ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ကွန်တိန်နာသင်္ဘောကို တရုတ်ရှန်ဟိုင်းတွင် လွှဲပြောင်းပေးအပ်

2022-06-24 13:21:50
အရင်းအမြစ်:人民日报

ဇွန်လ ၂၂ ရက်နေ့တွင် ကမ္ဘာပေါ်ရှိအကြီးမားဆုံးသော ကွန်တိန်နာသင်္ဘောကို တရုတ်ရှန်ဟိုင်းတွင် လွှဲပြောင်းပေးအပ်ပြီး ၎င်းသင်္ဘောတွင် တစ်ကြိမ်လျှင် ကွန်တိန်နာသေတ္တာ ၂၄၀၀၀ တင်ဆောင်နိုင်ကြောင်း သတင်းအရ သိရပါသည်။

သတင်းအရ ၎င်းသင်္ဘော၏ အရှည်၊ အကျယ်နှင့် အနက်သည် ၃၉၉.၉၉ မီတာ၊ ၆၁.၅ မီတာနှင့် ၃၃.၂ မီတာ အသီးသီးရှိပြီး ကုန်စည်အများအပြားသယ်ဆောင်နိုင်သည့်အပြင်၊ ကမ္ဘာပေါ်တွင် နောက်ဆုံးရေအားဆိုင်ရာနည်းပညာကို အသုံးပြုထားခြင်းကြောင့် ကုန်စည်အများအပြား တင်ဆောင်ထားသော်လည်း မြင့်မားသောအရှိန်ဖြင့် ပြေးဆွဲနိုင်ပြီး လောင်စာဆီကိုလည်း ချွေတာပေးနိုင်သည်။

၎င်းသင်္ဘောသည် တရုတ်ပြည် Hudong-Zhonghua Shipbuilding (Group) Co., Ltd. မှ သီးခြားဒီဇိုင်းရေးဆွဲဖန်တီးထုတ်လုပ်ထားပြီး အသိဉာဏ်မူပိုင်ခွင့် ပြည့်စုံစွာ ရှိပါသည်။ စတင်ပြေးဆွဲပြီးနောက် အရှေ့ဖျားဒေသမှ ဥရောပအကြား ကုန်တင်ပြေးဆွဲမည်ဖြစ်သည်။
(သတင်းရင်းမြစ် - people.com.cn ၊ ဘာသာပြန် - Yunnan gateway)

 

ကမ္ဘာပေါ်ရှိ အကြီးမားဆုံးသော ကွန်တိန်နာသင်္ဘောကို တရုတ်ရှန်ဟိုင်းတွင် လွှဲပြောင်းပေးအပ်