COP 15 ဒုတိယအဆင့် အစည်းအဝေးအား ကနေဒါနိုင်ငံ Montreal မြို့တွင် ကျင်းပမည်

2022-06-24 13:24:40
အရင်းအမြစ်:生态环境部

ကုလသမဂ္ဂ “ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ ပဋိညာဥ်စာချုပ်” ၁၅ ကြိမ်မြောက် စာချုပ်ချုပ်ဆိုသောနိုင်ငံများ အစည်းအဝေး” (COP15) ဒုတိယအဆင့် အစည်းအဝေးအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကနေဒါနိုင်ငံ Montreal မြို့တွင် ကျင်းပမည်ဟု COP15 ဥက္ကဋ္ဌအဖွဲ့မှ ဆုံးဖြတ်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် COP15 ၏ ဥက္ကဋ္ဌနိုင်ငံအဖြစ် အစည်းအဝေးဆိုင်ရာလုပ်ငန်းများကို ဆက်လက် ဦးဆောင်မည်ဖြစ်ကြောင်း၊ COP15 ၏ အဓိကခေါင်းစဥ်နှင့် အစည်းအဝေးဆိုင်ရာ အဓိကအကြောင်းအရာများသည် အပြောင်းအလဲမရှိကြောင်း သတင်းအရ သိရပါသည်။

COP 15 ပထမအဆင့်အစည်းအဝေးကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့သည်။


(သတင်းရင်းမြစ်- သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ကောက်နုတ်တင်ပြခြင်း ၊ ဘာသာပြန်- Yunnan gateway)
 

COP 15 ဒုတိယအဆင့် အစည်းအဝေးအား ကနေဒါနိုင်ငံ Montreal မြို့တွင် ကျင်းပမည်