအလားအလာကို ကုတ်အားရရှိစေရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ ယင်းအဆိုပြုချက်တွင် မဟာဗျူဟာမြောက်အရာများထက် စီးပွားရေးအကွက်အကွင်းများ ရှိကြောင်း၊ ကြွယ်ဝပြည့်စုံသော နိုင်ငံတကာအသိုက်အဝန်းတစ်ခု တည်ဆောက်ရန် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်ကို ပြန်ပြောင်းပြောကြားလျက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဟောင်း Tehmina Janjua က ပြောခဲ့သည်။

တရုတ်နိုင်ငံအား ရှေ့မျက်နှာစာအားလုံးမှ ကန့်သတ်ရန် အမေရိကန်နိုင်ငံနှင့် ၎င်း၏ အနောက်ဘက် မဟာမိတ်များ၏ ကြိုးပမ်းအားထုတ်မှုများသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်သာမက အမေရိကန်နှင့် ၎င်း၏မိတ်ဖက်များကိုလည်းပဲ ကြီးမားသော လှိုင်းဂယက်ထန်မှုဖြစ်စေသဖြင့် “ကံမကောင်းခြင်း” ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။ “ဒီလိုဖွံ့ဖြိုးမှုက ပစ်မှတ်ထားတဲ့သူတစ်ဦးတစ်ယောက်အပေါ်ကိုသာမ လူတိုင်းအပေါ်မှာ သက်ရောက်မှုတွေရှိတယ်”

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးရာ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၊ မီဒီယာနှင့် သတင်းအချက်အလက် ကော်မရှင်၏ အမျိုးသားညီလာခံ ဥက္ကဋ္ဌ Suos Yara ကလည်း BRI သည် အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်းများနှင့် စိန်ခေါ်မှုများကြားမှ မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးများအတွက် အသက်ရှူပေါက် စသဖြင့် အလားအလာများစွာ ကမ်းလှမ်းထားသော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးအခြေခံအုတ်မြစ်များသည် နိုင်ငံငယ်များစွာအနေဖြင့် စီးပွားရေးအလားအလာများ ရရှိရန် အတားအဆီး မြောက်များစွာနှင့် ရင်ဆိုင်နေရသော ကမ္ဘာ့မျက်နှာစာတွင် မသေချာမှုများစွာကို လှုပ်ခတ်လျက်ရှိကြောင်း၊ ကမ္ဘာသစ်အစီအစဉ်သည် အားလုံးပါဝင်၍ ရေရှည်တည်တံ့ကာ ကြံ့ကြံ့ခံနိုင်ရမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံက အဆိုပြုထားသော BRI အောက်တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကျယ်ပြန့်လာရေးအတွက် ကျွမ်းကျင်ပညာရှင်များ တိုက်တွန်း