ယူနန်နင်အော်တွင် မှတ်တမ်းတင်နိုင်ခဲ့သည့် အာရှဆင်၏ “နေ့ခင်းအိပ်စက်”မှုအခိုက်အတန့်ပုံရိပ်များ

2022-06-23 18:38:33
အရင်းအမြစ်:新华网

ဇွန်လ(၁၆)ရက်နေ့တွင် ယူနန်ပြည်နယ် ဖူအော်မြို့ နင်အော်ဟာနီ၊ ရီတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်၊ မိုင်းရှမ်မြို့နယ် သစ်တောဝန်ဆောင်မှုဌာန ဒုဌာနမှူး ဝမ်စီချီသည် ဆင်(၇)ကောင် “နေ့ခင်းအိပ်စက်”နေသည့် ဓာတ်ပုံကို မှတ်တမ်းတင်ရိုက်ကူးမိခဲ့ပါသည်။ ဆင်ကလေးများသည် ဆင်ကြီးများအကြားတွင် အိပ်စက်နေသည်မှာ မြင်ရသူတိုင်း၏ စိတ်ကို နွေးထွေးသွားစေသည်။

“တောရိုင်းအာရှဆင်များက သစ်တောထဲမှာပဲ လှုပ်ရှားသွားလာလေ့ရှိတယ်။ လူသူတတွေ အနားကပ်လို့ မရပါဘူး။ ဒါ့အပြင် တောတောင်အတွင်း ကြီးကြပ်လေ့လာရေးအခြေအနေ ကွဲပြားခြားနားပါတယ်။ ဆင်များအိပ်စက်နေတာကို ဓာတ်ပုံရိုက်မိဖို့ဆိုတာ မလွယ်ကူပါဘူး” ဟု ဝမ်စီချီက ပြောသည်။ တစ်နေ့တာအချိန်အတွင်း နေရောင်ခြည် အကြွယ်ဝဆုံးသောအချိန်မျိုးတွင် တောရိုင်းဆင်များသည် အေးမြသည့်သစ်တောထဲတွင် အိပ်စက်အနားယူကြလေ့ ရှိပါသည်။ ညအချိန်တွင် တစ်ညလုံးလှုပ်ရှားသွားလာပြီး အစာရှာဖွေကြလေ့ရှိပါသည်။

ယခုနှစ်တွင် တောရိုင်းအာရှဆင်သည် မိုင်းရှမ်မြို့နယ်သို့ (၄)ကြိမ်‌ရောက်ရှိလာခဲ့ပြီဖြစ်သည်။ စုစုပေါင်း အကောင်ရေ (၂၇)ကောင်ရှိသည်။ ဒေသခံများသည် ကြီးကြပ်မှု ကြိုတင်သတိပေးမှုလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လေ့ရှိသည်။ လူများနှင့် ဆင်များ၏ လုံခြုံမှုများအတွက် တာဝန်ရှိသူများက ဆောင်ရွက်နေကြပါသည်။
(သတင်းရင်းမြစ်။ ။ Xinhua ၊ ဘာသာပြန်၊ Yunnan gateway)

 

ယူနန်နင်အော်တွင် မှတ်တမ်းတင်နိုင်ခဲ့သည့် အာရှဆင်၏ “နေ့ခင်းအိပ်စက်”မှုအခိုက်အတန့်ပုံရိပ်များ