တရုတ်နိုင်ငံ၏ အဖျော်ယမကာရောင်းချမှု ပထမငါးလတာအတွင်း မြင့်တက်

2022-06-27 18:48:33
အရင်းအမြစ်:新华网

တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် Handan မြို့ရှိ ဈေးဝယ်စင်တာတစ်ခု၌ ဈေးဝယ်နေသူတစ်ဦးအား ၂၀၂၁ ခုနှစ် ဇွန် ၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

 

တရုတ်နိုင်ငံ၏ အဖျော်ယမကာရောင်းချမှုသည် ယခုနှစ်ပထမငါးလတာအတွင်း နှစ်အလိုက် ၁၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။အဖျော်ယမကာထုတ်ကုန်များတွင် လက်လီရောင်းချရမှုများမှာ ငါးလတာအတွင်း ယွမ် ၉၃ ဒသမ ၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့်)အထိ ရှိခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရသည်။

နှစ်စဉ်ဝင်ငွေ အနည်းဆုံး ယွမ်သန်း ၂၀ ရှိသည့် တရုတ်နိုင်ငံ၏ အဓိက အဖျော်ယမကာထုတ်လုပ်သူများ၏ ထုတ်လုပ်ပေးသည့်ပမာဏသည် ပထမငါးလတာအတွင်း တန်ချိန် ၇၃ ဒသမ ၁၁ သန်းအထိ လွန်ခဲ့သောတစ်နှစ်ကထက် ၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရသည်။

မေလတစ်လတည်းတွင် အဖျော်ယမကာထုတ်လုပ်သည့်လုပ်ငန်းများသည် အဖျော်ယမကာ တန်ချိန် ၁၅ ဒသမ ၄၄ သန်းခန့် ထုတ်လုပ်ခဲ့ပြီး နှစ်အလိုက် ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။ (Xinhua)

တရုတ်နိုင်ငံ၏ အဖျော်ယမကာရောင်းချမှု ပထမငါးလတာအတွင်း မြင့်တက်