“လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာ နယ်စပ်ဒေသပြည်သူပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ” ကျင်းပမည်

2022-06-28 11:27:46
အရင်းအမြစ်:云南日报

“မြစ်ညာအစ၊ ဤဒေသတွင်၊ ကျွန်လျှင်နေ၍၊ အကြေမြစ်သာ၊ ထိုနေရာတွင်၊ သင်ကနေ၏။ မြစ်တွေစီးဆင်း၊ တစ်မြစ်တွင်းမှ၊ ကြည်စွသည်ရေ၊ တူလေသောက်သုံး၊ ချစ်ကြင်အဆုံးမရှိပြီ……” ၁၉၅၇ ခုနှစ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ချစ်ကြည်ရေးကို ဖော်ပြထားသော “မြန်မာမိတ်ဆွေတို့ကို ပေးသည့်လက်ဆောင်များ”ဟူသော ကဗျာသည် တရုတ်-မြန်မာ နှစ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လျက်ရှိကာ နှစ်နိုင်ငံ ပြည်သူပြည်သားများကြားရှိ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး”ကို လေးနက်စွာ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ၂၀၂၂ ခုနှစ်သည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၂ နှစ်မြောက် အထိမ်းအမှတ် ဖြစ်သကဲ့သို့ ပထမဆုံးအကြိမ် တရုတ်-မြန်မာ နယ်စပ်ဒေသပြည်သူပြည်သားများ ဖျော်ဖြေပွဲကို ယခုအချိန်အထိ ကျင်းပသည့် ၆၆ နှစ်မြောက် အထိမ်းအမှတ်လည်း ဖြစ်ပါသည်။ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး”ကို အမွေဆက်ခံပြီး ဖွံ့ဖြိုးတိုးတက်စေရန်၊ ယူနန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံအုတ်မြစ်ကို ခိုင်မာစေရန်၊ နယ်စပ်ဒေသများ ဘုံဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ရန်အတွက် ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် ယူနန်ပြည်နယ် ပြည်သူ့ပြည်ပချစ်ကြည်ရေးအသင်း၊ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးက ဦးစီးကျင်းပသည့် “လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာ နယ်စပ်ဒေသ ပြည်သူပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ” စတင်တော့မည် ဖြစ်ပါသည်။

ဤတစ်ကြိမ် “အွန်လိုင်းဖျော်ဖြေပွဲ”လှုပ်ရှားမှု၏ ဆောင်ပုဒ်မှာ “တစ်ရေတည်းသောက်၊ ပေါက်ဖော်မေတ္တာမြင့်မြတ်လေးနက်၏” ဖြစ်ပြီး “အွန်လိုင်းနှင့် အော့ဖ်လိုင်း” အတူကျင်းပမည် ဖြစ်ပါသည်။ အဆိုပါ လှုပ်ရှားမှုများတွင် အဓိကအားဖြင့် ဖွင့်ပွဲအခမ်းအနား၊ ပြည့်သူ့အကျိုးပြုပရောဂျက် လှူဒါန်းခြင်း အခမ်းအနား၊ ပြဇာတ်ဖျော်ဖြေပွဲနှင့် ဆုပေးပွဲများ ပါဝင်ပါသည်။ လက်ရှိတွင် ကြိုတင်ပြင်ဆင်မှုအားလုံး အဆင်ပြေချောမွေ့စွာ တိုးတက်လျက် ရှိနေပါသည်။ ပေါင်စန်းမြို့၊ စစ်ဆောင်ပန်းနား တိုင်တိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ တယ်ဟုန် တိုင်၊ ဂျိန်းဖောတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ၊ နုကျန်း လီဆူးတိုင်းရင်းသားလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲနှင့် လင်ချန်းမြို့ရှိ သက်ဆိုင်ရာ နယ်စပ်ခရိုင်များ(မြို့များ)၊ မြန်မာနိုင်ငံ မြစ်ကြီးနားမြို့၊ မူဆယ်မြို့၊ လားရှိုးမြို့၊ လောက်ကိုင်မြို့ စသည့်နယ်စပ်ဒေသများသည် “အွန်လိုင်းဖျော်ဖြေပွဲ”အတွက် တက်တက်ကြွကြွ ပြင်ဆင်နေကြပါသည်။

စာရင်းဇယားများအရ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် ညီအစ်မမြို့ပေါင်း ၆ မြို့ကို ထူထောင်ထားသည်။ ယူနန်ပြည်နယ်နှင့် ရန်ကုန်မြို့၊ ကူမင်းမြို့နှင့် မန္တလေးမြို့၊ ကူမင်းမြို့နှင့် ရန်ကုန်မြို့၊ ပေါင်စန်းမြို့နှင့် မြစ်ကြီးနားမြို့၊ ‌ရွှေလီမြို့နှင့် မူဆယ်မြို့၊ လင်ချန်းမြို့နှင့် လားရှိုးမြို့တို့ ပါဝင်ပါသည်။ နှစ်ဖက်မြို့များသည် စီးပွားရေးနှင့် ကုန်သွယ်မှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဆေးဘက်ဆိုင်ရာသန့်ရှင်းရေး၊ စိုက်ပျိုးရေးစသည့် နယ်ပယ်များတွင် လက်တွေ့ကျသော ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ကြသည်။ “အလင်းရောင် ခရီးစဉ်”၊ “ကောမိန်မူလတန်းကျောင်း”၊ “တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ပျော်ပွဲရွှင်ပွဲ” ကဲ့သို့သော ပရောဂျက်များသည် တရုတ်-မြန်မာအကြား ပြည်သူပြည်သား အပြန်အလှန် သိရှိနားလည်မှုကို ပိုမိုမြှင့်တင်ပေးခဲ့ပါသည်။ ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာ ပြည်နယ်ခွဲများ(မြို့များ)သည် မြန်မာနိုင်ငံရှိ ညီအစ်မမြို့များသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွင် အချင်းချင်း ပံ့ပိုးကူညီကြသည်။ ကပ်ရောဂါ တိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခြင်း၊ ကပ်ရောဂါ တိုက်ဖျက်ရေး အတွေ့အကြုံ ဖလှယ်ခြင်း၊ နယ်စပ်ဒေသတွင် ကပ်ရောဂါ ပူးတွဲ ကာကွယ်ထိန်းချုပ်ရေးမှတဆင့် အချင်းချင်း ကူညီပေးခြင်း ကဲ့သို့သော နည်းလမ်းများဖြင့် တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး”ကို လေးနက်စွာ တွန်းအားပေးခြင်းအတွက်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးအတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပါသည်။

(သတင်းရင်းမြစ်၊ ယူနန်နေ့စဥ်သတင်းစာ)
 

“လက်ချင်းယှက်လို့ စိတ်ချင်းသွယ်” တရုတ်-မြန်မာ နယ်စပ်ဒေသပြည်သူပြည်သားများ “အွန်လိုင်းဖျော်ဖြေပွဲ” ကျင်းပမည်