တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းက ဇန်နဝါရီလမှ မေလအတွင်း အလျင်အမြန် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာ

2022-06-27 18:42:37
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ အခြေစိုက် တရုတ်နိုင်ငံ၏ ထိပ်တန်းကားထုတ်လုပ်သူ FAW Group ကုမ္ပဏီ၏ စက်တပ်ဆင်ရေးလမ်းကြောင်း၌ အလုပ်လုပ်ကိုင်နေကြသူများအား ဧပြီ ၂၂ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍရှိ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမငါးလတာအတွင်း နှစ်ဆတိုးပွားလာကြောင်း တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်းထံမှ သိရသည်။

ဇန်နဝါရီလမှ မေလအထိ တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှု နှစ်အလိုက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရကာ ပထမလေးလကထက် အဆင့် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှအချက်အလက်များအား ကိုးကား၍ အသင်းက ပြောကြားခဲ့သည်။

ဇန်နဝါရီလမှ မေလအတွင်း မော်တော်ကားရင်းနှီးမြှုပ်နှံမှုတိုးပွားမှုမှာ ကာလတူအတွင်း နိုင်ငံ၏ စုစုပေါင်း မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းထက် အဆင့် ၅ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှု နှင့် ရောင်းချရမှုများမှာ မေလတွင် သိသိသာသာ ပြန်ကောင်းလာသည်ကို တွေ့မြင်ရပြီး မော်တော်ကားနှင့်ဆက်စပ်သည့် လက်လီရောင်းချရမှုသည် ယွမ် ၃၁၈ ဒသမ ၆ ဘီလီယံ(အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၅၅ ဘီလီယံခန့်)အထိ ရှိခဲ့ပြီး ဧပြီလကထက် ၂၄ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အသင်း၏ အချက်အလက်များတွင် ဖော်ပြထားသည်။

မော်တော်ကားနှင့်ဆက်စပ်ရောင်းချရမှုသည် ပြီးခဲ့သည့်လတွင် နိုင်ငံ၏ စုစုပေါင်း လူသုံးကုန်လက်လီရောင်းချရမှု၏ ၉ ဒသမ ၅ ရာခိုင်နှုန်း ရှိပြီး ဧပြီလကထက် အဆင့် ၀ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အသင်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းက ဇန်နဝါရီလမှ မေလအတွင်း အလျင်အမြန် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာ