သမိုင်းနှစ်ပေါင်းထောင်ချီသက်တမ်းရှိ ပိုင်လူမျိုးရွာလေး တင့်နော့်တွင် အိမ်တိုင်း ဝက်ပေါင်ခြောက်ဆားသိပ် ပြုလုပ်
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာ့လီပိုင်းတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ယွီလုံခရိုင်၏ တောနက်တစ်ခုတွင် သမိုင်းနှစ်ပေါင်းထောင်ချီသက်တမ်းရှိ ရွာလေးတစ်ရွာရှိသည်။ ၎င်းရွာလေးကို တင့်နော့် ဟု အမည်ပေးထားပါသည်။ တင့်နော့်ရွာလေးတွင် ရှေးခေတ်အဆောက်အအုံများစွာ တည်ရှိနေသေးပြီး ရွာသူရွာသားများသည် ဝက်ပေါင်ခြောက်ဆားသိပ် ပြုလုပ်လေ့ရှိသည်။ ၂၀၁၃ ခုနှစ်မှစတင်ပြီး “ခေတ်သစ်လယ်သမား”ဖြစ်သူ ရှူခွန်းပင်းသည် “တင့်နော့်ဝက်ပေါင်ခြောက်”အမှတ်တံဆိပ်ကို ဖန်တီးခဲ့သည်။ ယွီလုံခရိုင် တင့်နော့်ဝက်ပေါင်ခြောက်စက်ရုံတွင် သောင်းနှင့်ချီသော ဝက်ပေါင်ခြောက်များအား စင်ပေါ်တင်ထားပြီး ကစော်ဖောက်နေသည်။ ဝက်ပေါင်ခြောက်စက်ရုံ၏ တာဝန်ခံ ယမ်ဝူဆုန်းသည် ငယ်စဥ်ကတည်းက ဝက်ပေါင်ခြောက်ဆားသိပ်ခြင်းကို မြင်တွေ့သိရှိသောကြောင့် သမားရိုးကျ ဝက်ပေါင်ခြောက်ဆားသိပ်နည်းကို ကျွမ်းကျင်သည့်အပြင် သူသည် ခေတ်သစ်နည်းပညာဖြင့် ရိုးရာနည်းပညာကို ပိုမိုကောင်းမွန်အောင် ပြုပြင်ပြီး အသိဉာဏ်မူပိုင်ခွင့် များစွာ ဖန်တီးခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း ယမ်ဝူဆုန်းနှင့်သူ့အဖွဲ့သည် ဝက်ပေါင်ခြောက် စုစုပေါင်း ၃ သိန်းကျော်ကို ဆားသိပ်ပြုလုပ်ခဲ့ပါသည်။
(သတင်းရင်းမြစ်- Xinhua ၊ ဘာသာပြန်- Yunnan gateway)